29 November 2012

Lapadaung Rider


လက်ပံတောင်း စီးသူ

စစ်ကိုင်းတိုင်း ကပ်ဆိုက်နေသည်။
ဆီတွဲမီးလောင်၊ ငလျင်လှုပ်၊ မီးလောင်တိုက်အသွင်းခံရ ။
ဘာသာ သာသနာ အစော်ကားခံရ ။

(ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံခဲ့တာကလည်း ဒီပဲယင်း(စစ်ကိုင်းတိုင်း)မှာပဲ ဆိုတာ မမေ့စေချင်ဘူး။ ၈၈ တုန်းက လူအတော်များများ သေကြေပျက်စီးခဲ့ကြရတာလည်း စစ်ကိုင်းတိုင်းမှာပါပဲ)

Nyo Gyi



(ကဲ ... နောက်ထပ် ဘယ်သူ့ပုံ နဲ့ ဖန်တီးပေးတာ လိုချင်ကြသေးလဲ???)
Just for a Jail ... အဲလေ... Just for a Joke !

:P


အစကတော့ ၄ ယောက်ပုံနဲ့ ၄ ပုံ ဖန်တီးမလို့ပဲ...။
ဒါက နံပတ် ၀မ်း ပေါ့။
တောင်းဆိုသူ အရမ်းများတဲ့သူကို ထပ်မံ ဖန်တီးပေးပါမည်။

:) 

(မှတ်ချက်။ ဆရာအော်ပီကျယ်၏ အောက်ပါ ကာတွန်းကို ကြည့်ပြီး Idea မြစ်ဖျားခံလာတာပါ။

https://www.facebook.com/photo.php?fbid=493785687332255&set=a.142225162488311.26254.121507374560090&type=1&relevant_count=1
)

28 November 2012

5 years old Nyo Gyi (ငါးနှစ်သား ညိုကြီး)

(November 26, 2012 is my blog's 5th birthday!)

ငါးနှစ်သား

နိုဝင်ဘာ ၂၆၊ ၂၀၁၂ က ကျွန်တော် Blog စတင်ရေးဖြစ်ခြင်း ငါးနှစ်ပြည့်ပါ။
http://bigbbrown.blogspot.com/

ငါးနှစ်ပြည့်မှာ တတိယအကြိမ်မြောက်အဖြစ် ကျွန်တော့် Blog ရဲ့  ခေါင်းစည်းစာတမ်းအချို့ နဲ့ ဓာတ်ပုံကို ပြောင်းပစ်မယ်လို့ စဉ်းစားထားပါတယ်။

ခဲတစ်ပစ်စာ

ညိုကြီး

17 November 2012

သို့ ... ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)

"သို့ ... ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)"

နာမည်ကို ငြိမ်းတပ်ပြီး
ငြိမ်ပြီး ကြံနေတဲ့ သူ။
မီးခိုးတွေအူနေတဲ့ မြင်ကွင်း
သူက
ဆူရင် လက်ဖက်ခြောက်ခတ်ဖို့ပဲ သိတယ်။

ကချင်အရေး
တရုတ်ကို ဖင်ပေးခဲ့တဲ့ ဒဏ်ရာ
တောင်လည်းဆုံး တောလည်းပြုန်း
သူတို့ ဘုန်းခဲ့တဲ့ ရွှေတွေ
ခင်ဗျားက သန်းခြောက်ဆယ်ထဲက လူတစ်ယောက်ထက်ပိုတဲ့
ယုတ်မာမှုက
သန်းခြောက်ထောင်ထဲက လူတစ်ယောက်။
သိန်းသန်းသောင်းနဲ့ ဖွဲ့တည်ခဲ့သော
အာဏာရှင်ရွှေအ ခေတ်ကြီး
မင်းအောင်လှိုင်စေဖို့ ရွှေတွေမန်းပေးတာလည်း
ခင်ဗျားပဲ။

