30 November 2007

POEM FOR THE EVIL

" DON'T " LAW
(Declaration to Myanmar Military Junta)

Don't use guns,
They are holy men.
Don't torture them,
They are people's men.
If u continue,
The people will do continuous protests.
If the protests are continuous,
You will go away or pass away!!!

Nyo Gyi

29 November 2007

မဟာဂန္ဓာရုံမှာ နွှဲတဲ့ လူထုပွဲ (အမေလူထုဒေါ်အမာမွေးနေ့ပွဲ)

(၂၉၊ နိုဝင်ဘာ၊ ၀၀၇-ကြာသပတေး)


ဓာတ်ပုံ -ညိုကြီး

(၉၂)နှစ်ပြည့် အမေလူထုဒေါ်အမာမွေးနေ့ကို ယခင်နှစ်များနှင့်မတူ အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်တွင် ပြုလုပ် ကျင်းပသည်။


အနယ်နယ်၊ အရပ်ရပ်မှ စာရေးဆရာများ၊ ကဗျာဆရာများ၊ ဂျာနယ်လစ်များ အစုံအလင် တက်ရောက်ကြသည်။

ရန်ကုန်
မှ မောင်မိုးသူ၊ မောင်တင်သစ်၊ ပန်းချီဆရာ အေးကို၊ ဒီဇိုင်းနာ ထွန်းဝင်းငြိမ်း၊ စာရေးဆရာမ သွေး(စစ်ကိုင်း) စသည့် စာရေးဆရာများ၊


ပြင်ဦးလွင်မှ ကဗျာဆရာ နွယ်စိမ်းဝေ၊ ညိုဦးလွင်၊ ၀တ္ထုတိုဆရာ မောင်သင်းထုံ(ကျောက်မဲ) စသည့် စာရေးဆရာများ၊
ကျောက်ဆည်မှ ကဗျာဆရာ တည်ဘွားဦး၊ တင်လတ်ကို၊ ရင်မြတ်ကို၊ ညွန့်လွင်(စက်မှုတက္ကသိုလ်) စသည့် စာရေးဆရာများ၊
ပလိပ်မှ တင်ညွန့်မြိုင်(သာစည်)နှင့် ကဗျာဆရာလူငယ်များ၊
အမရပူရမှ မောင်ကိုကို(အမရပူရ) စသည့် စာရေးဆရာများ၊
မြို့ခံစာရေးဆရာများဖြစ်သည့် ကာတွန်းတွတ်တွတ်၊ နေ၀င်းမြင့်၊ ညိုထွန်းလူ၊ ခင်ဇော်မြင့်၊ ဥက္ကာကျော်၊ စံညိမ်းဦး၊ မောင်ကြည်သာ(တောင်တွင်း)၊ မောင်စိုးသစ်၊ ရိုးဒီ၊ မင်းနဒီခ၊ ကျော်ရင်မြင့်၊ သဲယုဝေ(ဆေးမန်း)
စသဖြင့် မျိုးဆက်ဟောင်း/သစ် စာရေးဆရာများ၊ ကဗျာဆရာများ၊ ဂျာနယ်လစ်များ တက်ရောက်ကြသည်။

အထူးသဖြင့် နိုင်ငံခြားသား/သူများကလည်း စိတ်ပါဝင်စားစွာ တက်ရောက် လေ့လာဓာတ်ပုံရိုက်၊ မှတ်တမ်းယူ ကြသည်များလည်း အယောက်(၃၀)ခန့် ရှိပါသည်။


အထူးအထူးသဖြင့်မှာကား.....
စစ်ထောက်လှမ်းရေးအဖွဲ့ဝင်များ၊ ကြံ့ဖွတ်အဖွဲ့ဝင်များ အယောက်(၅၀)ခန့် တက်ရောက်စောင့်ကြည့် သတင်း ယူကြခြင်းပင် ဖြစ်သည်။

(စစ်ထောက်နှင့် ကြံ့ဖွတ် အပေါင်းအပါများ)

