06 March 2009

PEOPLE IN WIRE

ဝိုင်ယာကြိုးထဲက လူတွေ
- ဇော်ထိန် -



( click the scan picture to see words of poem clearly)


“ကြယ်များနဲ့အတူ” ခေတ်ပေါ်ကဗျာစာအုပ်
ပထမအကြိမ်၊ ဇန်န၀ါရီ
လင်းသစ်ရောင်စဉ် - စိတ်ယဉ်ကျေးမှုလှိုင်းများ စာအုပ်တိုက်မှ ကူးယူဖော်ပြသည်။

02 March 2009

THE RICH POOR BURMA

“ပလ္လင်ပေါ်မှ မဆင်းသက်ရဲသူများအကြောင်းရုပ်ရှင်”

ဆင်းရဲတာကို ဆင်းရဲတယ်ဆိုပြီး
ဆင်းရဲသူတွေအကြောင်းရိုက်တဲ့
ဆင်းရဲသား ရုပ်ရှင်ကားထဲမှာ
ဆင်းရဲပြမိမှာကိုတောင်
မဆင်းရဲရဘူးဆိုပြီး
ဆင်းရမှာကြောက်တဲ့သူတွေက
စိတ်ဆင်းရဲကောင်းလောက်အောင် ညွှန်ကြားတယ်။

အမှန်တကယ် ဆင်းရဲပါကြောင်း
အမှန်အတိုင်း ဆင်းရဲမပြရဘူးဆိုမှတော့
ဆင်းရဲမှု နွံဗမာထဲက ဆင်းရဲသူ၊ ဆင်းရဲသားတွေ
အဟုတ်တကယ် ဆင်းရဲကြောင်းကို ဘယ်သူတွေက ဘယ်လိုလုပ် သိလာပါ့မလဲ
ဆင်းရဲမှုအတွက် ဘယ်လိုလုပ်ပြီး စာနာ-သနား-မေတ္တာထား-ကူညီကြပါ့မလဲ
သြော်... ဆင်းရဲသူတွေခမျာ...
လွတ်လွတ်လပ်လပ် မဆင်းရဲရရှာတဲ့ဘ၀...။ ။

(ဆင်းရဲသား)
ညိုကြီး

Weekly Eleven News Journal, No. 20, Vol. 4, Feb, 25, Wednesday, 2009 မှ အောက်ပါသတင်းအရ အထက်ပါကဗျာအားရေးသည်။



News Source: http://www.weeklyeleven.com/ant001/l_ant001.php?id=7