11 March 2010

U Win Tin's 80th Birthday Speech

" ဦးဝင်းတင်၏ ရှစ်ဆယ်နှစ်ပြည့်စကားသ၀ဏ် "

ဒီနေ့ဒီအချိန်ဟာ ဒီမိုကရေစီအင်အားစုတွေအားလုံးအတွက်
အမွန်းကျပ်ဆုံးကာလဖြစ်ပါတယ်။ စစ်အာဏာရှင်တွေဟာ သူတို့ရဲ့
အသက်ဆက်ယန္တရားကို စက်ကုန်ဖွင့်ဖို့ မီးကုန်ယမ်းကုန် စိုင်းပြင်းကြပါပြီ။
စစ်အာဏာရှင်တွေဟာ လူထုကြီးတစ်ရပ်လုံးကို ကျီးကန်းတောင်းမှောက်
လှည့်စားဖျားယောင်းမယ်။
သေလုမျောပါးဖိနှိပ်ချုပ်ချယ်မှုကို တိုးလို့တိုးလို့သာ စစ်ဖိနပ်(နဲ့) နင်းတော့မယ်။
ဒီမိုကရေစီအင်အားစုတွေအားလုံးအတွက်လည်း သူသေကိုယ်ရှင်
တုန့်ပြန်ဆန့်ကျင်တိုက်ပွဲဝင်ကြရတော့မယ်။
ဒီလိုကာလမျိုးဆိုက်လာချိန်မှာ ကိုင်စွဲစရာလက်နက်သုံးမျိုးသာ
ကျွန်တော်တို့မှာ ရှိပါတော့တယ်။

- မကြောက်တရားလက်နက်
- သွေးစည်းညီညွတ်ရေးလက်နက်
- စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ရည်မှန်း ပန်းတိုင်တစ်ခုတည်းချမှတ်၊
ရှေးရှု၊ ရင်ဆိုင် ချီတက်ရေးလက်နက်။

ရှစ်ဆယ်နှစ်ပြည့်မွေးနေ့မှာ ဒီလိုသ၀ဏ်စကားပါးခွင့်ရတာ ၀မ်းသာတယ်၊
ကျေနပ်တယ်၊ အားရတယ်။ အရေးတော်ပုံအောင်ရမည်။

၁၂ ရက် မတ်လ ၂၀၁၀ ခုနှစ်၊ သောကြာနေ့

သူသေကိုယ်ရှင် တုန့်ပြန်ဆန့်ကျင် တိုက်ပွဲဝင်ကြရတော့မယ်။
လက်နက်သုံးမျိုးကိုင်စွဲ ရဲရဲတိုက်ပွဲဝင်ကြ !

10 March 2010

Comments on 2010 Nargis Election & Parties Laws

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေဆိုသည်မှာ

(၂၀၁၀ ခုနှစ်၊ မတ်လ ၁၀ ရက်)

လူ့ ဘောင်သစ် ဒီမိုကရက်တစ်ပါတီ
သုတေသနနှင့် လေ့လာရေးဌာန
ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၅/၂၀၁၀)

အီးမေးလ်မှ တစ်ဆင့် လက်ခံရရှိသည်။ လွှဲပြောင်းပို့ပေးသူ အား အထူးကျေးဇူးတင်ပါ၏။

5 10 Commentary

2010 Election & Parties Law Based on 2008 Nargis Constitution

Unfair Election & Party Law 2010


အီးမေးလ်မှ တစ်ဆင့် လက်ခံရရှိသည်။ လွှဲပြောင်းပို့ပေးသူ အား အထူးကျေးဇူးတင်ပါ၏။

09 March 2010

ABMA Journals (Vol. 1, No. 3)

ABMA ဂျာနယ်
All Burma Monks Alliance (မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး)
Volume I, No 3
7th March 2010

၈-၃-၂၀၁၀ နေ့မှာ ABMA ဂျာနယ်ကို ၃-ကြိမ်မြောက် ဆက်လက်ထုတ်လုပ်ဖြန့်ဝေလိုက်ပါတယ်။
အွန်လိုင်းမှာရော၊ A4-စာရွက်နဲ့ရော လွယ်လွယ်ကူကူ ထုတ်ယူဖတ်ကြည့်နိုင်အောင် စီစဉ်ထားပါသည်။
အဖွဲ့ပိုင် ၀က်ဆိုဒ်မှာလည်း အခုပတ်ဂျာနယ်ရော၊ ပြီးခဲ့တဲ့အပတ်ဂျာနယ်များပါ ဒေါင်းလုတ်ယူနိုင်ပါသည်။
တစ်ပတ်ထက် တစ်ပတ် ပိုမိုကောင်းမွန်အောင် A B M A အဖွဲ့သားများ ဆက်ကြိုးစားသွားမည်ဖြစ်ကြောင်း စာဖတ်ပရိသတ်ကို အသိပေးပါသည်။ ။

--
http://allburmamonksalliance.com/
http://allburmamonksalliance.org/

7310ABMA Journa