အချွန်းတွေရိုက်ချိုး
မျက်မှုန်းကျိုးတော့ ထောင်ချ
ဒါ...ငါ့မူဝါဒဆိုတဲ့ ခင်ဗျား
ကောင်းလိုက်တဲ့ စိတ်နှလုံးသားကြီး
မိသားစုများစွာ ပျက်စီးကျေမွခဲ့ပြီးပြီ
အသွေးလည်း မချန်ဘူး
အသားလည်း မချန်ဘူး
ကိုယ်ကောင်းစားရေးအတွက် ရဲဘော်ရဲဘက်လည်း
ချနင်းရဲတဲ့ ခင်ဗျား
ရတနာစိန်ကျောက် ကျွန်းသစ်ရေနံ
ဘိန်းပါ မကျန်အောင်
ကိုယ်ပိုင်ပစ္စည်းလို ထုတ်ယူသုံးစွဲတော့ ခင်ဗျား
သဘာဝကပေးတဲ့ ကျိန်စာခံရတော့ ပြည်သူ
အမေလိုတန်ဖိုးထားတဲ့ ဧရာဝတီကိုတောင်
ခင်ဗျားမို့ ခေါင်းဖြတ်ရောင်းရဲတယ်
မင်းမှာသစ္စာ လူမှာကတိ
လုံးဝ နတ္တိပဲ။

ဘင်္ဂါလီ မီးဟုန်းဟုန်းတောက်အောင်
ရိုဟင်ဂျာတွေအနောက်က ဖိဝင်လာတာလည်း
မောင်ဖြူဆိုတဲ့ မဲမဲကြီးက မိန်းမရှစ်ယောက်
အိမ်ထောင်စုဇယားက ဆယ်မျက်နှာ
မြန်မာပြည်သားမှတ်ပုံတင်ကိုင်ဖို့
ဘယ်သူကဇီးထုတ်ထုပ်သလို ၀င်ခွင့်လုပ်ပေးလိုက်တာလဲ။
ဥပဒေရဲ့  ပြင်ပမှာ ဥပဒေမရှိ
ဥပဒေရဲ့  အတွင်းမှာလည်း ဥပဒေမရှိ
တရားရုံးတွေမှာ လင်းစွဲတွေရှိနေတယ်
ကြောင်ကြီးက ကြွက်ကလေးကို စောင့်ရှောက်သတဲ့ဗျာ။

ငယ်ကျိုးငယ်နာ မဖော်ရအောင်
၂၀၀၈  ဖွဲစည်းပုံကို စိတ်ကြိုက်ပြုပြင်
သေမှာကြောက်လို့ အရှင်ထွက် ထွက်သွား
ဗျောင်လူလည်ကျတဲ့ ထွက်ရပ်ပေါက်ဆင်ဇာတ်
ဝိဇ္ဇာမှတကယ့် ၀ိဇ္ဇာ။
တစ်တိုင်းပြည်လုံး ပညာမဲ့အောင်ထားတယ်
တစ်တိုင်းပြည်လုံး ချွတ်ခြုံကျအောင်ထားတယ်
တစ်တိုင်းပြည်လုံး ဆင်းရဲတွင်းနက်အောင်ထားခဲ့တယ်
တစ်တိုင်းပြည်လုံး တစ်စစီပြိုကွဲအောင်ထားခဲ့တယ်
ဒီတိုင်းပြည်ကမိသားစုတွေ အမြဲတမ်းစိုးရိမ်နေကြတယ်
ဒီတိုင်းပြည်ကလူငယ်တွေ ပညာရေး အဆင့်မမီတော့ဘူး
ဒါတွေကို စီစဉ်ပြီးမှ
န.အ.ဖ GAME ကိုတီထွင်ပြီး အမုန်းဆွဲနေတော့တာ။

