03 March 2012

ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ် ဓာတ်ပုံများ - Mother Suu's Mandalay Trip (Photos)

ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ် ဓာတ်ပုံများ

From Daw Aung San Suu Kyi in Mandalay

အခြားပုံများကို အောက်က လင့်ခ်မှာ သွားကြည့်ပါ။

https://picasaweb.google.com/116723507462397308445/DawAungSanSuuKyiInMandalay?authuser=0&feat=directlink





ညိုကြီး
ရိုက်ကူးတင်ဆက်သည်

Facebook မှာလည်း တင်ထားပါတယ်။
www.facebook.com/nyogyi

https://www.facebook.com/media/set/?set=a.384773418199590.97020.100000008066345&type=3

02 March 2012

ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသည့် မန္တလေးသားများကို မှတ်တမ်းတင်ထားရန် အာဏာပိုင်များအဆင့်ဆင့် ညွှန်ကြား

ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသည့် မန္တလေးသားများကို မှတ်တမ်းတင်ထားရန် အာဏာပိုင်များအဆင့်ဆင့် ညွှန်ကြား

From San & Suu


ပြီးခဲ့သော ရက်များအတွင်း တစ်နေ့သ၌ ကျွန်ုပ်၏ မိတ်ဆွေတစ်ဦး မန္တလေးမြို့ပေါ်က ရဲစခန်းတစ်ခုအတွင်း အမှတ်မထင် ရောက်ရှိနေခိုက် ရဲအချင်းချင်း (သို့မဟုတ်) ရဲမှ ရပ်ကွက်ရုံး (သို့မဟုတ်) ရဲမှ စစ်ကြံ့ဖွံ့ထောက်လှမ်းရေး သတင်းပေးတစ်ဦးဦးအား ဖုန်းဖြင့် ညွှန်ကြားပြောဆိုနေသည့်အသံကို ကြားခဲ့ရရာ အကြောင်းအရာမှာ ဤသို့ဖြစ်၏။

"၂ဝ၁၂ ခုနှစ်၊ မတ်လ၊ ၃ - ၄ ရက်များတွင် ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ် ရှိ၏။ ဒေါ်အောင်ဆန်းစုကြည် မန္တလေးမှာ ရှိနေစဉ်အတွင်း သူမအားထောက်ခံသည့် အိမ်များက ဆိုင်းဘုတ်၊ ပိုစတာ၊ စာတမ်းများ တင်ကြလိမ့်မည်။ အဆိုပါ အိမ်များကို စာရင်းပြုစု၊ မှတ်တမ်းတင်ထားရန်"

ဟူသတည်း။

မန္တလေးမှ ရဲစခန်းတိုင်း၊ ရပ်ကွက်အာဏာပိုင်တိုင်း၊ စစ်ကြံ့ဖွံ့သတင်းပေးတိုင်း အနှီ တာဝန်ကို ယူကာ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသည့်မန္တလေးအိမ်များစာရင်းကို စောင့်ကြည့်ရယူကြမည့်သဘောရှိ၏။

(လက်ရှိ နိုင်ငံတော် သမ္မတဆိုသူက အတည်ပေါက် နားဝင်ချိုစည်းရုံး-အပြစ်ကာ စကားတွေကို မိန့်ခွန်းဆိုပြီး ပြောလိုက်။ သူ့အောက်က သူ့လူတွေက အရင်စတိုင်မပြောင်း၊နည်းညစ်နည်းဟောင်းတွေ သုံးလိုက်နဲ့ ပြဇာတ်ထဲမှာ ရှေ့ကဇာတ်လိုက် သေနတ်ပစ်ပြတာကိုကန့်လန့်ကာ နောက်ကလူက ဗျောက်သံပေးဖို့ မေ့သလိုမျိုးဖြစ်နေပြီဗျို့။

ကဲ... မန္တလေးသားတွေဘာလုပ်ကြမလဲ။ ဒီသတင်းကို မျှဝေတာက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့နေရာမှာ မန္တလေးသားတွေ ရွံ့သွားစေဖို့၊ တွန့်သွားစေဖို့ လုံးဝ မဟုတ်ပါဘူး။ စစ်ကြံ့ဖွတ်အဆိုးရကတော့ ဒီလို ဒီလို ကြိုတင် ကြံစည်ပြင်ဆင်ထားကြပြီ...ဆိုတာ သိစေချင်လို့ပါ။ ဒီသတင်းကို သိရပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည် လာတဲ့အခါ မန္တလေးသားတွေ ဘာလုပ်ကြမလဲ။)

ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံတဲ့နေရာမှာ "မကြောက်တမ်း မရွံ့တမ်း... မန်းသားတွေ အောင်ပန်း ဆွတ်ကြရပေမည်" ဆိုသည်ကိုဖြင့် ကျွန်ုပ်အနေနှင့် သံသယ တစိုးတစိမျှမရှိ၊ သေချာစွာ ယုံကြည်မိပါတော့သတည်း။ ။

(နားနှင့် ဆတ်ဆတ်ကြားခဲ့ရပြီး ပြန်လည် ဖောက်သည်ချသော မိတ်ဆွေကြီးအား ညိုကြီးက ဤစာနှင့်အတူ အလေးပြုလိုက်ရပေကြောင်း)

ညိုကြီး

၂.၃.၂၀၁၂

29 February 2012

Asia Hero General Aung San (Song) for 88 Generation Students

"အာရှသူရဲကောင်း ဗိုလ်အောင်ဆန်း သီချင်း" အား
ပန်တျာဌေးဌေးမြင့် (လမင်းတရာ) နှင့် သူမ၏ သားဖြစ်သူတို့ သီဆိုစဉ်

(၈၈) မျိုးဆက်ကျောင်းသားများအား ကြိုဆိုနှုတ်ဆက်ဧည့်ခံပွဲ

၂၈.၂.၂၀၁၂
Oriental House, Mandalay

ညိုကြီး ရိုက်ကူးသည်။

Youtube Video


Facebook Video

Than Chut (သံချပ်) for 88 Generation Students by Moustache Brother

လူရွှင်တော် ပါပါလေးနှင့် ညီအစ်ကိုများရဲ့
" အာဇာနည်ကျောင်းသားများ ကြိုဆိုရေး သံချပ် "

လူရွှင်တော် ပါပါလေး
Moustache Brothers

From 88 Generation Students


(၈၈) မျိုးဆက်ကျောင်းသားများအား ကြိုဆိုနှုတ်ဆက်ဧည့်ခံပွဲ

၂၈.၂.၂၀၁၂
Oriental House, Mandalay

ညိုကြီး ရိုက်ကူးသည်။

သံချပ် ဗွီဒီယို

Facebook Video



သံချပ်စာသား


From 88 Generation Students

88 Generation Students pay respect to Mandalay 17 Martyrs (Video)

၈၈ မျိုးဆက်ကျောင်းသားများ
မန္တလေး ၁၃၀၀ ပြည့် အာဇာနည် ၁၇ ဦး ဗိမာန်တွင် လွမ်းသူ့ပန်းခွေချ၊ ဂါရ၀ပြု သစ်ပင်စိုက်၊ အလှူငွေလှူဒါန်း

28.2.2012 (Tuesday)

၂၈.၂.၂၀၁၂ နံနက် ၉ နာရီခွဲတွင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ ကိုလှမျိုးနောင်၊ ကိုမင်းဇေယျာ၊ ကိုအောင်သူ၊ ကိုအောင်နိုင်၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုကိုကြီး(စမ်းချောင်း)၊ မနီလာသိန်း၊ မမီးမီး၊ မမာမာဦး၊ မသက်သက်အောင် အစရှိသော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် မန္တလေး ၁၃၀၀ ပြည့် အာဇာနည် ၁၇ ဦး ဗိမာန်သို့ရောက်ရှိပြီး မန္တလေး ၁၃၀၀ ပြည့် အာဇာနည် ၁၇ ဦးအားရည်စူး၍ လွမ်းသူ့ပန်းခွေချခြင်း၊ အလေးပြုခြင်း၊ အလှူရှင် ကိုမြဇော်၏ အလှူငွေ ကျပ် (၈)သောင်းအား လက်ခံခြင်း၊ လက်ခံထားသည့် အလှူငွေ (၈)သောင်းကျပ်အား မန္တလေး ၁၃၀၀ ပြည့် အာဇာနည် ၁၇ ဦး ဗိမာန်ဝင်းအတွင်းစိုက်ပျိုးခါစ သစ်ပင်များ ရှင်သန်စေရန် ရေရရှိရေးအတွက် ပြန်လည်လှူဒါန်းခြင်း၊ ဗိမာန်ဝင်းအတွင်း သစ်ပင်စိုက်ခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။

၎င်းနောက် နံနက် ၁၀ နာရီတွင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် စစ်ကိုင်းမြို့သို့ ဆက်လက်ထွက်ခွာသွားကြသည်။

ညိုကြီး

Youtube Video


Facebook Video

၈၈ မျိုးဆက်ကျောင်းသားများအား မန္တလေးလူထု တစ်ခဲနက်ထောက်ခံကြိုဆို - 88 Generation Students in Mandalay (Photos)

