10 October 2012

သပွတ်အူတိုင်းပြည်က ခေတ်သစ်ကိတ္တမုခ ဘီလူးများ


"ခေတ်သစ် ကိတ္တမုခ ဘီလူးများ"

စားတယ်... တွေ့လိုက်တာနဲ့ ဇယားချုပ် အစအနမကျန် ရိတ်သိမ်း
ဆွေခုနစ်ဆက်မျိုးခုနစ်ဆက် ရွှေလှည်းကိုးစီး ငွေလှည်းကိုးစီးတိုက်လို့ မကုန် စားတယ်
ကောင်းကင်ပြာပြာ ဘာမှ မရှိတော့
ဂြိုဟ်တာရာ နက္ခတ်စကြ၀ဠာကို စားပစ်တယ်
ပင်လယ်ပြာပြာ ဘာမှ မရှိတော့
မြေပေါ်မြေအောက် ဘာမှမရှိတော့
ဘာမှမရှိ... ဘာမှမကျန် သယံဇာတ တက်တက်ပြောင် အကုန်ဝါးတယ် စားတယ်
မျိုးဆက်တွေ တုန်းအောင် စားပစ်တယ်... အမှန်တရား ဦးနှောက်တွေ ဖောက်စားတယ်
နောက်ဆုံးစားစရာ မရှိရင်
ကိုယ့်ခြေထောက် ကိုယ်စား... ကိုယ့်လက် ကိုယ်စား... ကိုယ့်အသားကိုယ် ပြန်စား
ကိုယ့်ခန္ဓာကိုယ်... ကိုယ်ပြန်စား
စားလို့မရတဲ့ ခေါင်းချည်းသာ ကျန်
သပွတ်အူတိုင်းပြည်က ခေတ်သစ်ကိတ္တမုခ ဘီလူးတွေ...

ကောက်နွယ်ကနောင်

(idea magazine, October, 2012)

09 October 2012

လူလည်မသားများသို့

"ခင်ဗျားတို့ = လူလည်မသားများ"

ကျုပ် ရှင်းရှင်းပဲပြောမယ်။
ဒေါ်အောင်ဆန်းစုကြည်(NLD)မရှိလည်း ဘာမှမဖြစ်ဘူး။
(သူကအသက်ကြီးနေပြီလေ။ သူအသက်သေသည်အထိ ဗမာပြည်ကို လုံးဝမကယ်နိုင်အောင် ခင်ဗျားတို့လုပ်ထားဖို့ပဲ စဉ်းစားနေတာမဟုတ်လား)
ကိုမင်းကိုနိုင်(88)မရှိလည်း ဘာမှမဖြစ်ဘူး။
(သူ ဗမြန်မာပြည်ကို မကယ်နိုင်အောင် ခင်ဗျားတို့ ဆက်ပြီး ကြံကြဦးမယ်မဟုတ်လား)

သန်း ၅ဝ (ခု သန်း ၆ဝ မကသော) ဗမြန်မာပြည်သူတွေအတွက် အလုပ်လုပ်မယ့်သူေ

တွ တစ်ပုံကြီးရှိသေးတယ်ဆိုတာ အာဏာရှင်(အာဏာသေ)တွေ သဘောပေါက်သင့်တယ်။

ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုသူတွေရှိသလို
ဘယ်သူရှင်ရှင် ကိုယ်မမာရင် ပြီးရောဆိုသူတွေလည်း အပုံကြီးရှိသေးတယ်ဆိုတာ ခင်ဗျားတို့ သဘောပေါက်သင့်ပါတယ်။

သွေးဆိုတာ မွေးမှမဟုတ်ဘူး။
သူ့အလိုလိုလည်း (ရွေးတတ်) တွေးတတ်တယ်ဆိုတာ
ခင်ဗျားတို့ သဘောပေါက်သင့်တယ်။

Nyo Gyi

07 October 2012

Jade War in Burma (Myanmar)

အဖေပြောတဲ့ စကားကို သဘောကျမိတယ်။ တကယ်တော့ ကချင်မှာ ဖြစ်နေတဲ့ စစ်ပွဲဆိုတာ တကယ်တော့ " ကျောက်စိမ်း " စစ်ပွဲ ပဲတဲ့။
My father said that the war in Kachin State of Burma/Myanmar is a type of Jade War.
:)