15 December 2013

မူလဆုံမှတ် အနုပညာ အယ်လ်ဘမ် ထွက်ရှိ

မန္တလေးမြို့  မှ အနုပညာသမားများ စီစဉ်တင်ဆက်ထုတ်ဝေသည့်

နိုင်ငံရေး စာပေအနုပညာနှင့် အမြင်ဘာသာစကား
မူလဆုံမှတ် အနုပညာ အယ်လ်ဘမ်
le Rendez-vous original
l'Album Des Beaux-Arts
စာအုပ်ထွက်ရှိ



ပုံနှိပ်မှတ်တမ်း


 မာတိကာ





မူလဆုံမှတ် အနုပညာ အယ်လ်ဘမ် စာအုပ်မိတ်ဆက်ပွဲကို မန္တလေးမြို့  ၊ ၇၈လမ်း၊  ၃၁-၃၂ လမ်းကြားရှိ မင်းသီဟ ကဖေးတွင် (၁၅-၁၂-၂၀၁၃)ရက်၊ တနင်္ဂနွေနေ့၊ နံနက် ၉ နာရီမှ ၁၁ နာရီထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

မူလဆုံမှတ် အနုပညာ အယ်လ်ဘမ် စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားဓာတ်ပုံကို ကဗျာဆရာ ပြေညိမ်းမိုဃ်း၏ facebook မှ ရယူပါသည်။

{{{ မူလဆုံမှတ် အနုပညာ အယ်လ်ဘမ်တွင် ကျွန်တော် ညိုကြီး၏ ကဗျာ - "လူကြီးများသို့" လည်း ပါဝင်ပါသည်။ ထိုကဗျာကို ကျွန်တော့် blog တွင် ဖော်ပြခဲ့စဉ်က "ခလေးများသို့" ခေါင်းစဉ်နှင့်ဖြစ်ပါသည်။
"လူကြီးများသို့ (သို့မဟုတ်) ခလေးများသို့" ကဗျာအား ကျွန်တော့် blog ၏ အင်တာနက်လိပ်စာ -
http://bigbbrown.blogspot.com/2013/10/blog-post.html
တွင်လည်း ဖတ်ရှုနိုင်ပါသည်။ }}}