အစိတ်သားတွေ လွှတ်တော်ထဲထည့်ထားလည်း
မြန်မာရုပ်ရှင်ကားတွေလို ဇာတ်သိမ်းကြိုသိနေတဲ့လူထု
ညံ့တယ်လို့တော့ မထင်နဲ့
ရူးချင်ယောင်ဆောင်ပြီး ငြိမ်နေတာ
လူအခွင့်ရေးစစ်စစ်နဲ့
ဒီမိုကရေစီစစ်စစ်ကို ဥပဒေစစ်စစ်နဲ့မျှော်မိလို့ ။

ပြည်သူချစ်မှ ကဗျည်းတင်တာမဟုတ်
အလိုလိုပေါ်လာတဲ့ မျိုးချစ်စိတ်
လူတိုင်းနှလုံးသားမှာရှိတဲ့ တော်ဝင်နှင်းဆီ
သံမဏိလိပ်ပြာက
ခင်ဗျားတို့အလိုလိုကြောက်နေတဲ့ ခြောက်အိမ်မက်လား။
သူ့ စကားက သေနတ်ပြောင်းတွေကောက်သွားတယ်
သူ့အကြည့်က ပလ္လင်လှုပ်သွားတယ်
သူ့မေတ္တာကိုထောင်ချထားလည်း
တစ်ကမ္ဘာလုံး စီးဖြန်းထားတဲ့ပုံရိပ်
သေရာပါအောင် သိမ်ငယ်မိတဲ့စိတ်က
ခင်ဗျားတို့ကို တုန်လှုပ်စေသလား။

ဥာဏ်နီဥာဏ်နက်တွေနဲ့
အဖြူအမဲရုပ်ရှင်ထဲက ထွက်ခဲ့ပါတော့
ခင်ဗျားဆောင်းခိုင်းတဲ့ မင်းသားခေါင်းတွေ
ခေါင်းပေါင်း ဘယ်ကိုစောင်းနေသလဲ
အကန့်အသတ်ရှိပြီး အထိမခံနိုင်တဲ့ဂြိုဟ်မှာ
ကျွန်တော်တို့ နေထိုင်ကြတယ်ဆိုတာ
ခင်ဗျားသိခဲ့ရင် ။          ။

တိုးနှောင်မိုး
(အရပ်သားကဗျာဆရာ)

တိုးနှောင်မိုး၏ Facebook စာမျက်နှာ ~ https://www.facebook.com/toehnaung.moe

15 November 2012

ထပ်မံ ကျူးလွန်ဖို့ ၀န်လေးမယ် မဟုတ်ပါဘူး

"ထပ်မံ ကျူးလွန်ဖို့ ၀န်လေးမယ် မဟုတ်ပါဘူး"

ဆိုးသွမ်းသူတွေ ကိစ္စ အရင် ပြောပါရစေ။ ကားတစ်စီးကို ပြိုင်ကားလေးစီးနဲ့ လိုက်ပြီး ၀ိုင်းရိုက်တဲ့ အမှု၊ ခရီးသည်တင်ကားကို တားပြီး ကားပေါ်ပါတဲ့ ခရီးသည်တွေကို ၀ိုင်းရိုက်တယ်ဆိုတဲ့ ကိစ္စ၊ လူအင်အားစုဖွဲ့  ပြီး ရပ်ကွက်ထဲမှာ သောင်းကျန်းတယ်ဆိုတဲ့ ကိစ္စ စတဲ့ အမှုတွေဆိုတာ တရားစွဲလိုက်ရုံနဲ့ ပြီးတဲ့ အမှုမျိုးတွေ မဟုတ်ပါဘူး။ ဒီလို ဆိုးသွမ်းသောင်းကျန်းသူတွေကို ငြိမ်ဝပ်ပိပြားရေး ဥပဒေတွေအရပါ အရေးယူဖို့လိုပါတယ်။ နောက်ထပ် မဆိုးသွမ်းအောင် အာမခံမယ့်သူတွေနဲ့ ခံဝန်ချုပ် ပြုလုပ်စေသင့်ပါတယ်။ ဒါမှသာ နောက်ထပ် မဆိုးသွမ်းရဲမှာ၊ မဆိုးသွမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ တည်ငြိမ်အေးချမ်းရေးအတွက် လုပ်ရတာဖြစ်ပါတယ်။ သာမန် နာကျင်စေမှုလောက်နဲ့သာ အရေးယူတယ်ဆိုရင် ထပ်မံ ကျူးလွန်ဖို့ ၀န်လေးမယ် မဟုတ်ပါဘူး။

