18 April 2019

Kyats 5000 Fine! ဒဏ္ေငြငါးေထာင္

"ျမက္ခင္းေပၚ မနင္းရ၊ ဒဏ္ေငြ ၅၀၀၀ က်ပ္" တဲ့။ တစ္ေယာက္ က်ပ္ငါးေထာင္နဲ႔ ဒဏ္ေငြသာ အတည္ ေဆာင္ခိုင္းလိုက္ရရင္ေတာ့ျဖင့္ ရလိုက္မယ့္ ဒဏ္ေၾကးေငြပဲဗ်ာ။ ဒီျမင္ကြင္းကိုေတာ့ (၁၇-၄-၂၀၁၉)၊ သၾကၤန္အၿပီး ႏွစ္ဆန္းတစ္ရက္ေန႔၊ ညေနပိုင္းက မႏၲေလးၿမိဳ႕၊ မဟာျမတ္မုနိဘုရားႀကီးရဲ႕ အေရွ႕မုခ္ေျမာက္ဘက္က လိပ္ကန္ငါးကန္ပန္းျခံ ျမက္ခင္းေတြေပၚမွာ ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။ ဒီဓာတ္ပံုေတြ႐ိုက္တဲ့အခ်ိန္ကာလအျပင္ အျခားအခ်ိန္ေတြ၊ အျခားေန႔ရက္ေတြမွာပါ အခုလို အင္တိုက္အားတိုက္ စည္းကမ္းလိုက္နာေနၾကတဲ့ သေဘာရွိပါတယ္။ မေကာင္းတတ္လို႔ မ်က္ႏွာေတြကို ဝါးေပးထားပါတယ္ခင္ဗ်။
ညိဳႀကီး

=== Unicode ===

"မြက်ခင်းပေါ် မနင်းရ၊ ဒဏ်ငွေ ၅၀၀၀ ကျပ်" တဲ့။ တစ်ယောက် ကျပ်ငါးထောင်နဲ့ ဒဏ်ငွေသာ အတည် ဆောင်ခိုင်းလိုက်ရရင်တော့ဖြင့် ရလိုက်မယ့် ဒဏ်ကြေးငွေပဲဗျာ။ ဒီမြင်ကွင်းကိုတော့ (၁၇-၄-၂၀၁၉)၊ သြင်္ကန်အပြီး နှစ်ဆန်းတစ်ရက်နေ့၊ ညနေပိုင်းက မန္တလေးမြို့၊ မဟာမြတ်မုနိဘုရားကြီးရဲ့ အရှေ့မုခ်မြောက်ဘက်က လိပ်ကန်ငါးကန်ပန်းခြံ မြက်ခင်းတွေပေါ်မှာ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေရိုက်တဲ့အချိန်ကာလအပြင် အခြားအချိန်တွေ၊ အခြားနေ့ရက်တွေမှာပါ အခုလို အင်တိုက်အားတိုက် စည်းကမ်းလိုက်နာနေကြတဲ့ သဘောရှိပါတယ်။ မကောင်းတတ်လို့ မျက်နှာတွေကို ဝါးပေးထားပါတယ်ခင်ဗျ။

ညိုကြီး