02 May 2009

1st Show of Year 150th Mandalay

ရတနာပုံမြို့တည်နန်းတည် အနှစ် (၁၅၀)ပြည့်အကြို
မန္တလေးအနုပညာပုံရိပ်ပွဲတော် စတင်ကျင်းပနေပါပြီ။

ဧပြီ (၃၀)ရက်နေ့ညက Pre-Show အဖြစ် စာနယ်ဇင်းမှ ပုဂ္ဂိုလ်များ၊ စာရေးဆရာ၊ ကဗျာဆရာ၊ အယ်ဒီတာများနှင့် အခြား ဖိတ်ကြားထားသူများကို အခမဲ့ ကပြ၊ အသုံးတော်ခံခဲ့ကြပါတယ်။
ဆက်လက်ပြီး မေ (၁)၊ (၂)၊ (၃) ညများမှာ ဆက်လက် ကပြပါမယ်။

ကပြတဲ့ နေရာကတော့ မန္တလေး-အမျိုးသားကဇာတ်ရုံ မှာဖြစ်ပါတယ်။

အစီအစဉ်များထဲမှ လူရွှင်တော် ချစ်စရာရဲ့ "မန္တလေးသား စစ်စစ်ကြီးပါဗျာ" တစ်ခန်းရပ်ပြဇာတ်မှာ အထူးလူကြိုက်များ၊ အားပေးခံနေရသည်။ ထို ပြဇာတ်မှာ မန္တလေးအား တရုတ်လူမျိုးခြားတို့ ၀ါးမျိုနေပုံကို ဟာသလုပ်၊ သရော်ထားခြင်းဖြစ်ကြောင်းသိရသည်။

28 April 2009

A TRIBUTE TO YEAR 150TH MANDALAY

မန္တလေးစာပေ+သဘင်+ဂီတ အနုပညာရှင်များ ပူးပေါင်းမှု အစီအစဉ်

ရတနာပုံမြို့တည်နန်းတည် အနှစ် (၁၅၀)ပြည့်အကြို
``မန္တလေးအနုပညာပုံရိပ်ပွဲတော်´´




မေ(၁)၊ (၂)၊ (၃) ရက် - ည (၇)နာရီ
အမျိုးသားကဇာတ်ရုံ၊ မန္တလေး

Dr SAI KHAM LAKE AT THE AGE OF 60

27 April 2009

Happy 60th Birthday To SAI KHAM LAKE


အသက် (၆၀)မှာ တွေ့ရတဲ့ ဆရာစိုင်းခမ်းလိတ်

(၂၇ ရက်၊ ဧပြီလ၊ ၂၀၀၉) မှာ ကျရောက်တဲ့ တေးရေးဆရာကြီး ဒေါက်တာ စိုင်းခမ်းလိတ် (M.B.,B.S(mdy), M.Med.Sc(Anatomy))ရဲ့ အသက် (၆၀)ပြည့် မွေးနေ့အခါသမယမှာ ဆရာနဲ့ ဆရာ့မိသားစု စိတ်သုခ၊ ကာယသုခ (၂)ဖြာ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း။