29 December 2012

အဓိက ကတော့ စနစ်ပဲ

" အဓိက ကတော့ စနစ်ပဲ "

ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ မီဒီယာ၊ တပ်မတော်၊ ရဲ၊ NGO၊ ၀န်ထမ်း၊ ပုဂ္ဂလိကလုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်း...စသဖြင့်။

ဘယ်လောကမှာဖြစ်ဖြစ် စုန်းပြူးတို့၊ ငခုံးမတို့ဆိုတာ ရှိနေတာပဲ။ စုန်းပြူးကို ဖော်ထုတ်ဖို့၊ ငခုံးမကို ကုန်းပေါ်ပစ်တင်နိုင်ဖို့သာ လိုရင်းပဲ။ စုန်းမပြူးနိုင်အောင်၊ ငခုံး မ,မ နိုင်အောင် တရားဥပဒေရေးရာ ခိုင်မာတိကျရမယ်။ စီမံခန့်ခွဲမှုရေးရာ အားကောင်းရမယ်။ တန်အောင်ခိုင်းချင်ရင် ၀ အောင် ကျွေးထားဖို့ လိုမယ်။

အဓိက ကတော့ စနစ်ပဲ။ စနစ် မသေချာရင် အချစ်ဆိုတာမှာတောင် 'အတု' ပဲ သင်တို့ရရှိလိမ့်မယ်။

ညိုကြီး