မန္တလေးရောက် ၈၈ မျိုးဆက်ကျောင်းသားများ၏ ဓာတ်ပုံများအား Nyo Gyi ၏ Facebook တွင် အားပါးတရ ကြည့်ရှုနိုင်ပါသည်။

https://www.facebook.com/nyogyi


88 Generation Students in Mandalay

By Nyo Gyi (Albums)

https://www.facebook.com/media/set/?set=a.381498761860389.96440.100000008066345&type=3

27 February 2012

မန္တလေးမှာ ကြံ့ဖွံ့ပါတီက စည်ပင်လုပ်သားများအား အသုံးချ၍ ၄င်းတို့ပါတီအတွက် မဲဆွယ်ခိုင်း - Dirty Methods of USDP

မန္တလေးမှာ ကြံ့ဖွံ့ပါတီက စည်ပင်လုပ်သားများအား အသုံးချ၍ ၄င်းတို့ပါတီအတွက် မဲဆွယ်ခိုင်း

From Dirty Methods and USDP


From Dirty Methods and USDP


From Dirty Methods and USDP


From Dirty Methods and USDP



စတုတ္ထမဏ္ဍိုင် များသို့-

ဒီနေ့ မနက် ၈ နာရီက မန္တလေးမြို့၊ ၈၂လမ်း- ၃၈လမ်းထောင့်မှာ
မန္တလေးစည်ပင်သာယာရေးကော်မတီမှ အရာရှိကြီးများနဲ့
ပြည်သူ့ရဲတပ်ဖွဲ့မှအရာရှိများပါဝင်တဲ့ ဌာနပိုင်ကားများကို တွေ့ရပါတယ်။

၎င်းယူနီဖောင်းဝတ်အရာရှိများဟာ စည်ပင်ဌာနရဲ့ သန့်ရှင်းရေးဝန်ထမ်း ၅၀ ခန့် ရဲ့
ရေစီးမြောင်းများသန့်ရှင်းခြင်း၊ လမ်းဘေးဝဲယာရှိအမှိုက်များကိုသန့်ရှင်းခြင်း၊ စည်ပင်အမှိုက်သိမ်းဌာနရဲ့
ကားများပေါ်တင်ကြခြင်းတို့ ဆောင်ရွက်တာဝန်ထမ်းဆောင်ခြင်းတို့ကို ကြည့်ရှုကြတာ တွေ့ရပါတယ်။

ဒါပေမယ့်-
သူတို့အမှိုက်သိမ်းဝန်ထမ်းများဟာ ယူနီဖောင်းအစား ကြံ့ခိုင်ရေးပါတီရဲ့
တံဆိပ်များပါဝင်သောတီရှပ်များကိုဝတ်ဆင်ကြပြီး အပေါ်ဝေ့ကုတ်စည်ပင်ဝတ်စုံများဝတ်ထားခြင်း၊ ကြံခိုင်ရေးပါတီအမှတ်တံဆိပ်ပါ ဦးထုပ်အစိမ်းရောင်များ ဆောင်းထားခြင်း၊ စည်ပင်အမှိုက်သိမ်းကားယာဉ်မောင်းဟာ စည်ပင်ဝတ်စုံဖြစ်တဲ့ နက်ပြာဝတ်စုံဝတ်ဆင်ပြီး ယင်းပါတီဦးထုပ်များ ဆောင်းထားခြင်းတို့ကို တွေ့ခဲ့ရပါတယ်။

မနေ့ကမှဖတ်ခဲ့ရတဲ့ ပြည်သူ့ခေတ်ဂျာနယ်၊ စာမျက်နှာ၃၀ မှာ ဆောင်းပါးရှင်
ဝင်းထွဋ်ဇော်ရဲ့ ((ဒီမိုကရေစီနိုင်ငံရေးယဉ်ကျေးမှုတည်ဆောက်ဖို့))
ဆောင်းပါးမှာရေးသားထားချက်နဲ့ဆိုရင်
ဒီလှုပ်ရှားမှုဟာ တရားမျှတမှုမရှိဘူးလို့ ထင်ပါတယ်။

စတုတ္ထမဏ္ဍိုင်များ သိစေရန်တင်ပြအပ်ပါတယ်။

ကိုဝင်းဇော်ဦး
မန္တလေး

-----------------------------------------------------
(ဓာတ်ပုံများနှင့်တကွ သတင်းပေးပို့သော မန္တလေးမှ ကိုဝင်းဇော်ဦး အား ညိုကြီး က ကျေးဇူးအထူးတင်ပါကြောင်း)

ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ၂လုံး၊၃လုံး၊ဘောလုံးဒိုင်များ - Gambling in Myanmar

ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ၂လုံး၊၃လုံး၊ဘောလုံးဒိုင်များ
( ပြည်ထဲရေးဝန်ကြီး သိစေလိုပါသည် )

