05 January 2012

Ko Pyin Nyar (Amarapura)'s Pre-80th & Shwe Gaing Thar's 100th Birthdays Ceremonies

တောင်သမန်၊ အမရပူရ၊ တောင်လေးလုံးကျောင်းတိုက်
ဆရာတော် ဦးပညာ (ကိုပညာ၊ အမရပူရ)
ရှစ်ဆယ်ပြည့်မွေးနေ့အကြို အမှတ်တရပွဲ


From Memorial


အခမ်းအနားအစီအစဉ်

နေရာ - တောင်သမန်၊ အမရပူရ၊ တောင်လေးလုံးကျောင်းတိုက်
နေ့ရက် - ၅၊ ဇန်န၀ါရီ၊ ၂၀၁၂
အချိန် - နံနက် ၉ နာရီမှ စတင်ကျင်းပ

အခမ်းအနားမှာ မောင်သစ်လွင်(လူထု)၊ ကိုလေး(အင်းဝဂုဏ်ရည်) အစရှိသူတို့က အမှတ်တရစကားများ ပြောကြားခဲ့။

အခမ်းအနားသို့ စာရေးဆရာများ၊ ကဗျာဆရာများ၊ သတင်းဆရာများ တက်ရောက်ခဲ့။

အခမ်းအနားအပြီးမှာ ဧည့်ပရိသတ်တို့အား ထမင်း၊ ဟင်းတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့။

Nyo Gyi

-----------------------------------------------------------------------------------------
ရွှေကိုင်းသား သက်တော် နှစ် (၁၀၀)ပြည့် အမှတ်တရပွဲ စစ်ကိုင်းမှာ ကျင်းပ

From Memorial


အခမ်းအနားအစီအစဉ်

နေရာ - အနုရုဒ္ဓါချောင်၊ စစ်ကိုင်းတောင်
နေ့ရက် - ၅၊ ဇန်န၀ါရီ၊ ၂၀၁၂
အချိန် - မွန်းတည့် ၁၂ နာရီမှ စတင်ကျင်းပ

From Memorial


အခမ်းအနားမစတင်မီ ဧည့်ပရိသတ်တို့အား ထမင်း၊ ဟင်းတို့ဖြင့် ဧည့်ခံကျွေးမွေး။

From Memorial


အခမ်းအနားမှာ မောင်သစ်လွင်(လူထု)၊ ကိုလေး(အင်းဝဂုဏ်ရည်)၊ မျိုးသူရ(စစ်ကိုင်း)၊ စိုးနိုင်(မန္တလေးတက္ကသိုလ်) အစရှိသူတို့က ရွှေကိုင်းသားနှင့် ပတ်သက်သမျှ အမှတ်တရစကားများ ပြောကြားခဲ့။

From Memorial


အခမ်းအနားသို့ စာရေးဆရာများ၊ ကဗျာဆရာများ၊ သမိုင်းဆရာများ၊ သတင်းဆရာများ တက်ရောက်ခဲ့။

Nyo Gyi

02 January 2012

Memorial Stone for Poet Hla Than

လှသန်း အမှတ်တရ ကျောက်တိုင်စိုက်ထူမှု အစီအစဉ်
၃၁၊ ဒီဇင်ဘာ၊ ၂၀၁၁
တောင်လေးလုံးကျောင်းတိုက်၊ တောင်သမန်၊ အမရပူရ။



အစီအစဉ်


အခမ်းအနားကို နံနက် ၉ နာရီကျော်က စတင်ကျင်းပ။
အခမ်းအနားမှူးအဖြစ် စာရေးဆရာ သင့်နော်က ဆောင်ရွက်။



၁။ ဆရာတော် ဦးပညာက ကဗျာဆရာများနှင့် ပတ်သက်ပြီး အမှတ်တရပြော။
၂။ ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)က မြန်မာကဗျာရာဇ၀င်နှင့် လှသန်းအကြောင်းပြော။
၃။ ကဗျာဆရာ ခင်အောင်အေး က လှသန်းကျောက်စာတိုင်လုပ်ဖြစ်ပုံအကြောင်းပြော။
၎။ စာရေးဆရာ ခင်အောင်ဝင့်က ယခုပွဲစီစဉ်မှုအကြောင်းပြော။
၅။ ကဗျာဆရာ ပိုင်စိုးဝေ က လှသန်းနဲ့ သူ၏ ပတ်သက်မှုပြော။
၆။ ဆရာကိုလေး(အင်းဝဂုဏ်ရည်)က နံနက် ၁၀ နာရီ ၃၆ မိနစ်၌ လှသန်းအမှတ်တရ ကျောက်တိုင်ကို တောင်လေးလုံးကျောင်းတိုက်ဝင်းအတွင်းရှိ သူဌေးဘုရားတောင်ဘက်တွင် စိုက်ထူဖွင့်လှစ်။
၇။ ဆရာပိုင်စိုးဝေနှင့် ခင်အောင်အေးတို့က ငှက် (၁၀)ကောင် အမှတ်တရ လွှတ်။
၈။ ကဗျာဆရာ မိုဃ်းဇော် က လှသန်းအကြောင်းအမှတ်တရပြော။
၉။ ကဗျာဆရာ မောင်နီဦး၊ ဥက္ကာကျော်၊ မော်မင်းသန်း၊ ခင်အောင်အေးတို့က လှသန်းကဗျာများ အမှတ်တရရွတ်။

From Hla Than


ယနေ့ပွဲကို ရန်ကုန်မှ ကဗျာဆရာများ၊ မန္တလေးနှင့်အနီးတ၀ိုက်မှ ကဗျာဆရာများ တက်ရောက်ခဲ့။

From Hla Than


အခမ်းအနားအပြီးမှာ တက်ရောက်လာသော ဧည့်ပရိသတ်အား ထမင်းဟင်းဖြင့် ဧည့်ခံကျွေးမွေးခဲ့။

ညိုကြီး