14 May 2011

Myanmar Ahlin Newspaper published Kyaw San as Dictators' Slave

အစေခံ ကျော်ဆန်း

Dictators' Slave Kyaw San and his followers appeared in Myanmar Ahlin Newspaper (11.5.2011)



၂၀၁၁ ခုနှစ်၊ မေလ ၁၁ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ (၆)တွင်
စစ်ကြံ့  ဖွတ် အာဏာရှင်အဆိုးရ ပြန်ဆက်နှင့်ယကမ ၀န်ကြီးဆိုသူ ကျော်ဆန်းကို အစေခံဟု သုံးနှုံးရည်ညွှန်းထားသော ဓာတ်ပုံကို ဖော်ပြခဲ့ပါသည်။ ဓာတ်ပုံထဲတွင် ကျော်ဆန်းနှင့် အဖွဲ့ဝင်များ လမ်းသလားနေပုံကို ဖော်ပြထားပြီး ဓာတ်ပုံဘေးတွင် ဓာတ်ပုံရည်ညွှန်းစာသားအဖြစ် အစေခံခံတပ် (ခံစရာရှိက ခံရမည့် အစေခံများတပ်ဖွဲ့  ) ဟု ဆိုင်းဘုတ်ထောင် ရေးထိုးထားသည်ကိုလည်း တွေ့ရပါသည်။

www.myanmar.com တွင် အခြားနေ့ရက်များက ထုတ်ဝေသော မြန်မာ့အလင်းသတင်းစာ PDF ဖိုင်များကို ၀င်ရောက်ကြည့်ရှု၍ ရသော်လည်း (၁၁၊ ၅၊ ၂၀၁၁) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ PDF ဖိုင်ကိုမူ ၀င်ရောက်ကြည့်ရှု၍ မရပါ။ ၄င်းဓာတ်ပုံပါ သတင်းစာကို အွန်လိုင်းတွင် မဖြန့်ဝေရဲသော စစ်ကြံ့  ဖွတ် အာဏာရှင်များ၏ လုပ်ရပ်မှာ အင်မတန် ဟားတိုက်ချင်စရာ ကောင်းနေပေတော့သည်။ ။

Nyo Gyi