မန္တလေး အနှစ် ၁၅၀ ပြည့် မဂ္ဂဇင်း
![]() |
From Year 150th Mandalay |
အနှစ် (၁၅၀)ပြည့်မန္တလေး အမှတ်တရအနေနဲ့ ၂၀၀၉ ခုနှစ်၊ မေလလယ်က ထုတ်ဝေခဲ့တဲ့ "မန္တလေး အနှစ် ၁၅၀
ပြည့် မဂ္ဂဇင်း" ပါ။ ဒီမဂ္ဂဇင်း မှာ ကဏ္ဍတွေကို အောက်ပါအတိုင်း
ခွဲခြားထားတယ်။
-မန္တလေး ကဗျာ
-မန္တလေး သမိုင်း
-မန္တလေး အမှတ်တရ
-မန္တလေး သာသနာ
-မန္တလေး စာပေ
-မန္တလေး စာနယ်ဇင်း
-မန္တလေး အနုပညာ
-မန္တလေး ဂီတ
-မန္တလေး လူမှုရေး
-မန္တလေး လက်မှုပညာ
-မန္တလေး အားကစား
-မန္တလေး ဒေသန္တရ
-မန္တလေး ပညာရေး
-မန္တလေး ဖြတ်သန်းမှု
-မန္တလေး ၀တ္ထု
မန္တလေး အနှစ် ၁၅၀ ပြည့် မဂ္ဂဇင်းဟာ ကလောင်အင်အား (၁၅၀)ခန့်နဲ့ ဝေေ၀ဆာဆာ၊
ခန့်ခန့်ငြားငြား ရှိလှပါတယ်။
ထူးခြားချက်အနေနဲ့ ဒီမဂ္ဂဇင်းဟာ စစ်အဆိုးရက ဦးစီးထုတ်ဝေခြင်းမဟုတ်ဘဲ
မန္တလေးအသင်း (ရန်ကုန်)ရဲ့ သမိုင်းဝင်စိတ်ဓာတ်နဲ့ ပေါ်ထွက်လာရတာလည်း
ဖြစ်ပါတယ်။
ဘလောဂ်ပရိသတ်တွေ ရှုမြင်စေနိုင်ဖို့ရာ ဒီမဂ္ဂဇင်းရဲ့ မျက်နှာဖုံး၊
ထုတ်ဝေရေး ကော်မတီစာရင်းကို scan ဖတ်ပြီး ဖော်ပြပေးလိုက်ပါတယ်။
![]() |
From Year 150th Mandalay |
ဒါ့အပြင် ဒီမဂ္ဂဇင်းမှာ စစ်အဆိုးရ စာပေဆင်ဆာ(ကင်ပေတိုင်)က မြန်မာဘာသာနဲ့
ဖော်ပြခွင့်မပြုတဲ့ ကဗျာဆရာ ပိုင်စိုးဝေရဲ့ နာမည်ကျော် "မန္တလေး" ကဗျာကို
မောင်သာနိုးရဲ့ အင်္ဂလိပ်ဘာသာပြန်နဲ့ ဖော်ပြထားပါတယ်။
(အဲဒီ Mandalay ကဗျာကိုလည်း ဘလော့ဂ်ပရိသတ်တို့ ခံစားနိုင်ဖို့ scan
ဖတ်ပြီး ကူးယူတင်ဆက်လိုက်ရပါတယ်။)
![]() |
From Year 150th Mandalay |
From Year 150th Mandalay |