16 April 2011

2011 Mandalay Thingyan - A Kyat Day (15.4.2011)

၂၀၁၁ မန္တလေးသင်္ကြန် အကြတ်နေ့

လွှတ်တော်အတု၊ အစိုးရအတုအောက်မှာ လူတွေကလည်း အပျော်အတုတွေရှာနေကြ။ အရက်အတုတွေ သောက်ကြ။ သတ္တိအတုတွေ ပြကြ။

From 2011 Mandalay Thingyan - A Kyat Day (15.4.2011)

2011 Mandalay Thingyan - A Kya Day (14.4.2011) Photos Album

2011 Mandalay Thingyan - A Kya Day (14.4.2011) Photos Album Link

https://picasaweb.google.com/bigbbrown/2011MandalayThingyanAKyatDay1542011?authkey=Gv1sRgCLeKwsTb3cnJzAE#

14 April 2011

2011 Mandalay Thingyan - A Kya Day (14.4.2011)

၂၀၁၁ မန္တလေးသင်္ကြန် အကျနေ့

From 2011 Mandalay Thingyan - A Kya Day (14.4.2011)

အကျနေ့မှာ တော့ အကြိုနေ့ကထက် ပိုကဲလာကြပါပြီ။ သင်္ကြန်မှာ အရောင်းရဆုံးကတော့ အရက်၊ ဘီယာနဲ့ မိန်းမပါပဲ။

Alpine မဏ္ဍပ်နဲ့ IC မဏ္ဍပ်မှာ လူတွေ ပုံနေပါတယ်။ Alpine မဏ္ဍပ်က ကျုံးအရှေ့တောင်ထောင့်မှာရှိပြီး Iron Cross မဏ္ဍပ်ကတော့ ကျုံးမြောက်ဘက် ရတနာပုံတိရစ္ဆာန်ဥယျာဉ်နဲ့ မျက်နှာချင်းဆိုင်မှာပါ။

2011 Mandalay Thingyan - A Kya Day (14.4.2011) Photos Album Link

https://picasaweb.google.com/bigbbrown/2011MandalayThingyanAKyaDay1442011#

2011 Mandalay Thingyan - A Kyo Day (13.4.2011)

၂၀၁၁ မန္တလေးသင်္ကြန် အကြိုနေ့

From 2011 Mandalay ThinGyan - A Kyo Day (13.4.2011)

မန္တလေး၊ ကျုံးတောင်ဘက် (၂၆ လမ်း၊ ၇၄ လမ်းနဲ့ ၇၅ လမ်းကြားက) 9 Paradise မဏ္ဍပ်က မန္တလေးတိုင်းမှူးသားနဲ့ အခြားစစ်တပ်အရာရှိကြီးတွေရဲ့ အမျိုးအနွယ်သားသမီးတွေ ၀ိုင်းပြီး တည်ထောင်ထားတာပါတဲ့။

မန္တလေးမှာ သင်္ကြန်တွင်း ဗုံးကွဲမယ်ဆိုပြီးလည်း ကောလဟလတွေလည်း ထွက်နေပါတယ်။ လန့်တဲ့လူကလည်း လန့်၊ ကဲတဲ့သူကတော့ ကဲပေါ့။

ဒီနှစ်မန်းမှာ မဏ္ဍပ်နည်းပါတယ်။ အရင်နှစ်တွေက တည်ထောင်နေကျ မဏ္ဍပ်တွေ ဒီနှစ် မဆောက်ဖြစ်ကြပါ။ (ဥပမာ- ကျန်းမာရေး မဏ္ဍပ် ဒီနှစ် မရှိပါ)

မဏ္ဍပ်တည်ထောင်သူတစ်ဦးနဲ့ ရင်းနှီးသူတစ်ဦးရဲ့ အဆိုအရတော့ ကျုံးဘေး ကိုယ်လိုချင်တဲ့နေရာရဖို့ မန်းမြို့တော်ဝန်(စည်ပင်)ကို သိန်း (၅၀) ပေးရကြောင်းသိခဲ့ရပါတယ်။ ဦးရာလူကို ဦးစားပေးကြောင်းလည်း သိရပါတယ်။ အစိုးရ၀န်ကြီးဌာနမဏ္ဍပ်တွေကတော့ အဲဒီလောက်ပေးစရာမလိုဘူးလို့ ကြားသိရပါတယ်။

မဏ္ဍပ်တွေမှာ ရေကစားချင်ရင် အကြို၊အကျ၊အကြတ်၊အတက် တစ်ရက် တစ်ဈေးနှုန်းနဲ့ အပြိုင်ကြော်ငြာခဲ့ကြပါတယ်။ အတက်နေ့ကတော့ ဈေးအကြီးဆုံးပေါ့။ ၁ သောင်းကနေ ၂ သောင်းကြား အတက်နေ့မဏ္ဍပ်ထိုင်ဈေးပါ။

Alpine မဏ္ဍပ်ကတော့ ပိုက်ဆံနဲ့မဏ္ဍပ်ထိုင်စရာမလိုဘဲ ကိုယ့်ကိုယ်ကို လှတယ်ထင်တဲ့ ကောင်မလေးတွေ မဏ္ဍပ်မှာထိုင်ချင်ရင် ဓာတ်ပုံနဲ့ လာပြီး လျှောက်လွှာတင်ရမယ်လို့ဆိုပါတယ်။

2011 Mandalay Thingyan - A Kyo Day (13.4.2011) Photos Album Link

https://picasaweb.google.com/bigbbrown/2011MandalayThinGyanAKyoDay1342011#