26 October 2012

Because of Words

"စကားကြောင့်..."

ကျွန်ုပ်သည်
မိမိ၏ ချစ်သောတိုင်းပြည်အား
စစ်မီး၊ ရန်မီးမရှိ ယခုထက် ပိုမိုကြီးပွားတိုးတက်စေလို၏
ဤမှန်သော သစ္စာစကားကြောင့်
ကျွန်ုပ်တို့၏ ချစ်လှစွာသော ဗ/မြန်မာပြည်ကြီး
မီးဟူသမျှ ကင်းစင်ငြိမ်းပကာ
ကမ္ဘာ့အလယ် မျက်နှာတော် မငယ်ပါရစေနဲ့
ဘုရား...

စကားနောက် အမှားမပါကြဘဲ
စကားနောက် တရားသာ ပါကြစေကုန်
သတည်း....။

ညိုကြီး
25.10.2012