ရဲမှူးကြီး မြင့်ဝေ(ငြိမ်း)
တစေ့တစောင်း ရဲလုပ်ငန်းအကြောင်း (၃၅) ဆောင်းပါး
မှုခင်းသတင်း ဂျာနယ်၊ အတွဲ (၁၇)၊ အမှတ် (၁)၊ ၁၄၊ ၁၁၊ ၂၀၁၂

10 November 2012

ဒီမိုကရေစီ အရေခြုံထားတဲ့ အာဏာရှင်စနစ်

ဒီမိုကရေစီ အရေခြုံထားတဲ့ အာဏာရှင်စနစ်

“၁၉၆၂ ဥပဒေကိုလည်း မဖျက်သေးဘူး။ ပုဂ္ဂလိက သတင်းစာထုတ်ဖို့ကိုလည်း ဝေ့လည်ကြောင်ပတ် လုပ်နေတယ်။ ရုပ်မြင်သံကြားမှာလည်း ခရိုနီကုမ္ပဏီတွေကိုပဲ လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့်ပေးထားတယ်။ အစိုးရမှာ Freedom of Press အတွက် အဖြေမရှိဘူး။ တစ်နည်းဆိုရင် ဒီမိုကရေစီအတွက် အာမခံချက် မပေးနိုင်သေးဘူး။

စင်ကာပူမှာလို မီဒီယာကို အစိုးရက ငွေကြေးအင်အား၊ ဥပဒေနဲ့ ထိန်းချုပ်ပြီး မိုနိုပိုလီလုပ်

ဖို့လုပ်နေ တယ်။ စင်ကာပူ၊ မလေးရှား၊ ကမ္ဘော ဒီးယားလိုမျိုး သတင်းမီဒီယာကိုထိန်း ချုပ်ဖို့ ကြိုးစားနေတဲ့ အစိုးရဟာ ဘယ်လိုနည်းနဲ့မှ ဒီမိုကရေစီအစိုးရ မဖြစ်နိုင်ဘူး။

ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြန်ကြားရေးဝန်ကြီးက စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီလို့ သုံးနှုန်းခဲ့ပါတယ်။ ဒါရဲ့အဓိပ္ပာယ်ဟာ ဒီမိုကရေစီ အရေခြုံထားတဲ့ အာဏာရှင်စနစ်ဆိုတာကော တာဝန်ရှိတဲ့ လူတွေ နားလည်သလားလို့ မေးချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ကမ္ဘောဒီးယား၊ မလေးရှား၊ စင်ကာပူတို့လို တစ်ပါတီတည်းက အာဏာထိန်းချုပ် အတိုက်အခံကို အလုပ်ဖြစ်ရုံ အချိုသတ်ပေါင်း၊ သတင်းမီဒီယာကို လက်ဝါးကြီးအုပ်လုပ်ထားတဲ့ အရေခြုံဒီမိုကရေစီမျိုး မလိုလားဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။”

ဒေါက်တာသန်းထွဋ်အောင် Eleven Media Group

http://news-eleven.com/index.php?option=com_content&view=article&id=16295%3A2012-11-06-10-20-44&catid=42%3A2009-11-10-07-36-59&Itemid=112

07 November 2012

ရန်ကုန်သွားမယ့် သူငယ်ချင်းသို့ အမှာပါးခြင်း

"ရန်ကုန်သွားမယ့် သူငယ်ချင်းသို့ အမှာပါးခြင်း"

သူငယ်ချင်းရေ...