သို့သော်လည်း တော်လှန်ရေးကဗျာဆရာအချို့က စစ်ထောက်လှမ်းရေးများ စောင့်ကြည့်နေသည့်ကြားမှ အဝေးရောက်ကဗျာဆရာ အောင်ဝေး ၏ “အမေနဲ့ သား (သို့) “သ”၀ဂ်ကထာ (အမေလူထုဒေါ်အမာ ၉၂နှစ်ပြည့် မွေးနေ့သို့ …)” ကဗျာအား အမေလူထုဒေါ်အမာနှင့် အခြားကဗျာပရိတ်သတ်များသို့ ဖြန့်ဝေခဲ့ပါသည်။ (အဆိုပါ အောင်ဝေး၏ ကဗျာအား http://drlunswe.blogspot.com တွင် အပြည့်အစုံ ဖတ်ရှုနိုင်ပါသည်။)

ကဗျာဆရာမောင်နွေထက်မှလည်း “အမေ့အတွက် အမေကဗျာ အား ပေးဝေခဲ့ပါသည်။

တက်ကြွသော မိန်းကလေးတစ်ဦးမှလည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံများပါ တီရှပ်တစ်ထည်ကို အမေလူထုဒေါ်အမာအား လက်ဆောင်ပေးခဲ့ပါသည်။

နံနက် (၁၀)နာရီ မှ (၁၂)နာရီထိ
-အမေလူထုဒေါ်အမာနှင့် သူ၏ ညီမဖြစ်သူတို့က ဦးဆောင်ပြီး သံဃာတော် အပါး(၁၀၀၀)အား ဆွမ်း၊ ခဲဖွယ်ဘောဇင်များ ဆက်ကပ်လှူဒါန်း ကြသည်။ လူပရိသတ်များအားလည်း ထမင်း၊ ကသည်း ၀က်သားဟင်းချက်၊ ကြာဇံဟင်းချက် စသဖြင့် ကျွေးမွေးပါသည်။



ဆက်လက်ပြီး စာရေးဆရာမ ငြိမ်းရွှေလီ၏ အစ်မ ဒေါ်ခင်ပွားမှ နာမကျန်းစာရေးဆရာများဖြစ်သော အေးမင်းစော၊ နီဟိန်း၊ အနှစ်(နဘူးအိုင်)တို့အား ကျန်းမာရေးထောက်ပံ့ကြေးငွေများ ပေးအပ်ပါသည်။

ပြီးနောက် တောင်သမန်အင်းစောင်း မယ်ဇယ်တန်းရိပ်တွင် ကဗျာဆရာများက “စုပေါင်းကဗျာရွတ်ပွဲ” ကျင်းပပါသည်။


ရွတ်ဆိုသော ကဗျာခေါင်းစဉ်တချို့မှာ....
-ရှင်ကွဲ၊
-ကြောင်၊
-သွေးလွန်နေတဲ့ အမြန်ချော၊
-အိပ်မက်ဝါ၊
-Black
-အရေးအခင်း၊
-လေထဲက ဘောလုံးတွေ၊
-လွမ်းဆွတ်ခြင်း သစ်ပင်၊
-ဇီဇ၀ါနဲ့ ဒီကမ္ဘာ
-မစားရတဲ့ သစ်သီးများ အမှန်တရားဆီ အကူးအပြောင်း၊
-နှင်းနှင်းရီကို ဝေတဲ့နှင်း၊
-အိုစမာ၊
-လှိုင်းလိုလို လှေလိုလို မြို့ကြီး၊
-ကဗျာပြားပြီ
.....စသည့် ကဗျာများကို အနယ်နယ်အရပ်ရပ်မှ ကဗျာဆရာအသီးသီးက အားကြိုးမာန်တက် ရွတ်ဆိုကြပြီး နောက်ဆုံးပိတ်အနေဖြင့် “ပြည်တော်ဝင်”သီချင်းဖြင့် အမေ လူထုဒေါ်အမာ၏ (၉၂)မြောက် မွေးနေ့ကို ဂုဏ်ပြုရင်း ညနေ(၃)နာရီခန့်တွင် ကဗျာရွတ်ပွဲကို ရုပ်သိမ်းခဲ့ပါသည်။


