10 November 2012

ဒီမိုကရေစီ အရေခြုံထားတဲ့ အာဏာရှင်စနစ်

ဒီမိုကရေစီ အရေခြုံထားတဲ့ အာဏာရှင်စနစ်

“၁၉၆၂ ဥပဒေကိုလည်း မဖျက်သေးဘူး။ ပုဂ္ဂလိက သတင်းစာထုတ်ဖို့ကိုလည်း ဝေ့လည်ကြောင်ပတ် လုပ်နေတယ်။ ရုပ်မြင်သံကြားမှာလည်း ခရိုနီကုမ္ပဏီတွေကိုပဲ လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့်ပေးထားတယ်။ အစိုးရမှာ Freedom of Press အတွက် အဖြေမရှိဘူး။ တစ်နည်းဆိုရင် ဒီမိုကရေစီအတွက် အာမခံချက် မပေးနိုင်သေးဘူး။

စင်ကာပူမှာလို မီဒီယာကို အစိုးရက ငွေကြေးအင်အား၊ ဥပဒေနဲ့ ထိန်းချုပ်ပြီး မိုနိုပိုလီလုပ်

ဖို့လုပ်နေ တယ်။ စင်ကာပူ၊ မလေးရှား၊ ကမ္ဘော ဒီးယားလိုမျိုး သတင်းမီဒီယာကိုထိန်း ချုပ်ဖို့ ကြိုးစားနေတဲ့ အစိုးရဟာ ဘယ်လိုနည်းနဲ့မှ ဒီမိုကရေစီအစိုးရ မဖြစ်နိုင်ဘူး။

ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြန်ကြားရေးဝန်ကြီးက စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီလို့ သုံးနှုန်းခဲ့ပါတယ်။ ဒါရဲ့အဓိပ္ပာယ်ဟာ ဒီမိုကရေစီ အရေခြုံထားတဲ့ အာဏာရှင်စနစ်ဆိုတာကော တာဝန်ရှိတဲ့ လူတွေ နားလည်သလားလို့ မေးချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ကမ္ဘောဒီးယား၊ မလေးရှား၊ စင်ကာပူတို့လို တစ်ပါတီတည်းက အာဏာထိန်းချုပ် အတိုက်အခံကို အလုပ်ဖြစ်ရုံ အချိုသတ်ပေါင်း၊ သတင်းမီဒီယာကို လက်ဝါးကြီးအုပ်လုပ်ထားတဲ့ အရေခြုံဒီမိုကရေစီမျိုး မလိုလားဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။”

ဒေါက်တာသန်းထွဋ်အောင် Eleven Media Group

http://news-eleven.com/index.php?option=com_content&view=article&id=16295%3A2012-11-06-10-20-44&catid=42%3A2009-11-10-07-36-59&Itemid=112

07 November 2012

ရန်ကုန်သွားမယ့် သူငယ်ချင်းသို့ အမှာပါးခြင်း

"ရန်ကုန်သွားမယ့် သူငယ်ချင်းသို့ အမှာပါးခြင်း"

သူငယ်ချင်းရေ...

ရန်ကုန်သွားမယ်ဆိုလို့ မှာလိုက်ဦးမယ်။ ညပိုင်း သတိနဲ့သွား။ သတိနဲ့ စား။
ရန်ကုန်မြို့ ထဲ ညဖက် ကားမောင်းမယ်ဆိုရင် ပြိုင်ကား ဒါမှမဟုတ် အုပ်စုလိုက် ပြိုင်မောင်းနေတဲ့ ကားတွေတွေ့ ရင် ခပ်ဝေးဝေးက ရှောင်၊ ကားပြိုင် မမောင်းမိစေနဲ့။
ကိုယ် ည ဖက် အပြင်ထွက်မယ်ဆိုတာနဲ့ ဦးသန်းရွှေတို့၊ ဦးမောင်အေးတို့၊ ဦးသိန်းစိန်တို့၊ ဦးရွှေမန်းတို့၊ ဦးခင်ရီတို့ ဒါမှမဟုတ် အာဏာရတစ်ဦးဦး ဒါမှမဟုတ် ခရိုနီအကြီးစားတစ်ဦးဦးရဲ့  ဆွေမျိုးသားချင်းတွေကို ပြောထား။ သူတို့နဲ့ ချိတ်ဆက်ထား။ သူတို့နဲ့ မခင်သေးရင် ခင်အောင်ပေါင်းထား။ သူတို့ ဖုန်းနံပတ်တွေ ယူထား။ ရန်ဖြစ်တော့မယ် ကြံရင် သူတို့အကူအညီကို ယူ။ သူတို့လူတွေကို တပ်ကူခေါ်။ ဒါဆို မင်း ဖြဲချင်တာ ဖြဲလို့ရပြီ။
:) :(

