06 March 2010

Website of The MYOMA AMATEUR MUSIC ASSOCIATION, MYANMAR

မြို့မအပျော်တမ်းတူရိယာအသင်း ၂၀၁၀ သင်္ကြန်အမီ အင်တာနက်ပေါ် Website ထူထောင်


" ၁၉၂၅ ခုနှစ်တွင် တည်ထောင်သည် " လို့ဆိုတဲ့ မြို့မ အပျော်တမ်းတူရိယာအသင်းကြီးဟာ ၂၀၁၀ သင်္ကြန်အမီ အွန်လိုင်းပေါ်မှာ ခြေချလိုက်ပါပြီ။

http://myomamusicmyanmar.ning.com/

ဆိုတဲ့ အင်တာနက်လိပ်စာကတစ်ဆင့် မြို့မအပျော်တမ်းတူရိယာအသင်းကြီးကို ဆက်သွယ်နိုင်၊ မြို့မ သတင်းတွေဖတ်နိုင်၊ မြို့မအသင်း၊ မြို့မသီချင်း၊ မြို့မအဆိုတော်တွေနဲ့ ပတ်သက်တာတွေကို ဆွေးနွေးအကြံပေးနိုင်ပါတော့မယ်။

မြို့မ Website ရဲ့ Home Page မှာတော့

" သည် Website လုပ်ရတဲ့ရည်ရွယ်ချက်သည်
♦မြန်မာနိုင်ငံအတွင်း၌သာမက တစ်ကမ္ဘာလုံး မြို့မတူရိယာအသင်းကြီး၏ဂီတရေစီးကြောင်း အတွင်းတွင် ပါဝင်စီးမြောနိုင်စေရန် ♦မြန်မာဆန်သော မြန်မာ့သီချင်းများကို နှောင်းခေတ်လူကြီးများသာမက ယနေ့ခေတ်လူငယ်များ ခံစားတတ်စေရန် ♦အမြဲမရိုးနိုင်သော မြို့မ၏သတင်းများကို အစဉ်မပြတ်သိရှိနိုင်ရန် ♦ မြို့မတူရိယာအသင်းကြီး၏ သတင်းများကို ပြည်သူများ အချိန်နှင့်တပြေးညီသိရှိနိုင်စေရန်အတွက် ဖြစ်ပါသည်။
Member အချင်းချင်း ထိခိုက်နစ်နာစေသောအသုံးအနှုံးများ သုံးနှုံးရေးသားခြင်း နိုင်ငံရေးနှင့်ပါတ်သက်သော စာအရေးအသား/ဓာတ်ပုံ/သီချင်း/ဗွီဒီယိုဖိုင်များအား လုံးဝ(လုံးဝ)ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် ၄င်းစည်းကမ်းများကိုလိုက်နာခြင်းမရှိပါက ဖြေရှင်းချက်တောင်းခံလိမ့်မည်မဟုတ်ပဲ Member အဖြစ်မှ ရာသက်ပန် ထုတ်ပယ်ပါမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။ " ...

လို့ ရေးသားဖော်ပြထားပါကြောင်း...။

တစ်ဆက်တည်းအနေနဲ့ အဲဒီမြို့မ website ပေါ်က မြို့မငြိမ်းကြေးရုပ်တုသတင်းကိုလည်း ကူးယူဖော်ပြလိုက်ပါသည်။

♦မြို့မငြိမ်း၏ကြေးရုပ်တုဖြစ် မြောက်ရေးကော်မီတီကို
၁၇ ရက် ၂၀၀၉ ဖေဖော်ဝါရီလ နေ့တွင် စတင်ဖွဲ့စည်း ပြီးပါကြောင်း♦

အလှူငွေများပေးအပ်လှူဒါန်းလိုပါက
♦ဒေါက်တာလှခိုင် - 092038015,
♦ဦးသန့်ဇော် - 092002500
♦ဦးခင်မောင်ဆွေ -092053267
♦စာရေးဆရာဆူးငှက် -092003139
♦ဦးဇော်ဝင်းသန်း -02-91001661
♦မြို့မအသင်းတိုက် 02-39748
သို့ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း


