11 February 2012

အာဇာနည် (၁၇)ဦးဗိမာန် သန့်ရှင်းရေးနှင့် ရည်စူးအမျှဝေ ဆွမ်းလောင်းလှူပွဲ - Sanitation around the Building of Building from Mandalay

မန္တလေး၊ ၁၃၀၀ ပြည့် အာဇာနည် (၁၇)ဦးဗိမာန် သန့်ရှင်းရေးနှင့်
အာဇာနည် (၁၇)ဦးအား ရည်စူးအမျှဝေ၍ သံဃာတော်များအား ဆွမ်းလောင်းလှူပွဲ


From Burmese Martyrs


From Burmese Martyrs


နေ့ရက် - ၁၀၊ ၂၊ ၂၀၁၂ (သောကြာနေ့)
အချိန် - နံနက် ၇ နာရီမှ နေ့လည် ၁ နာရီ ခန့် အထိ

From Burmese Martyrs


From Burmese Martyrs


စိမ်းရောင်စို၊ ချမ်းမြသုခ၊ ဘ၀အလင်း၊ NLD၊ မန်းစည်ပင် အစရှိတဲ့ အဖွဲ့အစည်းများ၊ ဘာသာပေါင်းစုံမှ ရဟန်းဘုန်းကြီးလူပုဂ္ဂိုလ်များ၊ ပြည်သူများ၊ ကျောင်းသားကျောင်းသူများက မန္တလေး၊ ၁၃၀၀ ပြည့် အာဇာနည် (၁၇)ဦးဗိမာန် သန့်ရှင်းရေး ၀ိုင်းဝန်းဆောင်ရွက်ခဲ့ကြပါကြောင်း...။

From Burmese Martyrs


အမှိုက်ခြုံနွယ်များ ရှင်းလင်းပြီးနောက်

၁၃၀၀ ပြည့် အရေးတော်ပုံတွင် မန္တလေး ကျဆုံးခဲ့သော အာဇာနည် ၁၇ ဦးအား ရည်စူး၍ အမျှပေးဝေခဲ့ကြကြောင်း သိရပါတယ်။

ညိုကြီး

From Burmese Martyrs

အမှိုက်ခြုံနွယ်များ ရှင်းလင်းပြီးနောက်တွေ့ရသော မန္တလေး၊ ၁၃၀၀ ပြည့် အာဇာနည် (၁၇)ဦးဗိမာန်ဝင်းအတွင်း မြင်ကွင်း

09 February 2012

To Raise Funds for Political Prisoners of Burma - စည်းချက်ညီ (ရန်ပုံငွေရှာဖွေရေးအဖွဲ့)

နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက်
စည်းချက်ညီ (ရန်ပုံငွေရှာဖွေရေးအဖွဲ့)

From Historic Poems

သို့ ......
ဆရာ/ဆရာမ
.............................
.............................
နေ့စွဲ

ကျွန်တော်များ စည်းချက်ညီမှ ဆရာ/ဆရာမတို့၏ သုံးကြောင်း၊ ငါးကြောင်း ကဗျာစာမူများနှင့် တွဲဖက်ပြီး လက်ရေးပို့စကဒ်များ ထုတ်ဝေဖြန့်ချိရောင်းချသွားမည်ဖြစ်ပါသည်။ အနုပညာရှင်များ၊ ကဗျာဆရာများက မိမိတို့ တတ်စွမ်းသမျှ အနုပညာဖြင့် ပါဝင်ရေးသားပံ့ပိုးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကျွန်တော်တို့၏ ရည်ရွယ်ချက်မှာ ထောင်အသီးသီးတွင် ကျန်ရစ်နေဆဲဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများအတွက် ဆေးဝါး၊ အစားအစာ၊ စာအုပ်စာတမ်း စသည့်လိုအပ်ချက်များကို ရရှိလာသော ရန်ပုံငွေများနှင့် သုံးစွဲဝယ်ယူပြီး သွားရောက်ပေးပို့မည်ဖြစ်ပါသည်။

ယခု (၆.၂.၂၀၁၂) ကျိုက္ကဆံဘုရားပွဲတော်မှ စတင်ပြီး ဆိုင်ခန်းဖွင့်၍ အနုပညာပစ္စည်းများ၊ တီရှပ်၊ အိတ်၊ လွယ်အိတ်၊ ပို့စကဒ်နှင့် စာအုပ်များကို ရန်ပုံငွေရရှိရန် ရောင်းချသွားမည်ဖြစ်သည့်အတွက် ကျွန်တော်တို့နှင့်အတူ ပူးပေါင်းပါဝင်အားပေးကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ညီညီထွန်း (မီးဒုတ်)
တာဝန်ခံ
၀၉ ၇၃၂၃၈၃၉၆

စည်းချက်ညီ
(ရန်ပုံငွေရှာဖွေရေးအဖွဲ့)