ရန်ကုန်သွားမယ်ဆိုလို့ မှာလိုက်ဦးမယ်။ ညပိုင်း သတိနဲ့သွား။ သတိနဲ့ စား။
ရန်ကုန်မြို့ ထဲ ညဖက် ကားမောင်းမယ်ဆိုရင် ပြိုင်ကား ဒါမှမဟုတ် အုပ်စုလိုက် ပြိုင်မောင်းနေတဲ့ ကားတွေတွေ့ ရင် ခပ်ဝေးဝေးက ရှောင်၊ ကားပြိုင် မမောင်းမိစေနဲ့။
ကိုယ် ည ဖက် အပြင်ထွက်မယ်ဆိုတာနဲ့ ဦးသန်းရွှေတို့၊ ဦးမောင်အေးတို့၊ ဦးသိန်းစိန်တို့၊ ဦးရွှေမန်းတို့၊ ဦးခင်ရီတို့ ဒါမှမဟုတ် အာဏာရတစ်ဦးဦး ဒါမှမဟုတ် ခရိုနီအကြီးစားတစ်ဦးဦးရဲ့  ဆွေမျိုးသားချင်းတွေကို ပြောထား။ သူတို့နဲ့ ချိတ်ဆက်ထား။ သူတို့နဲ့ မခင်သေးရင် ခင်အောင်ပေါင်းထား။ သူတို့ ဖုန်းနံပတ်တွေ ယူထား။ ရန်ဖြစ်တော့မယ် ကြံရင် သူတို့အကူအညီကို ယူ။ သူတို့လူတွေကို တပ်ကူခေါ်။ ဒါဆို မင်း ဖြဲချင်တာ ဖြဲလို့ရပြီ။
:) :(

မျက်နှာမွဲ သူငယ်ချင်း၏ အသက်အန္တရာယ်ကို စိုးရိမ်စွာဖြင့်...

ညိုကြီး

04 November 2012

နန်းခင်ဇေယျာနှင့် ရေကူးဝတ်စုံ

"နန်းခင်ဇေယျာနှင့် ရေကူးဝတ်စုံ"

ညီမရဲ့  ပြိုင်ပွဲဝင် ဝတ်စုံအပေါ် အမြင် အမျိုးမျိုးနဲ့ ဝေဖန်ကြတဲ့ အပေါ် ညီမမှာ ပြောစရာ တစ်ခုခုများ ရှိမလား။
(မင်းရန်နိုင်, Hello စာပေအနုပညာဂျာနယ်, Vol 4, Issue 3, Tuesday, 30, Oct, 2012)

ညီမ ဒီမှာနေကတည်းက ဘီကနီပုံစံမျိုးနဲ့ လူရှေ့ မှာ မချွတ်ဖူးခဲ့ဘူးပေါ့နော်။ ဒါပေမဲ့ ဒီပွဲကို ပြိုင်ရမယ်ဆိုကတည်းက ရေကူးဝတ်စုံနဲ့ ပြိုင်ရမယ်ဆိုတာ သိခဲ့တယ်။ အဲဒီမှာ ညီမ နည်းနည်းလုံမယ့် ရေကူးဝတ်စုံကို စဉ်းစားခဲ့တယ်။ ဒါပေမဲ့ ပြိုင်ပွဲစည်းမျဉ်းထဲမှာ အရှက်လုံရုံ အပေါ်တစ်ထည် အောက်တစ်ထည်နဲ့ ပြိုင်ရမယ်ဆိုတော့ မြန်မာနိုင်ငံမှာလည်း ဒါက ရောင်းတာမဟုတ်ဘူးလေ။ အဲတော့ ညီမမှာ ရေကူးဝတ်စုံအတွက် တော်တော်ရှာပြီး ဗီယက်နမ်မှာ ဝယ်ခဲ့ရတယ်ပေါ့နော်။ အဲဒါနဲ့ ပြိုင်ခဲ့ရတယ်။ ပြိုင်ပွဲမှာ ၃ ရက်ရောက်ပြီး ၄ ရက်မြောက်မှာ ဓာတ်ပုံရိုက်ခဲ့ရတယ်။ ကင်မရာချိန်တဲ့အချိန်မှာ တစ်ခါမှလည်း မဝတ်ဖူးဘူး။ ဒီလို ပုံစံနဲ့လဲ မရိုက်ခဲ့ဖူးတော့ ယုံကြည်မှုမရှိဘူးပေါ့။ ဒါပေမဲ့ ဒါပြိုင်ပွဲဝင်နေတာပါလား ဆိုတဲ့ အတွေးနဲ့ ငါမဟုတ်တာ လုပ်တာမဟုတ်ဘူး။ လူတိုင်းဝတ်ရတာဆိုတဲ့ ခံယူချက်နဲ့ ညီမ ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွနဲ့ ဓာတ်ပုံရိုက်ခဲ့ရတယ်။
(နန်းခင်ဇေယျာ)