၂လုံး၊၃လုံးလောင်းကစားမှာ မြန်မာနိုင်ငံတွင် ဆယ်စုနှစ် ၂စု ကျော်မျှ နိုင်ငံသားမျာ၏ ၀င်ငွေများအား ဂုတ်သွေးစုပ်နေသည်မှာ အားလုံးအသိပင်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရမှ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ၂လုံး၊၃လုံးထီနှင့် ဘောလုံးလောင်းကစားအမျိုးမျိုးကို ကင်းစင်ပပျောက်အောင် ဆောင်ရွက်မည်ဟု သိရသည့် အခါ အလွန်ပင်ဝမ်းသာမိပါသည်။ ကျွန်တော်တို့နိုင်ငံတွင် ၂လုံး၊၃လုံးနှင့် ဘောလုံးလောင်းကစားသူများမှာ အများအားဖြင့်ဝင်ငွေနည်းပါးသော ကျေးလက်ပြည်သူများဖြစ်ပါသည်။ သူတို့၏ရိုးသားမှုအပေါ် လောင်းကစား၏ မက်လုံးပေးမှုများကြောင့် မိသားစုစားဝတ်နေရေးပြေလည်စေခြင်းအလို့ငှာ ရှိစုမဲ့စုနှင့် မျှော်လင့်ကာ ကစားကြပါသည်။ သို့သော် သူတို့မျှော်လင့်သလိုမဖြစ်ပဲ အချို့ဆိုလျှင် အိမ်ထောင်များပျက်စီးခြင်း ရပ်ကွက်ထဲမှ ထွက်ပြေးခြင်း၊ မိမိကိုယ်ကိုအဆုံးစီရင်ခြင်း စသောဆိုးရွားလှသည့် အဖြစ်များကို ကျွန်တော်တို့ မကြာခဏတွေ့မြင်ကြားသိနေကြရပါသည်။

မိရိုးဖလာဥယျာဉ်လုပ်ငန်းဖြင့် အတော်အသင့်အဆင်ပြေသော ကျွန်တော်တို့ မိသားစုတွင်ပင် အဖေ၏ဘောလုံးလောင်းခြင်း၊ အမေ၏ ၂လုံး၃လုံးလောင်းခြင်းတို့ကြောင့် တစ်နှစ်ပြီးတစ်နှစ် ငွေကြေးအများအပြား ဆုံးရှုံးနေရပါသည်။ ဤသို့လောင်းကစားခြင်းကြောင့် ပြည်သူများ၏၀င်ငွေများမှာ လောင်းကစားဒိုင်များနှင့် လိုင်းကြေးကောက်သော အကျင့်ပျက် ရဲများထံသာရောက်ရှိနေရပါသည်။ ကျွန်တော်တို့ မြိတ်မြို့တွင် ၂၀၁၁ခုနှစ် ၆လပိုင်း ရလပိုင်း လောက်ကတော့ လောင်းကစားဒိုင်များရပ်နားသွားကြပါသည်။ ယခုပြန်၍ ယခင်အတိုင်း မြို့ပေါ်ကျေးရွာ အနှံအပြားမှာ လောင်းကစားဒိုင်များ ပြန်လည်လုပ်ကိုင်နေသည်ကိုတွေ့ရပါသည်။ ကျွှန်တော်တို့ မြို့သစ်ဈေးထဲတွင် လောင်းကစားဒိုင်များသည် ရဲအဖွဲ့များအား လိုင်းကြေးပေးပြီး ပြောင်ပြောင်တင်းတင်းပင် ရောင်းချနေကြပါသည်။

ပြီးခဲ့သော ၁လပိုင်းက လူကြီးလာမည်ဆို၍ လောင်း ကစားဒိုင်များအား ရဲများကတစ်ပါတ်နားရန်ပြောသည်ဟုသိရပါသည်။ ယခုပြန်၍ ရောင်းချနေပြန်သည်။ တစ်ကယ်ဖမ်းလျှင် တစ်ကယ်မလုပ်ရဲကြပါ ထိထိရောက်ရောက်နှင့် ကင်းစင်ပပျောက်အောင် ဆောင်ရွက်ပေးကြပါဟု နိုင်ငံအကျိုးကို လိုလားသော နိုင်ငံသားတစ်ယောက်အနေနှင့် ရေးသားလိုက်ပါသည်။

PP

(ယနေ့ ကျွန်ုပ်၏ bigbbrown@gmail.com ထဲသို့ Feb 24, 2012 က ရောက်ရှိလာသော စာတစ်စောင်ဖြစ်ပါသည်)
(စာအောက်ခြေမှာ ကလောင်နာမည်မပါတော့ ပို့သူနာမည်အတိုကောက် PP ကိုပဲ ကလောင်နာမည်အဖြစ်ယူလိုက်ပါသည်)