07 April 2008

အမေ လူထုဒေါ်အမာ၏ ဈာပန





မန္တလေးက လူရွှင်တော် နှုတ်ခမ်းမွေး ပါပါလေး ရဲ့ ၀မ်းနည်းစကား

ဈာပနမှာ တွေ့ရတဲ့ အမေမာ ရဲ့ ရဲဘော်ရဲဘက် ကိုလေး (အင်းဝ ဂုဏ်ရည်)


*** I have removed some dead photos of Ludu Daw Ah Mar from this post because I must pay respect to her and her family. ***

MEMORIAL NEWS OF Ludu DAW AH MAR

အသုဘရှု ဖိတ်ကြားလွှာ

မန္တလေးမြို့၊ ၃၂ လမ်း၊ ဂုန္တန်ဆေးရိုးဝင်းနေ ဦးထင်+ဒေါ်စု တို့၏ သမီး၊
နဂါးဒေါ်ဦး ၏ ညီမ၊ ဦးလှဖေ+ဒေါ်တင်တင်၊ ဦးကျော်စိန်+ဒေါ်ကြင်ကြင်၊ ဦးမောင်လေး+ဒေါ်ခင်လှမြင့်၊
ဒေါက်တာ ဦးခင်မောင်အေး+ဒေါက်တာဒေါ်ကြည်စိန် တို့၏ အစ်မ၊
ဦးစိုးဝင်း၊ ဦးခင်ဂျက်ဝင်း+ဒေါက်တာ သန်းရင်မာ (ဒေါက်တာမြမဉ္ဇူ)၊ ဦးဖိုးသံချောင်း၊ ဒေါ်တင်ဝင်း၊
ဦးငြိမ်းချမ်း(ညီပုလေး)+ဒေါ်တင်တင်ဝင်း တို့၏ မွေးသမိခင်
မစုစုမာ၊ ကိုဘိုဘို၊ မဖြူပြာ၊ မလင်းလင်းမွန်၊ မောင်အောင်ဘာလေ၊ မရွှေပြည်စိုး တို့၏ အဖွား
လူထုဦးလှ ၏ ဇနီး
လူထုဒေါ်အမာ (၉၃)နှစ် သည်
၁၃၆၉ ခုနှစ်၊ တန်ခူးလဆန်း(၂)ရက်၊ ၇-၄-၂၀၀၈ (တနင်္လာနေ့) နံနက် (၀၈း၃၇) နာရီအချိန်တွင်
ဘ၀တစ်ပါးသို့ ကူပြောင်းကွယ်လွန်သွားပါသဖြင့် ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်ကို
၁၃၆၉ ခုနှစ်၊ တန်ခူးလဆန်း (၄)ရက်၊ ၉-၄-၂၀၀၈ (ဗုဒ္ဓဟူးနေ့) နံနက် (၁၀း၀၀) နာရီအချိန်
အိမ်အမှတ် ၂၆၅၊ ၃၂ လမ်း၊ ၈၃x၈၄ လမ်းကြား နေအိမ်မှ ကြာနီကန် သုသာန်သို့ ပို့ဆောင် မီးသင်္ဂြိုဟ်မည် ဖြစ်ပါ၍
အသုဘရှု လိုက်ပါ ပို့ဆောင်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ကျန်ရစ်သူ မိသားစု

06 April 2008

NEW WORD FOR BURMA

အခုတလော ရန်ကုန်မှာ လူပြောသူပြောများနေတဲ့ စကားလုံး

တို့မြန်မာပြည်ကြီးမှာ နောက်ဆုံးတော့ "ကျောက်တုံးကြီးတွေ" ပဲ ကျန်ခဲ့တော့မှာပါတဲ့။

ကျောက် = ကြောက်တတ်တဲ့ သူရယ်
တုံး = ငတုံးငအ တွေရယ်
ကြီး = အသက်ကြီးတဲ့ သူတွေရယ်

ANOTHER SEPTEMBER POEM

“အရေးအခင်း”
တိုးနှောင်မိုး
ဧရာဝတီမြစ်ဘေးမှာ လဲလျောင်းနေတဲ့ သူရဲကောင်းတွေ
ဧရာဝတီမြစ်ထဲမှာ စီးဆင်းနေတဲ့ သွေးတွေ
ဟိုး...တစ်ခါတုန်းဆီက ။

ခုတော့
ဒေါသဟာ မိုးကုတ်စက်ဝိုင်းဖြစ်လို့
မောဟဟာ ရိုးမပတ်လမ်းဖြစ်လို့
သောကဟာ မြို့သစ်ကြီးတွေဖြစ်လို့
ဖြေစရာအဖြေမရှိတဲ့ အဖြစ်က
အငိုက်မိခဲ့တဲ့ လုပ်အားပေး
အဖေက အမေ့ကို လွမ်းလို့ ငိုကြတယ်
အဖေက မိသားစုကို လွမ်းလို့ ငိုကြတယ်
မုဆိုးမရဲ့ အသုဘကို
ဈာပနဖြစ်အောင်လုပ်ဖို့
လက်တို့ပြီးတော့ ငိုရမှာလား ။

စောင့်နေတဲ့ ပြတင်းအဖွင့်
မျှော်လင့်နေတဲ့ ပန်းရနံ့အပွင့်
သွေးကို အလံလို လွှင့်တာ
စက်တင်ဘာ ။

တိုးနှောင်မိုး