01 November 2012

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်


နိုင်များ

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်
ရန်ကုန်မြို့  ကြီး အာရှ အလှဆုံးမြို့  ကြီး ဖြစ်နိုင်
ကမ္ဘာကြီး မကြာမီ ငြိမ်းချမ်းရေး ရနိုင်
မည်သူမဆို ကြိုးစား ဘုရား ဖြစ်နိုင်

သုခမိန်လှိုင်
3 Oct 2012

Mandalay ICON Magazine, Vol 4, No 12, Nov, 2012

26 October 2012

Because of Words

"စကားကြောင့်..."

ကျွန်ုပ်သည်
မိမိ၏ ချစ်သောတိုင်းပြည်အား
စစ်မီး၊ ရန်မီးမရှိ ယခုထက် ပိုမိုကြီးပွားတိုးတက်စေလို၏
ဤမှန်သော သစ္စာစကားကြောင့်
ကျွန်ုပ်တို့၏ ချစ်လှစွာသော ဗ/မြန်မာပြည်ကြီး
မီးဟူသမျှ ကင်းစင်ငြိမ်းပကာ
ကမ္ဘာ့အလယ် မျက်နှာတော် မငယ်ပါရစေနဲ့
ဘုရား...

စကားနောက် အမှားမပါကြဘဲ
စကားနောက် တရားသာ ပါကြစေကုန်
သတည်း....။

ညိုကြီး
25.10.2012

19 October 2012

Sai Kham Leik (2008)


ဆရာ စိုင်းခမ်းလိတ်အား ဆရာ စိုင်းခမ်းလိတ်၏ နေအိမ်တွင် တွေ့ဆုံခဲ့ရစဉ် (၂၀၀၈ ခုနှစ်)

© Nyo Gyi

Time
2008

Place
Sai Kham Leik's Home in Mandalay

Person
Sai Kham Leik

10 October 2012

သပွတ်အူတိုင်းပြည်က ခေတ်သစ်ကိတ္တမုခ ဘီလူးများ


"ခေတ်သစ် ကိတ္တမုခ ဘီလူးများ"

စားတယ်... တွေ့လိုက်တာနဲ့ ဇယားချုပ် အစအနမကျန် ရိတ်သိမ်း
ဆွေခုနစ်ဆက်မျိုးခုနစ်ဆက် ရွှေလှည်းကိုးစီး ငွေလှည်းကိုးစီးတိုက်လို့ မကုန် စားတယ်
ကောင်းကင်ပြာပြာ ဘာမှ မရှိတော့
ဂြိုဟ်တာရာ နက္ခတ်စကြ၀ဠာကို စားပစ်တယ်
ပင်လယ်ပြာပြာ ဘာမှ မရှိတော့
မြေပေါ်မြေအောက် ဘာမှမရှိတော့
ဘာမှမရှိ... ဘာမှမကျန် သယံဇာတ တက်တက်ပြောင် အကုန်ဝါးတယ် စားတယ်
မျိုးဆက်တွေ တုန်းအောင် စားပစ်တယ်... အမှန်တရား ဦးနှောက်တွေ ဖောက်စားတယ်
နောက်ဆုံးစားစရာ မရှိရင်
ကိုယ့်ခြေထောက် ကိုယ်စား... ကိုယ့်လက် ကိုယ်စား... ကိုယ့်အသားကိုယ် ပြန်စား
ကိုယ့်ခန္ဓာကိုယ်... ကိုယ်ပြန်စား
စားလို့မရတဲ့ ခေါင်းချည်းသာ ကျန်
သပွတ်အူတိုင်းပြည်က ခေတ်သစ်ကိတ္တမုခ ဘီလူးတွေ...

