12 April 2012

သံချပ်တွေ ပြန်လာပြီ...

လူရွှင်တော် နှုတ်ခမ်းမွှေး ပါပါလေး သံချပ်အဖွဲ့

ခွပ်လိုက်ကြစို့ သူငယ်ချင်း
(ဗြောင်ပြော ဒဲ့ပြော)

မန္တလေးသင်္ကြန်တွင်းကာလ ၁၁-၁၂-၁၃-၁၄ ရက်များ လှည့်လည် ဖျော်ဖြေပါမည်။

------------------------------------


One of Thingyan "Than-Chut" Groups from Mandalay, Myanmar.
Comedian Par Par Lay from The moustache brothers of Mandalay leads this group.

Thingyan "Than-Chut" Groups have been banned during Another Military Dictatorship Era in Burma (1989-2010)

Now, Thein Sein Government allows Thingyan "Than-Chut" Groups to participate in Burmese 2012 Thingyan.

08 April 2012

မင်္ဂလာဒိုး အနုပညာအင်အားစုမှ ရဲရဲတောက်တေးသံချပ်များ(ဂျပန်)


အကြိမ် ၂၀ မြောက် အစဉ်လာမပျက် ဂျပန် မှ မင်္ဂလာဒိုး အနုပညာအင်အားစုမှ
ရဲရဲတောက်တေးသံချပ်များ စတင်ဖြန့် ချိ ……….


2012 မင်္ဂလာဒိုးအနုပညာ အင်အားစု (ဂျပန်) အဖွဲ့ ၏ ရဲရဲတောက်တေးသံချပ်များကို 2012ခုရဲ့ မြန်မာပြည် သင်္ကြန် အမှီ တင်ဆက်ဖျော်ဖြေတင်ဆက်နိုင် ရန် အတွက် ဂျပန်နိုင်ငံရောက် မင်္ဂလာဒိုး အနုပညာအင်အားစု မှ နှစ်စဉ် ကျင်းပနေကြ ဂျပန်နိုင်ငံရှိ မြန်မာ့ ရိုးရာ သင်္ကြန် ပွဲ များတွင် တင်ဆက်နေကျ ဒိုးပတ်သံ များဖြင့် နိုင်ငံတကာရောက် မြန်မာမိသားစု များနှင့် မြန်မာပြည်တွင်းမှ အောင်ပွဲရ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
ကိုထောက်ခံအားပေးနေသော မိဘပြည်သူများအတွက် စိတ်သောက ကင်းဝေး နိုင်စေရန်နှင့် ဒုက္ခ အပေါင်းမှ ကင်းငြိမ်းစေရန် ရည်ရွယ် ချက် ဖြင့် အစဉ်လာမပျက် တစ်နှစ်တစ်ခေါက် အတို့ အထိ ရိ စရာေ လးများနှင့် မှန်မှန်ရောက်ရှိလာတဲ့ မင်္ဂလာဒိုး ရဲ့ သံချပ်များအများပြည်သူများ ရှေ့မှောက်သို့ ရောက်ရှိလို့  လာခဲ့ပြန်ပါပြီ၊၊

ယခု နှစ်သံချပ်များကို ကိုမျိုး သန့် ၊ကိုသောင်း တို့မှစီစဉ်ပြီး၊ကိုမျိုးသန့် ၊ ကိုသောင်း၊ ခင်ငြိမ်းဆွေ နှင့်
ကိုထွန်းဝေတို့ မှရေးသားခဲ့ကြခြင်း ဖြစ်ပါတယ်၊၊

2012 ယခုနှစ်တွင်လည်း

၁။ အဖွင့်တေးသံ ၂။ပြန်ကြားရေး ၃။ အထွေထွေ ၄။ NLD ကို ဂုဏ်ပြုခြင်း ၅။
အခန်းပြောင်းတေးသံ ၆။ညီညွတ်ရေး ၇။ရန်ပွဲတွေ၇ပ် ၈။ကုန်ဈေးနှုန်း
၉။သံချပ်ဆင်ဆာ ၁၀။ ဂျပန်မှ အပြန်ခရီး ၁၁။ မဟော်သဓာ
သားတရားစီရင်ခန်း ၁၂။ကမ္ဘာမကြေ

