03 January 2015

အနောက်မြောက်လွင်ပြင်ကဗျာဆု ၂၀၁၄ (မုံရွာ) - The Murder's Dinner by Hnin Khar Moe

အနောက်မြောက်လွင်ပြင်ကဗျာဆု ၂၀၁၄ (မုံရွာ) ကဗျာဆုပေးပွဲအခမ်းအနားဖိတ်စာ

 နေ့ရက် - ၇၊ ၁၊ ၂၀၁၅
အချိန် - မွန်းတည့် (၁၂) နာရီ
 နေရာ - အုပ်စိုး-၁ စားသောက်ဆိုင်၊ ကန္နားလမ်း၊ ကွေ့ကြီးရပ်၊ မုံရွာမြို့

အနောက်မြောက်လွင်ပြင်ကဗျာဆု ၂၀၁၄ (မုံရွာ) ရရှိသူ ကဗျာဆရာ နှင်းခါးမိုး လူသတ်သမားရဲ့ ညစာ ကဗျာအား ဖိတ်စာတွင် ပူးတွဲဖော်ပြထားပါသည်။ ဖိတ်စာအား Scan ဖတ်၍ တင်ပေးလိုက်ပါသည်။

Nyo Gyi




28 December 2014

တေးဂီတအကယ်ဒမီဆုရ စန္ဒရားတင်ဝင်းလှိုင်၏ ကျေးဇူးတင်စကား ကောက်နုတ်ချက်

၂၀၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ (27-12-2014) တွင် "ကြယ်စင်မော်ကွန်း" ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုရ စန္ဒရား တင်ဝင်းလှိုင်၏ ကျေးဇူးတင်စကား ကောက်နုတ်ချက်

