28 September 2011

Dead Sure?

အသေအချာ ရရပါ့စေ



ဟိုလိုလို၊ သည်လိုလိုတွေ
ဘာကြီး၊ ညာကြီးတွေ
အခါတော်ပေးတွေ ရွာဆော်လေးတွေ
ခါတော်မီ ပွင့်ကြ ဖူးကြ
မြင်ရကြားရရုံနဲ့တင် ကျောချမ်းစရာ။

ကျောချမှ ဓားပြမှန်း ထပ်မသိချင်တော့ဘူး
ကျောမှာလည်း ဒဏ်ရာတွေပြည့်
ရင်မှာလည်း ဒဏ်ရာတွေပြည့် ။

သမိုင်းက ဆုံးဖြတ်သွားပါလိမ့်မတဲ့
ဒီလိုစကားမျိုးတွေနဲ့ပဲ ငါတို့တတွေ
အိုနာသေ၊ သေနာအို ခဲ့ရ
ကပါ ကပါ မမရာ၊ ညည လသာသာ အချိန်များ
တစ်ချိန်ချိန်မှာတော့ဖြင့်
အသေအချာ ရရပါ့စေ ။ ။

ညိုကြီး
၂၈.၉.၂၀၁၁