27 September 2008

9mm TARGET

"ကိုးမမ ပစ်မှတ်"
ညိုကြီး


'လမ်းချင်းတူရင် လူချင်းတွေ့ လိမ့်မယ်'
မောင်ချောနွယ်ပြောဖူးတဲ့ နှုတ်ဆက်စကား...
သိပ်ခိုက်တယ် ။

ကာလက 'အ' နေတာလား
အကာတွေက လှနေတာလား
အချစ်အတွက်နှစ်ထားတဲ့ သက္ကရာဇ်တွေ... ။

မေမေရေ...
သားတို့ရဲ့  ကာလာတွေကို
ခပ်နီနီ နီးနီးမှာ မြှင့်တင်ထားပြီးပါပြီ။

မေမေပြန်လာရင်
ကာလာချင်းတူနေစေဖို့ ။         ။


ညိုကြီး
(၁၇၊ ရွှေစက်တင်ဘာ၊ ၀၀၈)
------------------------------------------------------------------
(Poem Photo - http://www.usefilm.com/image/897210.html)

25 September 2008

CURRENT SITUATION OF BURMA

လူထုအခြေအနေ
ညိုကြီး


အခြေအနေက
ဘယ်သူသေသေ ငတေမာတွေများလှ
ကြားက မြေဇာပင်ပြည်သူ
မကြည်ဖြူတာ ကြည်ဖြူတာ အရေးမကြီး
ပေးပြီးပေါင်းတွေ ချမ်းသာ
ရမ်းတာတွေ များတဲ့ လူတစ်စု
ကုမရတဲ့ လောဘရောဂါ
ဇောတိုက်တော့ မောဟပါ
စောရကို အသွင်ပြောင်း
မြင်မကောင်း ရှုမကောင်းလိုက်တာ
အထုအထောင်းတွေ ကြားမှာသာ
တို့မြန်ပြည်သားတွေ နေစရာ
သေတာကမှ ပိုကောင်းလိမ့်...။      ။

ညိုကြီး
10:35 AM (4/Nov/006)

21 September 2008

INSIDE BURMA NOW-A-DAY (2)

စစ်အဆိုးရ ပြောပြောနေတဲ့
"ဘယ်ခေတ်တုန်းကနဲ့မျှ မတူအောင်
ခေတ်မီဖွံ့ဖြိုး တိုးတက်နေသော ကျွန်ုပ်တို့၏ ဗမာတိုင်းပြည်

(၂)"

A FLOODED HOSPITAL IN BURMA



သွေးလွန်တုပ်ကွေးတွေ ခေတ်ထနေတဲ့ ဗမာပြည်တွင်းမှာ မိုးကလေးများရွာလိုက်ရုံနဲ့ သွေးလွန်တုပ်ကွေးကုတဲ့ ဆေးရုံတွေတောင် ရေနစ်နေမှတော့ ဘယ်ကလာ ခြင်ကာကွယ်နှိမ်နင်းရေးကို ကောင်းစွာဆောင်ရွက်ပါအံ့နည်း။
ရောဂါကိုမကုခင် ဆေးရုံကို အရင်ကုရမည့်ကိန်း ဆိုက်နေပေ၏။

(သြော်...တိုင်းပြည့်ရတနာ ကလေးငယ်များ၏ အသက်ဇီဝိန်အာမခံချက်မှာကား တွေးမိ၊ မြင်မိတိုင်း ရင်နာစရာကောင်းပေတော့သည်တကား...)