16 May 2009

Free Burma, Free Suu Kyi (POSTERS)

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး
ပြည်တွင်းလှုပ်ရှားမှုများနှင့် ဘလော့ဂ်များပေါ်တွင် တင်ရန် ပိုစတာ အရွယ်အစား (၃)မျိုး





(By the way, I got above Posters from Email)


TIME TO FIGHT FOR BURMA'S DAW AUNG SU KYI

နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ဗမာ့ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်ပါစေ။
အမြန်ဆုံး လွတ်မြောက်ရမည်။

13 May 2009

IRON CROSS SHOW AT MANDALAY BAHTOO STADIUM (12.MAY.009)

မန္တလေး - ဗထူးကွင်းမှာ လုံထိန်းတွေနဲ့ ပရိသတ်တွေ ပွဲကြမ်းခဲ့တဲ့ Iron Cross ရှိုးပွဲ

(၁၂၊ မေ၊ ၀၀၉)

From IC SHOW at BaHtoo Stadium, Mandalay (12.May.009)



၁၂၊ မေ၊ ၀၀၉ ည မန္တလေး၊ ဗထူးဘောလုံးကွင်းထဲက မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင် ရတနာပုံ FC ဘောလုံးကလပ်အသင်းမိတ်ဆက်အနေနဲ့ ညနေ (၆)နာရီခွဲမှာ စတင်ကျင်းပခဲ့တဲ့ Iron Cross Music Band ရဲ့ ဖျော်ဖြေပွဲမှာ လုံထိန်းတွေ (ရဲ+စွမ်းအားရှင်)နဲ့ မန္တလေးပရိသတ်တို့ အချင်းများ၊ ပြဿနာဖြစ်ပွားပြီး ည (၁၀) နာရီခွဲအရောက်မှာတော့ ရှိုးပွဲကို ရပ်နားလိုက်ရပါတယ်။

အစက ရိုးရိုး

ရှိုးပွဲအစမှာ မန္တလေးပရိသတ်ဟာ အေးအေးဆေးဆေးပဲ အားပေးခဲ့ပါတယ်။ IC ပွဲကို နောနော်နဲ့ စဖွင့်ခဲ့ပါတယ်။ အဲဒီနောက်မှာ ကြိုးကြာ၊ ခင်ဘုဏ်း၊ ဟန်ထွန်း၊ ဇော်ပိုင်၊ ချောစုခင်၊ ဆုန်သင်းပါရ်၊ ထွန်းအိန္ဒြာဗို၊ ၀ိုင်ဝိုင်း၊ မျိုးကြီး၊ အငဲ၊ လေးဖြူ စတဲ့ အဆိုတော်များက အစဉ်လိုက် ဖျော်ဖြေခဲ့ပါတယ်။

ပြဿနာက မဆိုင်ဘဲကွင်းထဲမှာ ဟန်ရေးပြနေတဲ့ စွမ်းအားရှင်နဲ့ ရဲလုံထိန်းတွေကို ပရိသတ်က -ီးဘဲအော်ဟစ်ကာ ထောပနာပြုပြီး ရေသန့်ဘူးများနဲ့ ပစ်ပေါက်ကျီစယ်ရာက စခဲ့ပါတယ်။ ၂၀၀၇၊ စက်တင်ဘာ စစ်အဆိုးရဆန့်ကျင်ရေး သံဃာ့အရေးအခင်းပြီးကတည်းက စစ်အဆိုးရ လက်ကိုင်တုတ်များဖြစ်တဲ့ စစ်၊ ရဲ၊ ကြံဖွတ်၊ စွမ်းအားရှင်တွေကို မြင်ပြင်းကပ်နေတဲ့ ပရိသတ်ဟာ ယခုလို ထိပ်တိုက် ရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ရတနာပုံ FC ဘောလုံးကလပ်မိတ်ဆက်အနေနဲ့ ကျင်းပခဲ့တဲ့ ဒီ IC Show ဟာ အစက Free Show ကျင်းပမယ်ဆိုပြီး လေသံပစ်ခဲ့ပေမဲ့ တကယ်တမ်း (၁၂)ရက်နေ့ည ကျင်းပတဲ့အချိန်မှာတော့ ၁၄၀၀၀ ကျပ်တန်း (ဘောလုံးအသင်းအကျီ င်္လက်ဆောင်)၊ ၇၀၀၀ ကျပ်တန်း (ဘောလုံးကလပ်ဦးထုပ်)နဲ့ ၂၀၀၀ တန်း များခွဲပြီး လက်မှတ်ရောင်းချခဲ့တာမို့ ပရိသတ်ဟာ ဗထူးကွင်း ရဲ့ အနောက်ဘက်တန်း(၇၀၀၀ နဲ့ ၁၄၀၀၀) တန်းတွေမှာ အများဆုံး၊၊ မြောက်နဲ့ တောင်ဘက်တန်းတွေမှာအနည်းငယ်ပဲ ရှိနေခဲ့ပါတယ်။

