16 February 2013

National Network for Educational Reform (NNER) ~ Myanmar

ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက်
(National Network for Educational Reform ~ NNER)


ဤပညာရေးကွန်ယက်သည် နိုင်ငံလုံးဆိုင်ရာပညာရေးမူဝါဒ (National Educatiion Policy) တစ်ရပ်ချမှန်နိုင်ရန် အတွက် မြန်မာနိုင်ငံဒေသအသီးသီးရှိ ပညာရေးနှင့် သက်ဆိုင်သူအားလုံးနှင့် ပြည်ပရာက်မြန်မာနိုင်ငံသားများ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်လာစေရန် ရည်ရွယ်၍ ဖွဲ့စည်းခြင်းဖြစ်ပါသည်။ ဤပညာရေးကွန်ယက်နှင့် ချိတ်ဆက်လိုသည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များသည် စာမျက်နှာ(၅)တွင် ဖော်ပြထားသည့် အီးမေး(လ်)များမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။


ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက် (National Network for Educational Reform ~ NNER) အကြောင်းအပြည့်အစုံကို အောက်က PDF ဖိုင်တွင် ကြည့်ရှုနိုင်ပါကြောင်း။

http://www.scribd.com/doc/125067336/NNER-and-October-Seminar-Statement



ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက် (National Network for Educational Reform ~ NNER)၏ အကြိုဆွေးနွေးပွဲများကို အောက်ပါအစီအစဉ်အတိုင်း (၁၅၊ ၂၊ ၂၀၁၃)ရက်က စစ်ကိုင်းနှင့် မန္တလေးတွင်ကျင်းပသွားရာ စစ်ကိုင်း ဆွေးနွေးပွဲတွင် တက်ရောက်ဆွေးနွေးသူ ဦးရေ (၅၀)ခန့်လည်းကောင်း၊ မန္တလေး ဆွေးနွေးပွဲတွင် တက်ရောက်ဆွေးနွေးသူ ဦးရေ (၁၀၀)ခန့်လည်းကောင်း ရှိကြောင်း သိရပါ၏။

နေရာ (၁)
(၁၅၊ ဖေဖော်ဝါရီ၊ ၂၀၁၃) (နံနက် ၁၀ နာရီ)
စစ်ကိုင်း၊ အောင်မြေဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း

နေရာ (၂)
(၁၅၊ ဖေဖော်ဝါရီ၊ ၂၀၁၃) (နေ့လည် ၂ နာရီ)
မန္တလေး၊ ၃၅ လမ်းနှင့် လမ်း ၉၀ ထောင့်၊ INTENSITY Speaking Centre

15 February 2013

Aung San's Birthday ~ Feb 13, 1915

 

 "မွေးနေ့ရှင်"

၁၉၁၅ ခုနှစ်၊ ဖေဖော်ဝါရီ (၁၃)ရက်၊ စနေနေ့
ကမ္ဘာမြေပေါ်က ဗမာပြည်မှာ
ကလေးငယ်တစ်ဦး မွေးဖွား
အောင်ဆန်း
လူသားစစ်စစ်တစ်ဦးမျှသာ ဖြစ် ။

ကျွန်တော်တို့ ခင်ဗျားတို့
ကိုယ်စီကိုယ်စီ မွေးဖွားကြီးပြင်းလာခဲ့ကြ
အခြေအနေ?
မိမိဘ၀ကို မိမိကိုယ်တိုင်ကသာ ပြဌာန်းနိုင် ။

ညိုကြီး
(၁၃၊ ၂၊ ၁၃)

================
ပြက္ခဒိန်ကို ဒီနေရာက ယူပါတယ်
http://tandemantiques.com/wp-content/uploads/2010/02/calendar3.jpg

Valentine's Day and Burma (Myanmar)

“...သေချာပါတယ်..အဲ့ဒီနေ့မှာ...“

သေချာပါတယ် အဲ့ဒီနေ့မှာ . . .
ပစ္စည်းတစ်ခုနဲ့ လာဘ်ထိုးကြမယ်
ဘ၀တစ်ခုကို အလဲအထပ်လုပ်ကြမယ်
မွတ်သိပ်မှုတွေ အစွမ်းကုန်ပွင့်ထွက်ကြမယ်
ရမ္မက်ခိုးတွေ အလျှံတငြီးငြီး တောက်လောင်နေမယ်
နာကျင်မှုတွေကို ရယ်သံအုပ်အုပ်ဖြင့် ဖုန်းကွယ်ကြမယ်
နှိပ်စက်သူရဲ့လက်ကို အနမ်းမိုး အကြိမ်ကြိမ် ရွာချကြမယ်

သေချာပါတယ် အဲ့ဒီနေ့မှာ . . .
ဘီယာဆိုင်တွေမှာ လူစည်နေမယ်
အရက်ဆိုင်တွေ ရောင်းကောင်းမယ်
ရုပ်ရှင်ရုံတွေမှာ ပြည့်သိပ်နေမယ်
ကေတီဗွီတွေမှာ ဘိုကင်ပြည့်နေမယ်
ဟော်တယ်လ်တွေမှာ အခန်းတွေကုန်နေမယ်

သေချာပါတယ် အဲ့ဒီနေ့မှာ...
အဖူးအငုံတွေ အစွမ်းကုန်ပွင့်ကားပြမယ်
လမ်းမတိုင်းဟာ စည်ကားနေမယ်
ပါတ်ဝန်းကျင်တိုင်ဟာ ဆူညံနေမယ်
ကျုံးဘေးမှာ ပွက်လောရိုက်နေမယ်
ကူညီပါရစေ..တွေ ဆန္ဒပြည့်လိမ့်မယ်
အိုပီတီမှာ အလုပ်တွေရှုပ်နေလိမ့်မယ်
သေချာပါတယ်...မန္တလေးမြို့ကြီးလည်း
အိပ်ရေးပျက်ပါလိမ့်မယ်

သေချာပါတယ် အဲ့ဒီနေ့မှာ. . .
. . . . . .
. . . . . .
အိပ်နှင့်ပါ အန်ကယ်လ်
အဲ့ဒီနေ့မှာ ခင်ဗျားသမီး အိမ်ပြန်နောက်ကြပါလိမ့်မယ်။

(Valentine's Day ကို ကြိုဆိုသာအားဖြင့်)

Jonathan Mms
Feb. 9. 2013