မျက်နှာမွဲ သူငယ်ချင်း၏ အသက်အန္တရာယ်ကို စိုးရိမ်စွာဖြင့်...

ညိုကြီး

04 November 2012

နန်းခင်ဇေယျာနှင့် ရေကူးဝတ်စုံ

"နန်းခင်ဇေယျာနှင့် ရေကူးဝတ်စုံ"

ညီမရဲ့  ပြိုင်ပွဲဝင် ဝတ်စုံအပေါ် အမြင် အမျိုးမျိုးနဲ့ ဝေဖန်ကြတဲ့ အပေါ် ညီမမှာ ပြောစရာ တစ်ခုခုများ ရှိမလား။
(မင်းရန်နိုင်, Hello စာပေအနုပညာဂျာနယ်, Vol 4, Issue 3, Tuesday, 30, Oct, 2012)

ညီမ ဒီမှာနေကတည်းက ဘီကနီပုံစံမျိုးနဲ့ လူရှေ့ မှာ မချွတ်ဖူးခဲ့ဘူးပေါ့နော်။ ဒါပေမဲ့ ဒီပွဲကို ပြိုင်ရမယ်ဆိုကတည်းက ရေကူးဝတ်စုံနဲ့ ပြိုင်ရမယ်ဆိုတာ သိခဲ့တယ်။ အဲဒီမှာ ညီမ နည်းနည်းလုံမယ့် ရေကူးဝတ်စုံကို စဉ်းစားခဲ့တယ်။ ဒါပေမဲ့ ပြိုင်ပွဲစည်းမျဉ်းထဲမှာ အရှက်လုံရုံ အပေါ်တစ်ထည် အောက်တစ်ထည်နဲ့ ပြိုင်ရမယ်ဆိုတော့ မြန်မာနိုင်ငံမှာလည်း ဒါက ရောင်းတာမဟုတ်ဘူးလေ။ အဲတော့ ညီမမှာ ရေကူးဝတ်စုံအတွက် တော်တော်ရှာပြီး ဗီယက်နမ်မှာ ဝယ်ခဲ့ရတယ်ပေါ့နော်။ အဲဒါနဲ့ ပြိုင်ခဲ့ရတယ်။ ပြိုင်ပွဲမှာ ၃ ရက်ရောက်ပြီး ၄ ရက်မြောက်မှာ ဓာတ်ပုံရိုက်ခဲ့ရတယ်။ ကင်မရာချိန်တဲ့အချိန်မှာ တစ်ခါမှလည်း မဝတ်ဖူးဘူး။ ဒီလို ပုံစံနဲ့လဲ မရိုက်ခဲ့ဖူးတော့ ယုံကြည်မှုမရှိဘူးပေါ့။ ဒါပေမဲ့ ဒါပြိုင်ပွဲဝင်နေတာပါလား ဆိုတဲ့ အတွေးနဲ့ ငါမဟုတ်တာ လုပ်တာမဟုတ်ဘူး။ လူတိုင်းဝတ်ရတာဆိုတဲ့ ခံယူချက်နဲ့ ညီမ ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွနဲ့ ဓာတ်ပုံရိုက်ခဲ့ရတယ်။
(နန်းခင်ဇေယျာ)