စသည့် တေးသံချပ်များ ဖြင့် မြန်မာပြည်တွင်းမှ မိဘရဟန်းရှင် ပြည်သူများ ကြည့်ရှုနိုင်စေရန်နှစ်စဉ်နှစ်တိုင်း အတာသင်္ကြန် မရောက်ခင်မှာ သံချပ် သီချင်းခွေ ဗွီဒီယိုတွေ ထုတ်လုပ်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာကို ဖြန့်ချိခဲ့တာ နှစ်စဉ်နှစ်တိုင်းပင် ဖြစ်ပါတယ်။

မြန်မာပြည်သင်္ကြန်နှင့်အတူ နှစ်စဉ်ဧပြီလတွင်ကျင်းပနေကြ တိုကျိုသင်္ကြန်ပွဲတော်သည် ဧပြီ 15 ရက်(15.4.2012)တွင်ကျင်းပမည်ဟုမြန်မာ့ဒီမိုကရေစီ အဖွဲ့ ချုပ် မှ ဥက္ကဌ ဦးလှိုင်အေး က ပြောကြားခဲ့ပါသည်။

မြန်မာပြည်အလွမ်းပြေ ယိမ်းအကနှင့် ဒိုးပတ်သံများဖြင့် ဝေေ၀ဆာဆာမြူးမြူးကြွကြွ တင်ဆက်ထားသည်ကို တွေ့ ရမှာဖြစ်ပြီး မကြာမီအင်တာနက်စာမျက်နှာ များတွင် ဗွီဒီယို ဖြင့်တစ်ဝကြီး ကြည့်ရှု့နိုင်ရန်စီစဉ်လျက် ရှိပါသည်။ ယခုနှစ် တိုကျို သင်္ကြန်ပွဲတော်တွင်လည်း မင်္ဂလာဒိုးမှအဖွဲ့ ဝင် များဖြင့် ခြိမ့် ခြိမ့် သဲ ဖျော်ဖြေမည်ဖြစ်ပြီး

ဦးမျိုး သန့်  080 5063 2509 နှင့် ၊ ကိုထွန်းဝေ 080 3099 1503
kotunwai@gmail.com , tunwai.jp@gmail.com တို့  ထံ မေးမြန်း ဆက်သွယ်နိုင်ကြောင်း

သိရှိရပါတယ်။

ဗွီဒီယို.ရိုက်ကူးတည်းဖြတ် ကိုဇေယျာအောင်


ဗွီဒီယိုများ လင့်နှိပ်ပြီး အမြန်ယူကြပါရန်....

အားလုံးကို လေးစားချစ်ခင်လျက်

ထွန်းဝေ

“ပရ” နိုင်ငံရေးသမား

'ပရ' နိုင်ငံရေးသမား
ရိုးရိုးကျင့်
မြင့်မြင့်ကြံ
မှန်တာလုပ်
ဟုတ်တာပြော
သဘောဖြောင့်
စောင့်သစ္စာ
လေ့လာနည်းလမ်း
စည်းကမ်းသေချာ
စေတနာရှေ့ထား
အများကောင်းကျိုး
မြော်ကိုးရွက်ဆောင်
ထက်အောင်စံပြ
ကြံဆကာရည်
ပြည်သူသာအဘ
ပြည်သူသာအမိပင်
စိတ်တွင်စွဲမှတ်
မွန်မြတ်ဘဝင်
အားရွှင်ပြည့်လျှမ်း
ဆောင်ထမ်းကျေပွန်
ပြည့်တာဝန်အလှ
ဘဝ ပိုင်ရန်တွေးထား
'ပရ' နိုင်ငံရေးသမား

ကြိုင်လှမောင်မောင်
၂၀၁၂-၀၄-၀၆