06 February 2012

ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ(မန္တလေး) ကို ကြံ့ဖွတ်က ခြိမ်းခြောက် - USDP Attacks NLD's Art Show in Mandalay

မန္တလေး၌ NLD က ကြီးမှူးကျင်းပသည့် ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ ကို ကြံ့ဖွတ်က ခြိမ်းခြောက်

From Pwint Thit Lwin Pyin Art Show (Mandalay, 2012)


မန္တလေး၊ ၈၄ လမ်းနှင့် ၃၁ လမ်းထောင့်ရှိ ဓမ္မသာလ ဗိမာန်၌ ၂၀၁၂၊ ဖေဖော်ဝါရီ ၄၊ ၅၊ ၆ သုံးရက်တာ NLD က ကြီးမှူးကျင်းပပြီး ခင်းကျင်းပြသနေသည့် ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ၏ တာဝန်ခံတစ်ဦးဖြစ်သူ ဦးကျော်မိုးသာ ၏ နေအိမ်ကို (၂၀၁၂၊ ဖေဖော်ဝါရီ၊ ၅) ရက် နံနက်အစောပိုင်းက ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး(အတိုကောက် - ကြံ့ဖွတ်)ပါတီမှ ဦးမြမောင် (လက်ဖက်ခြောက်လုပ်ငန်းပိုင်ရှင်၊ မန္တလေး) ဆိုသူ ရောက်လာပြီး ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကြားသိရပါသည်။

ကြံ့ဖွတ်မြမောင် လာရောက်ချိန်၌ ဦးကျော်မိုးသာသည် ၄င်း၏ နေအိမ်၌ မရှိပေ။ ဦးကျော်မိုးသာ၏ သားဖြစ်သူနှင့်သာ တွေ့ဆုံသွားပြီး အဆိုပါ ကြံ့ဖွတ်မြမောင်က ပြောဆိုသည်မှာ...
၁။ " ဒီကောင်မပုံတွေပဲ နေရာတကာတွေ့နေရတယ်။ မော်ဒယ်လ်ကျနေတာပဲ " ဟု နေအိမ်တွင်းချိတ်ဆွဲထားသော ဒေါ်အောင်ဆန်းစုကြည်ပုံပါ ပြက္ခဒိန်ပိုစတာများကို ကြည့်ပြီး ပြောဆိုခဲ့သည်ဆို၏။
၂။ အဆိုပါ ကြံ့ဖွတ် မြမောင်ကပင် ဆက်လက်၍ -
"ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲမှာ ဦးကျော်မိုးသာ၏ ပန်းချီကားရောင်းရသည်ကြားကြောင်း။ ပွင့်သစ်လွင်ပြင်ပန်းချီပြပွဲမှာ ရောင်းရသည့် ပန်းချီဆရာများ၏ နာမည်များစာရင်း၊ ၄င်းရောင်းရသည့်ပန်းချီကားများကို ၀ယ်ယူသွားသော ပန်းချီကားဝယ်ယူသူများစာရင်းနှင့် ၀ယ်ယူသူများ၏ နေရပ်လိပ်စာအတိအကျများ ရယူလိုကြောင်း"
ဆက်ပြောပြန်သည်ဆို၏။

အဆိုပါ ကြံ့ဖွတ်မြမောင်သည် ၄င်းနှင့် မသက်ဆိုင်ဘဲ NLD က ကြီးမှူးကျင်းပသည့် ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲမှ ပန်းချီကားရောင်းရသူ ပန်းချီဆရာများနှင့် ပန်းချီးကားဝယ်ယူသူများစာရင်း(နေရပ်လိပ်စာအပါအ၀င်) တောင်းယူရသည့် အကြောင်းရင်းမှာ မည်သည့်ကြောင့်နည်း။

ပန်းချီဆရာများနှင့် ပန်းချီကားဝယ်ယူသူများကို ၄င်းတို့ ကြံ့ဖွတ်ပါတီက တစ်ခုခု လုပ်ပစ်ရန် ကြံစည်နေသလော...။ စဉ်းစားစရာ များစွာရှိလာရပေပြီ။
ဒီပဲယင်း နှင့် ၂၀၀၇ စက်တင်ဘာ အရေးအခင်းများတွင် ကြံ့ဖွတ်များ အသုံးပြုခဲ့သည့် လူသတ်၊ဖမ်း၊ခြိမ်းခြောက်သည့်နည်းလမ်းများကို ယခုလို လင်းပွင့်ရမည့် ခေတ်ရောက်သည်အထိ ကြံ့ဖွတ်ပါတီက အသုံးပြုနေသည်ကို မန္တလေးမှ အဆိုပါ ကြံ့ဖွတ်မြမောင်တို့လို လူစားမျိုးကိုကြည့်ကာ အကဲဖြတ်နိုင်ကြပါစေကုန်သတည်း။

သာဓု... သာဓု... သာဓု။

မန္တလေးမှ ပန်းချီချစ်သူတစ်ဦး