25 April 2010

A Poem For The Selfish

ပုတ္တောဝါဒ

နှစ်ထောင့်တစ်ဆယ်က ထမင်းဝိုင်းကြီးလားဗျ
မီဒီယာအချို့ ရင်ဖွင့်တတ်လာတာ မြင်မကောင်း ရှုမကောင်း
သူတို့ရဲ့ချပ်ဝတ်တန်ဆာက တတိယ အသံထုတ်တာဆိုပဲ
မိတ်ဆွေရဲ့ ကဗျာရွတ်သံပဲ ကြားယောင်မိရဲ့
‘သူရဲကောင်းတို့ရဲ့ ချပ်ဝတ်တန်ဆာဟာ ဒဏ်ရာတွေသာဖြစ်တယ်’။

အဲဒီထမင်းဝိုင်းမှာ ပညာတတ်အမည်ခံ အုပ်စုက
ထမင်းစားဝတ်စုံတွေ ၀တ်ကြပေါ့။၊
သိပ်မ၀ါးနဲ့ကိုယ့်လူ
ထမင်းဆိုတာ လယ်သမား၊ အလုပ်သမားတွေဆီကလာတာ။

ဒီပွဲက သစ္စာပြုပွဲဗျ
နောက်ဆုံးလက်တံတွေ ဖြန့်ရမယ့်ပွဲ။

သစ္စာပြုပွဲတိုင်းမှာ
ရူးချင်ယောင်ဆောင်၊ မယောင်ရာဆီလူးတဲ့
ကိုယ်ကျိုးရှာ မောဟဘီလူးတွေဟာ ရှိနေစမြဲပဲ။ ။

ဖိုးပိတာ