12 December 2012

ပြောင်းနည်းအမျိုးမျိုး ရှိလေသတတ်


"ပြောင်း"

ပြောင်းနည်းအမျိုးမျိုးရှိလေသတတ်။
ကမ္ဘာပေါ်မှာ ဘယ်သူနဲ့မှ မတူအောင် ပြောင်းမှာလား
သိမ်မွေ့  ညင်သာစွာ ပြောင်းမှာလား
မသိလိုက် မသိဖာသာ ပြောင်းမှာလား
အလိုလိုနေရင်း ပြောင်းမှာလား
စမန်တက်ရင်း ပြောင်းမှာလား
ပြောင်းဖူးလို ပြောင်းမှာလား
ပြောင်းဝလို ပြောင်းမှာလား
တဖြောင်းဖြောင်းနေအောင် ပြောင်းမှာလား
ကျွန်တော်တို့ရဲ့  အပြောင်းအလဲဟာ ဘယ်သူနဲ့မှ မတူပါဘူးတဲ့
ဟတ်လား
ဟစ်တလာက ခြောက်သန်း သတ်တယ်ပြောကြတာပဲ
သန်းခြောက်ဆယ်အသတ်ခံရတာ ဘယ်သူမှ မသိခဲ့ မခံစားခဲ့ရပါဘူး
ကိုယ့်တာကို ကိုယ်ပဲသိပါတယ်
ပညာမတတ် အသိဥာဏ်နည်းတဲ့
ကျုပ်တို့လို လူတွေအပေါ် ချ/ခြစားပြီး လူပြန်လုပ်နေရတာ
ခင်ဗျားတို့ မငြီးငွေ့  သေးဘူးလားဗျာ
ချိန်ခွင်လျှာဆိုတာကြီးကိုလည်း မုန်းလှပါပြီ
အစွဲ၊ ၀ါဒ၊ မှိုင်းဆိုတာကြီးတွေကိုလည်း မုန်းလှပါပြီ
စနစ်တကျ ဖျက်စီးသူတွေအောက်မှာ စနစ်တကျအပျက်စီးခံခဲ့ကြရ
ဘ၀တွေ...။

ဟေ့လူတွေ !
တကယ်ပြောင်းချင်တာလား
ကြားဖူးနေကြ ရစ်သမ်အတိုင်းပြောရရင်
တကယ်ပြောင်းချင် တကယ်ပြောင်း
အဟုတ်ပြောင်းရမည်သာပဲပေါ့
အဟက်ဟက် ။        ။

စည်းကမ်းပြည့်ဝရုံသာမက ခေတ်မီတိုးတက်ပြီး လန်ပြန်ကန်ထွက်လောက်အောင် တိုင်းပြည်ကို ချစ်လှပါသော သာမန်တွေထဲက သာမန်ပြည်သူတစ်ဦးဖြစ်သည့်

ညိုကြီး

(မှတ်ချက်။  "ပညာမတတ် အသိဥာဏ်နည်းတဲ့" စကားလုံး Credit to အရိုး+ဓီရာမိုရ်)