ကောက်နွယ်ကနောင်

(idea magazine, October, 2012)

09 October 2012

လူလည်မသားများသို့

"ခင်ဗျားတို့ = လူလည်မသားများ"

ကျုပ် ရှင်းရှင်းပဲပြောမယ်။
ဒေါ်အောင်ဆန်းစုကြည်(NLD)မရှိလည်း ဘာမှမဖြစ်ဘူး။
(သူကအသက်ကြီးနေပြီလေ။ သူအသက်သေသည်အထိ ဗမာပြည်ကို လုံးဝမကယ်နိုင်အောင် ခင်ဗျားတို့လုပ်ထားဖို့ပဲ စဉ်းစားနေတာမဟုတ်လား)
ကိုမင်းကိုနိုင်(88)မရှိလည်း ဘာမှမဖြစ်ဘူး။
(သူ ဗမြန်မာပြည်ကို မကယ်နိုင်အောင် ခင်ဗျားတို့ ဆက်ပြီး ကြံကြဦးမယ်မဟုတ်လား)

သန်း ၅ဝ (ခု သန်း ၆ဝ မကသော) ဗမြန်မာပြည်သူတွေအတွက် အလုပ်လုပ်မယ့်သူေ

တွ တစ်ပုံကြီးရှိသေးတယ်ဆိုတာ အာဏာရှင်(အာဏာသေ)တွေ သဘောပေါက်သင့်တယ်။

ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုသူတွေရှိသလို
ဘယ်သူရှင်ရှင် ကိုယ်မမာရင် ပြီးရောဆိုသူတွေလည်း အပုံကြီးရှိသေးတယ်ဆိုတာ ခင်ဗျားတို့ သဘောပေါက်သင့်ပါတယ်။

သွေးဆိုတာ မွေးမှမဟုတ်ဘူး။
သူ့အလိုလိုလည်း (ရွေးတတ်) တွေးတတ်တယ်ဆိုတာ
ခင်ဗျားတို့ သဘောပေါက်သင့်တယ်။

Nyo Gyi

07 October 2012

Jade War in Burma (Myanmar)

အဖေပြောတဲ့ စကားကို သဘောကျမိတယ်။ တကယ်တော့ ကချင်မှာ ဖြစ်နေတဲ့ စစ်ပွဲဆိုတာ တကယ်တော့ " ကျောက်စိမ်း " စစ်ပွဲ ပဲတဲ့။
My father said that the war in Kachin State of Burma/Myanmar is a type of Jade War.
:)

06 October 2012

ကစားပွဲ

ကျွန်တော် ကစားပွဲထဲ ပြန်ဝင်ပါမယ်။
Published with Blogger-droid v2.0.9

28 September 2012

လိမ္မာရစ်ကြပါ

အင်တာနက်၊ သတင်းနှင့် နိုင်ငံရေးလောကမှ ကာလ အကန့်အသတ်မရှိ ညိုကြီး အနားယူပါမည်။ လိမ္မာရစ်ကြပါ။

ပြောပါ - ကာတွန်းအော်ပီကျယ်၏ လက်ရာ





ပြောပါ...

ကာတွန်း အော်ပီကျယ်
Health for ALL cartoon, JUNE, 2012

Credit to Hnin Meme Than