အနောက်ဘက်တန်းပရိသတ်က လုံထိန်းတွေကို ရေသန့်ဘူးများ၊ ဗထူးကွင်းပရိသတ်စင်ပေါ်က သုံးထပ်သားပြားငယ်များနဲ့ ပစ်ခတ်ပြီး ဗထူးကွင်းမြက်ခင်းပြင်ဘေးက သံဇကာတန်းများကို ရိုက်ချိုးကြပါတယ်။ ပိုဆိုးသွားတာက ကွင်းထဲက အသိဥာဏ်နုံ့နဲရှာတဲ့ စွမ်းအားရှင်တွေ၊ ရဲတွေက ပရိသတ်ဘက်က ပစ်လိုက်တဲ့ ရေသန့်ဘူးတွေ၊ ၀ါးလုံးတန်းတွေနဲ့ ပရိသတ်ကို ပြန်ပစ်ရာက စပါတယ်။

နောက်တော့တစ်မျိုးတိုး

From IC SHOW at BaHtoo Stadium, Mandalay (12.May.009)



အဆိုတော် မျိုးကြီး စင်ပေါ်တက်လာတဲ့ အချိန်မှာ ပရိသတ်က အတော့်ကို ပွဲဆူနေပါပြီ။ အငဲစ ဆိုတဲ့အချိန်ပိုဆိုးလာပြီး ကျွန်တော်တို့ လေးဖြူ...လေးဖြူ...လေးဖြူ...စတင် သီဆိုဖျော်ဖြေတဲ့အချိန်မှာ ဘောလုံးကွင်းဘေး သံဇကာအရံအတားတွေကို ပရိသတ်က ရိုက်ချိုးပစ်လိုက်ပြီး ပရိသတ်အတော်များများ ကွင်းထဲက စတိတ်စင်ရှေ့ကို ပြေးလာပြီး အားပေးကြပါတော့တယ်။ တကယ့်ကို နိုင်ငံတကာ ROCK SHOW ပွဲများလိုပါပဲ။ အဲဒီအချိန်မှာ အစောပိုင်းက ပရိသတ်ကို စော်ကားခဲ့တဲ့ စွမ်းအားရှင်တွေလည်း ကွင်းပြင်ထွက်ပြေးသွားရပြီး ရဲများလည်း ကွင်းထောင့် ချောင်မှာ ကပ်နေရပါတော့တယ်။

ပရိသတ်ဟာ လေးဖြူကို စင်ပေါ်ထိတက်ပြီး အာဝါးများပေးခဲ့ကြသလို ချစ်စမ်းမောင်ကိုလည်း ရေသန့်ဘူးတိုက်ခဲ့ကြပါတယ်။
အဆိုတော် လေးဖြူကတော့ ခပ်ပျော်ပျော်ပဲ ပွဲကိုထိန်းသွားပြီး ည (၁၀)နာခွဲအရောက်မှာတော့ (အထက်က စစ်အမိန့်အရ ထင်သာပဲ) ပွဲကို ရပ်နားလိုက်ရပါတော့တယ်။

ဒီပုံစံအတိုင်းဆိုရင်ဖြင့် နောင်မှာ ကျင်းပမယ့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲတွေမှာ လုံထိန်းနဲ့ ပရိသတ် ရန်ပွဲတွေကို စီစီညံညံတွေ့ရဖို့ အလားအလာများ ရှိလို့မို့ ဆက်လက်စောင့်ကြည့်အားပေးတော်မူကြပါစို့ဟုသာ... ။

(အထူးသတိထားရမှာက စစ်အဆိုးရဟာ ၂၀၁၀ ရွေးကောက်ပွဲအတွက် ဗမာ(မြန်မာ)ပြည်သူ၊ ပြည်သားတွေကို မျက်စိလည်လှမ်းမှားအောင် ဘောပွဲတွေနဲ့ အာရုံပြောင်းဖို့ ကြိုးစားနေပြီဆိုတာပါပဲခင်ဗျား)

PHOTO ALBUM OF IC SHOW AT MANDALAY BAHTOO STADIUM (12.MAY.009)