♦အစည်းအဝေးဖိတ်ကြားခြင်း♦

မြို့မငြိမ်း နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ကြေးရုပ်တု ဖြစ်မြောက်ရေးကော်မီတီဝင်များအားလုံးအား ဖိတ်ကြားအပ်ပါသည်။
၉ - ၃ - ၂၀၁၀ (အင်္ဂါနေ့) နေ့လည် ၁:၀၀ နာရီအချိန်တွင် တတိယအကြိမ် မြို့မငြိမ်း နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ကြေးရုပ်တုဖြစ်မြောက်ရေးကော်မီတီ ညှိနှိုင်းအစည်းအဝေး ကို မြို့မတူရိယာအသင်းတိုက်တွင် ကျင်းပမည်ဖြစ်ပါ၍ ကော်မီတီဝင်များအားလုံး တက်ရောက်ကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

05 March 2010

Asia Peace Conference

Asia Peace Conference

Certificate of Honor for Activists of Burma

Certificate of Honor

03 March 2010

The Voice Weekly Journal said, "In Burma, DSMA Military Doctors = Quacks"

စစ်ဆေး၊ ရမ်းကုများရဲ့  အန္တရာယ်ကို The Voice Weekly ဂျာနယ်ဆောင်းပါးက ဖော်ထုတ်


The Voice Weekly ဂျာနယ်၊ Vol.6/ No.17, Monday, March 1-7, 2010 မှ ရန်အောင်(ဆေး၁)"ရင်ထဲမှာရှိနေတာတွေ" ဆောင်းပါးတွင် ယနေ့ဗမာပြည်တွင်း၌ စစ်ဆေး၊ ရမ်းကုများ၏ ပြဿနာမှာ မသေးလှကြောင်း ရဲရဲဝံ့ဝံ့ သုံးသပ်ပြထားသည်။

ဆောင်းပါးရှင်ဆိုလိုသော "စစ်ဆေး" ဆိုသည်မှာ စစ်ဆေးတက္ကသိုလ်ဆင်း ဆေးဗိုလ်များကို ဆိုလိုပုံရ၏။ အင်္ဂလိပ်လို အတိုကောက် DSMA ဟုခေါ်ဝေါ်သော စစ်ဆေးတက္ကသိုလ် (Defence Services Medical Academy)ဆင်း ဆေးဗိုလ်များကို ရမ်းကုနှင့် တစ်တန်းတည်းထားကာ ထိုစစ်ဆေး၊ ရမ်းကုများက ဗမာပြည်သူလူထုကို မည်ကဲ့သို့ ကျန်းမာရေးအန္တရာယ်ပေးနေပုံကို ဆောင်းပါးရှင်က မကြောက်မရွံ့  တင်ပြထားပါသည်။

The Voice Weekly ဂျာနယ်၊ Vol.6/ No.17, Monday, March 1-7, 2010 မှ
ရန်အောင်(ဆေး၁)၏ "ရင်ထဲမှာရှိနေတာတွေ" ဆောင်းပါး

(အောက်က ပုံကို ကလစ်နှိပ်အကျယ်ချဲ့  ဖတ်ပါ)


The Voice Weekly Journal, Vol.6/ No.17, Monday, March 1-7, 2010



မှတ်ချက်။ ။ "စပ်ဆေး နှင့် စစ်ဆေး" စာလုံးပေါင်းဖလှယ်ကာ The Voice Weekly ဂျာနယ်တိုက်က မသိမသာ စာလုံးပေါင်း ပြောင်းရိုက်ပေးထားခြင်းလည်း ဖြစ်နိုင်ပါသည်။


အထက်ပါဂျာနယ်အား မေးမှ ပို့ပေးသော phyowai -mmp အား အထူးကျေးဇူးတင်သည်။

01 March 2010

2010 POEMs SHOW will be held at Rangoon

၂၀၁၀ ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ် ကဗျာပြပွဲ ရန်ကုန်မှာ ကျင်းပမည်

ပြသမည့်နေရာ
-----------------
ပန်းဆိုးတန်းပန်းချီခန်းမ၊ အမှတ်(၂၈၆)၊ ပထမထပ်၊ ပန်းဆိုးတန်းလမ်း(အထက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့

ပြသမည့်နေ့ရက်
------------------
၂၀၁၀ ခုနှစ်၊ မတ်လ(၁၇)ရက်မှ (၂၁)ရက်အထိ