09 July 2009

2010

အမည်မပေးရသေးတဲ့ ကင်ပွန်းတပ်ပွဲ
--------------------

ဒီကောင်က သိပ်သေချာတယ်
ဒါ့ကြောင့် ဒီကောင့်ကို sure ဂျော်ကီလို့ ခေါ်တယ် ။

သူစီးပြီးရင် သူ့မြင်းကို လောင်းကြေးထပ်သူတွေ များလွန်းလို့ စာရင်းကို ပိတ်
ယူရတယ် ။

မြင်းကျောပေါ်မှာ ၀မ်းလျားမှောက်ပြီး ဇက်ကြိုးကိုင်စီးလာပုံက
တကယ့်ကို နတ်မြင်းပျံမို့ မြူးကြွကြွပဲ ။

ရခဲ့သမျှ ဆုတံဆိပ်တွေနဲ့
ရှိပြီးသား အချက်အလက်တွေအပေါ်မှာ အားလုံးရဲ့ အဆုံးအဖြတ်က
ငါးမန်းကို ဒီကောင့်ပဲ စီးခိုင်းမယ် ။

မြေပေါ်နဲ့ ရေအောက် ဒီလောက်လေးပဲ ကွာခြားတယ် ။
ငါးမန်းကျောပေါ် ၀မ်းလျားမှောက်ပြီး ဇက်ကြိုးနေရာမှာ အောက်စီဂျင်ပိုက်ကို
ကိုင်ထားရုံပဲ ။

ခက်နေတာက
အခမ်းအနားက စတော့မယ် ။ ပြိုင်မြင်းကို စီးတော့
ဂျော်ကီပေါ့ ။ ကဲ... ငါးမန်းစီးသူကိုရော ...။ ။

------
စန်းယု
------

(MANDALAY ICON မန္တလေးအထင်ကရ မဂ္ဂဇင်း (www.mandalayicon.com) Vol: 1, No: 11, July, 2009, Page- 15 မှ ကဗျာဆရာ စန်းယု၏ ကဗျာအား ကူးယူဖော်ပြသည်)