(မူပိုင် - ညိုကြီး)

28 November 2007

၉၂ ပြည့် လူထုအမေမာ မွေးနေ့ မဟာဂန္ဓာရုံ၌ ကျင်းပမည်

(၂၉၊ နိုဝင်ဘာ၊ ၂၀၀၇) တွင် ကျင်းပမည့် ၉၂ ပြည့် လူထုဒေါ်အမာ မွေးနေ့ ကို အမရပူရ၊ မဟာဂန္ဓာရုံ၌ ကျင်းပမည်ဟု ကဗျာဆရာတစ်ဦးက သတင်းပေးသည်။

``အမေမာ မွေးနေ့ကို ဒီနှစ်တော့ အမရပူရ၊ မဟာဂန္ဓာရုံကျောင်းမှာ လုပ်မယ်။ မဖြစ်ဖြစ်အောင် လုပ်မယ်။ ဘုန်းဘုန်းတွေကလည်း မဖြစ်ဖြစ်အောင် လုပ်ပေးမယ်လို့ မိန့်ကြားပါတယ်။ ´´
ဟုပြောကြားသွားပါသည်။

လူထုဒေါ်အမာမွေးနေ့ကို နှစ်စဉ် အမရပူရ၊ ဦးပိန်တံတားအနီးရှိ တောင်လေးလုံးကျောင်းတိုက်၊ (ဆရာတော် ဦးပညာကျောင်း)တွင် ပြုလုပ်လေ့ရှိသော်လည်း မနှစ်က စ၍ စစ်အဆိုးရက တောင်လုံးလေးကျောင်းတိုက်တွင် ပြုလုပ်ခွင့်မပေးတော့သဖြင့် ပြီးခဲ့သည့်နှစ်က လူထုဒေါ်အမာမွေးနေ့ကို သူ့သမီးဖြစ်သူ၏ နေအိမ်တွင် ပြုလုပ်ခဲ့ရသည်။
ဒီနှစ်မှာတော့ ဦးပိန်တံတားအနီး မဟာဂန္ဓာရုံကျောင်းတိုက်တွင် ပြုလုပ်မည်ဖြစ်ရာ စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးနှင့် ဆက်စပ်နေခြင်း၊ ဦးပိန်တံတားအနီးမှာ မဖြစ်ဖြစ်အောင် မွေးနေ့ပွဲကျင်းပခြင်း စသည်တို့ကြောင့် စစ်အဆိုးရ၏ အနီးကပ်စောင့်ကြည့်ခြင်းကို ဒီနှစ်မွေးနေ့ပွဲ တွင် ပိုမိုခံယူရဖွယ်ရှိပါသည်။

(မွေးနေ့ပွဲသတင်းများကို ပြည့်ပြည့်စုံစုံ တင်ပြနိုင်ရန် ကြိုစားသွားမည်ဖြစ်ပါသည်။ - ညိုကြီး)

27 November 2007

မယုံလေနဲ့ သတိထား

26 November 2007

သံဃာတော်အရေးအခင်းကစ၍ နိုင်ငံရေးလောကထဲသို့ စတင်ဝင်ရောက်ပါသည်


http://drlunswe.blogspot.com/ ကနေ ပုံရယူပါသည်

မြန်မာစစ်အဆိုးရကို အထိနာစေသော ၂၀၀၇၊ စက်တင်ဘာ သံဃာတော် အရေးအခင်း (Golden Revolution) ၌ သံဃာတော်တို့နဲ့အတူ ပူးပေါင်းပါဝင်ခဲ့ဖူးသည်ကစ၍ မောင်ညိုကြီး တစ်ယောက် မြန်မာ့နိုင်ငံရေးလောကထဲသို့ စတင် ၀င်ရောက်ပါသည်။