ကျွန်တော်တို့ ဒီခေတ်မှာလည်း နန်းမတော်မယ်နုနဲ့ အင်မတန်နီးတဲ့ အန်တီကြီးတွေရှိပါတယ်။ အဲ အဲလို အင်မတန်ဝင်ပြီးတော့ ဒွင်ကျယ်ပြီးတော့ စွာကျယ်စွာကျယ်အန်တီကြီးတွေရှိပါတယ်။
....
ခုနက အုတ်ကျောင်းဆရာတော်က ဒါပါပဲ။ ရေဖလားထဲကို ဘုရင်ကြီးနဲ့ ဘုရင်မကြီးရှေ့မှာ ရေထည့်လိုက်တယ်။ ထည့်ပြီးတော့ ဟော့ဒီမှာကြည့်ကြ။ ဘုရင်ဆိုတဲ့ လူ။ ဘုရင်မဆိုတဲ့ လူ။ ဘယ်တုန်းက ဘယ်လိုကံတွေ သံသရာမှာပါလာတဲ့အတွက် ဘုရင်နဲ့ ဘုရင်မဖြစ်တယ်ဆိုတာ နင်တို့တခါတည်းသိကြဆိုပြီးတော့။ သူတို့က နင့်မို့ဆို ဘ၀င်မြင့်နေမှာစိုးလို့။ သူတို့က အစဉ်အလာ ဘယ်တော့မှ ဒီနေရာက ဖယ်တာမဟုတ်ဘူး။ အဲတော့ ဒိန်းဆို။ (လက်ခုပ်သြဘာသံများ) ဒိန်းဆို အဲဒီမှာ လုပ်လိုက်တယ်။ သူ့မြေးလေးက အရမ်းမျောက်ရှုံးအောင်ဆော့တယ်။ မြေး မျောက်ရှုံးအောင်ဆော့တာ ကျွန်တော်တို့ နိုင်ငံမှာ ရှိပါတယ်။ အစဉ်အလာရှိပါတယ်။ (လက်ခုပ်သြဘာသံများ) ကျွန်တော်တို့နိုင်ငံမှာ မြေးက အဖွားရဲ့ အသည်းဖြစ်နေတယ်။ အဖိုးရဲ့ အသည်းဖြစ်နေတယ်။ အဲဒီအဖိုးနဲ့ အဖွားက  ငကြောင်ကြီးဆို သွားပြီပဲ။ ငပေါမကြီးဆို သွားပြီပဲ။ ဒီမှာတော့ ဘုရင်နဲ့ ဘုရင်မပေါ့လေ။ အစဉ်အလာပေါ့။ ဒါ ကျွန်တော်တို့ ဗမာမှာက ဒါပဲ ဂုဏ်လုပ်နေရတာ။ ဒါကိုပဲ ဂုဏ်လုပ်နေရတာ။ အဲဒီတော့ အဲဒီမျောက်ကလေးက ဒီကလေးက ဘယ်သူလဲကွ။ အသွန်အသင်အဆုံးအမ မရှိဘူးလားဆိုတော့။ အဲဒီလို ပြန်ပြီးတော့ ဟောက်ရဲတာ ပြောရဲတာ ပေါ့လေ။ Command အဲဒီလို ချက်ချင်း Command ပေးရဲတဲ့ဥစ္စာက ဒီအုတ်ကျောင်းဆရာတော်ပဲ ရှိပါတယ်။ သူက ခုနက ရေကိုကြည့်ကြည့်။ ဒီမှာကြည့်တဲ့။ ရေကိုပြတယ်။ ပြတော့ အဲသလောက်ပဲ မင်းတို့ ရမယ်တဲ့။ ခု မင်းတို့ဘယ်လောက်လှူလှူ အဲလောက်ပဲရမယ်ဆိုတော့။ အထဲမှာ ရေမရှိပါဘူး။ ဒါကိုနားလည်းရမှာက။ ဥာဏ်သိသိ ရမယ်။ ဘယ်လိုသိရမလဲ။ (လက်ခုပ်သြဘာသံများ) ရေတော့ မရှိဘူး။ ရေတော့ မရှိဘူး။ အထဲမှာ စိုနေတယ်။ အစိုဓာတ်ကလေး ကျန်ခဲ့တယ်။ ဒါပဲရမယ်။
....
နောက်ခံတေးဂီတဆိုတာက ဒီလို တယောက်တည်း တီးလို့ မရပါဘူး။ အားလုံးကောင်းလို့ပါ။ (လက်ခုပ်သြဘာသံများ) ရုပ်ရှင်နောက်ခံတေးဂီတဆိုတဲ့ ဥစ္စာက နိုင်ငံတော် အဟောင်းဖြစ်ဖြစ် အသစ်ဖြစ်ဖြစ် မဟောင်းတဟောင်း မသစ်တသစ်ဖြစ်ဖြစ် တည်သလိုပဲ အားလုံးကောင်းမှ ရတာပါခင်ဗျာ။ (လက်ခုပ်သြဘာသံများ)
....
ကျွန်တော် ၂၀၀၅ ခုနှစ်မှာ ကိုပွားရဲ့ "မင်္ဂလာပါ"ကို စတီးပါတယ်။ အဲဒီ ၂၀၀၅ နဲ့ အခု ၂၀၁၃ နဲ့ ကြားမှာ ဘာမှ မတီးပါဘူး။ တခြားဟာပဲ တီးပါတယ်။ ဘာမှ မတီးပါဘူး ကျွန်တော်။ စန္ဒရား မတီးပါဘူး ကျွန်တော်။ ရုပ်ရှင်မတီးပါဘူး။ ဒါပေမဲ့ ကျွန်တော်။ ပြန်တီးတဲ့အခါမှာ ဒီလိုထွက်ပါတယ်။ ကျွန်တော့်ကြောင့်မဟုတ်ပါဘူး။ ကျွန်တော်ပြောပါတယ်။ Just surfing on that easy matter။ ဒီလို လွယ်အောင်လုပ်ထားတာက ကျွန်တော့်အစ်ကို ကျွန်တော့် ကျွန်တော့်ကို ဒီပညာသင်ထားပေးတာ မဟုတ်ပေမဲ့ ကျွန်တော့်ကို ကောင်းကောင်း ကောင်းကောင်းလေး ပညာပေးနိုင်တဲ့ ပန်းချီစိုးမိုး။ သူကောင်းလို့။ သူ့ရဲ့ ဇာတ်ကားအခင်းအကျင်း။ သူ့ရဲ့ အရုပ် ရစ်သမ်တွေ အရမ်းကောင်းတဲ့အတွက် ... ကျွန်တော်က လှိုင်းစီးသလို အပြားလေးနဲ့ လှိုင်းစီးသလို ကျွန်တော်က အိပဲ့အိပဲ့အိပဲ့နဲ့ လိုက်ရုံပါပဲ။ သိပ်ဘာမှ ခက်တာမဟုတ်ပါဘူးခင်ဗျာ။
....
ပိုက်ဆံတွေ ပိုက်ဆံတွေ ဘယ်ကရမှန်းမသိဘဲနဲ့ ပိုက်ဆံတွေ ပိုက်ဆံတွေ သိမ်းဖို့နေရာ မရှိတဲ့လူ။ ကျွန်တော်တို့က ပိုက်ဆံကို ရှာလို့ မရတဲ့လူ၊ သူတို့က သိမ်းဖို့နေရာခက်နေတဲ့လူ။ ပိုက်ဆံထားဖို့နေရာတွေ လိုက်သိမ်းမှ ရမယ့်လူ။ (လက်ခုပ်သြဘာသံများ) အဲ့ဒီလူက ဘယ်သူလဲဆိုတော့...။

(ထိုနေရာတွင် လူရွှင်တော်တစ်ဦး(ဟုထင်ရ)မှ စင်ပေါ်ရေသန့်ဘူး တက်ပေး။ တင်မိုးလွင်က ဆူညံသံ(လက်ခုပ်သြဘာသံများ)အတွက် ရှေ့ကကြွရောက်အားပေးတဲ့ ဧည့်သည်တော်လူကြီးမင်းများ (အစိုးရအဖွဲ့ဝင်များ) နားလည်ခွင့်လွှတ်ပေးရန် ၀င်ပြော။ ထို့နောက် ရန်အောင်က ရုပ်ရှင်အစည်းအရုံးဥက္ကဌ လူမင်းကို ဖိတ်ခေါ်၍ စန္ဒရားတင်ဝင်းလှိုင်အား အကယ်ဒမီဆုပေးခိုင်းခဲ့သည်။)

~ ညိုကြီး ကောက်နုတ်တင်ပြသည် ~