12 August 2011

Kolay (Innwa Goneyi)'s Peace Talk Video Files 1 & 2

ကိုလေး(အင်းဝဂုဏ်ရည်)၏ ငြိမ်းချမ်းရေးစကား

ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)၏ စိန်ရတု မွေးနေ့ (၁၁.၈.၂၀၁၁) ငြိမ်းချမ်းရေးစကား ဗွီဒီယိုဖိုင်များကို
ကျွန်တော် ညိုကြီး၏ Facebook(www.facebook.com/nyogyi) မှ
Videos ကဏ္ဍ(https://www.facebook.com/video/?id=100000008066345) တွင် ကြည့်ရှုနိုင်ပါပြီ။

ငြိမ်းချမ်းရေးစကား (၁) ကို
https://www.facebook.com/video/video.php?v=263241730352760
တွင်လည်းကောင်း



ငြိမ်းချမ်းရေးစကား (၂) ကို
https://www.facebook.com/video/video.php?v=263245280352405
တွင်လည်းကောင်း ကြည့်ရှုခံစားနိုင်ပါပြီ။



ကိုလေး(အင်းဝဂုဏ်ရည်)၏ ၇၅ နှစ်ပြည့် စိန်ရတုမွေးနေ့ပွဲသတင်းကို
http://bigbbrown.blogspot.com/2011/08/kolay-innwa-goneyis-75th-birthday-held.html
တွင် ဆက်စပ်ကြည့်ရှုနိုင်ပါသည်။ ။

ရှေ့ဆက်၊ ဆက်လက်၊ လက်တွဲ တိုက်ပွဲဝင်ကြပါဦးစို့ !

ညိုကြီး

11 August 2011

Poet Kolay(Innwa Goneyi)'s 75th Birthday Ceremony

ကိုလေး (အင်းဝဂုဏ်ရည်)၏ ၇၅ နှစ်ပြည့် စိန်ရတု မွေးနေ့ပွဲကျင်းပ



ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)၏ ၇၅ နှစ်ပြည့် စိန်ရတု မွေးနေ့ပွဲကို ဆရာကြီး၏ တံတားဦး-အင်းဝရှိ နေအိမ်တွင် ယနေ့(၁၁.၈.၂၀၁၁) ကျင်းပရာ ဆရာကြီးအား လေးစားသော ကဗျာ၊ စာ၊ နိုင်ငံရေးသမားများ တက်ရောက်ကာ ဆရာကြီးအားဂါရ၀ပြုခဲ့ကြသည်။



မွေးနေ့အခမ်းအနားကို နံနက်ပိုင်းနှင့် နေ့လည်ပိုင်း ၂ ပိုင်းခွဲကာ ကျင်းပခဲ့ပြီး တက်ရောက်သော ကဗျာဆရာများက ဆရာကြီးအားဂုဏ်ပြုသော ကဗျာများရွတ်ဆိုခြင်း၊ ဆရာကြီး၏ ငြိမ်းချမ်းရေးသြ၀ါဒများကို နာယူခြင်းစသဖြင့် ခမ်းနားငြိမ်းချမ်းစွာ ကျင်းပခဲ့သည်။ ဆရာကြီးက တက်ရောက်သော ဧည့်သည်များအား နေ့လည်စာ ထမင်း၊ အချိုတည်းစားစရာများနှင့် ဧည့်ခံခဲ့သည်။



ဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)က ငြိမ်းချမ်းရေးသဘော ပြောကြားရာတွင် လက်နက်ကိုင် ပဋိပက္ခများပြေငြိမ်းစေလိုကြောင်း၊ သခင်ကိုယ်တော်မှိုင်းကြီးကဲ့သို့ ငြိမ်းချမ်းရေးအတွက် အလေးထားဆောင်ရွက်ကြရန်နှင့် သွားလေသူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုပင် ရန်သူဟု မသတ်မှတ်တော့ဘဲ ငြိမ်းချမ်းရေးအတွက် လက်ကမ်းကြစေလိုကြောင်း... စသဖြင့် ငြိမ်းချမ်းရေးကို ဇောင်းပေးကာ သြ၀ါဒခြွေခဲ့ပါသည် ။ ။

ညိုကြီး
-------------------------------
ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိအကျဉ်း

၁၉၃၆ ခု၊ သြဂုတ်လ ၁၁ ရက်၊ အင်းဝမြို့၊ ဈေးချို ပန်းဘဲတန်း၌ မွေးဖွား ။
ဦးချွန်နှင့် ဒေါ်မမကြီး ...
၁၉၄၂-၄၅ (ဂျပန်ခေတ်)တွင် အင်းဝဂုဏ်ရည်ကျောင်း၌ စတင်ပညာသင်ယူ ။
ဆရာတော် ဦးသြဘာသာ၏ ပြာသာဒ်ကျောင်း၊
တံတားဦးမြို့ အထက်တန်းကျောင်းတို့၌ ဆက်လက်သင်ယူ ။
၁၉၅၄ ခု၊ မတ်လ တွင် ကျင်းပသော တက္ကသိုလ်ဝင်စာမေးပွဲ အောင် ။
၁၉၅၄ မှ ၁၉၅၈ မန္တလေးတက္ကသိုလ်-
မန်းတက္ကသိုလ် ကလောင်ရှင်သင်း
အဆောင်များ စာကြည့်တိုက်မှူး
စစ်ကိုင်း ခရိုင်အသင်း၌ ဥာဏဗလမှူး-
မန်းတက္ကသိုလ် ကဗျာဆရာများနှင့် တွဲ၍ ကဗျာစာအုပ်များထုတ်ဝေခဲ့ ။
၁၉၆၅ ခုနှစ်တွင် "လမ်းသစ်ကဗျာများ" ကဗျာစာအုပ်ဖြင့် အမျိုးသားစာပေဆု (ကဗျာ) ပထမဆု ရရှိခဲ့ ။
တင်မိုး
မောင်ခိုင်မာ
နွယ်(စစ်တွေ)
ခင်ဝင်းသစ် တို့နှင့်တွဲ၍ နဒီငါးသွယ် ကဗျာများ ရေးသားထုတ်ဝေခဲ့ ။
ယခုအချိန်ထိ ကဗျာများကို မြတ်မြတ်နိုးနိုး ရေးသားဆဲ ...

ကိုလေး (အင်းဝဂုဏ်ရည်)
11.VIII.2011