22 July 2011

Video File Download Link of Chinese - Burmese Conflict at Mandalay Gem Trading Centre

၂၀၁၁ မန်းကျောက်ဝိုင်း တရုတ်-ဗမာ အရေးအခင်း (မန်း) ဗီဒီယိုဖိုင် Download Link

Mediafire Download Link;
http://www.mediafire.com/?​591ay49hw8cwa

၂၀၁၁၊ ဇွန် ၂၇ ရက်နေ့က မန္တလေးကျောက်ဝိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တရုတ်-ဗမာ ရန်ပွဲကစတဲ့ အရေးအခင်းဗီဒီယိုဖိုင် အပိုင်း(၁ နဲ့ ၂)ပါ။
ဧည့်ဗီဇာနဲ့ တရုတ်ပြည်သား တရုတ်ကျောက်သမားငါးယောက်နဲ့​ ဗမာကျောက်သမားတစ်ယောက် ကျောက်ရောင်း/၀ယ်ကိစ္စနဲ့ ပတ်သက်ပြီး အချင်းများရာက တစ်ယောက်သောဗမာ ခံရရာ တရားခံ တရုတ်များကို ဗမာများစွာ ၀န်းရံထားပြီး နိုင်ငံတော်သီချင်း ၀ိုင်းဆိုကြတဲ့ ဇာတ်လမ်းပါ။
ရဲများက တရုတ်များကို လက်ထိပ်ခတ်ကာ လူတွေကြားထဲကနေ ထုတ်ယူသွားပါတယ်။
နောက်သိရတာက အဲဒီတရုတ်များကို တရုတ်သံရုံးဆီ ပြန်အပ်လိုက်ရပြီး အဲဒီတရုတ်တွေကို တရုတ်ပြည်ကို ပြန်လွှတ်လိုက်ကြောင်းသိရပါတ​ယ်။

Nyo Gyi

(www.facebook.com/nyogyi မှာလည်း တင်ထားပါတယ်)

Video File Download Link of Silent Honouring The Martyrs at Mandalay

"အာဇာနည်များကို ၄ နာရီကျော်ကြာ ငြိမ်သက်ဂါရ၀ပြုတဲ့ မန္တလေးက ကိုခင်မောင်ရီ" ရဲ့ ဗွီဒီယိုဖိုင်ဒေါင်းလုပ်လင့်ခ်ပါ။

Mediafire Download Link;
http://www.mediafire.com/f​ile/eu64cua5sm1k2kv/19%20J​uly%202011%20at%20Mdy.mpg

သူ့သတင်းအသေးစိတ်ကိုတော့
http://bigbbrown.blogspot.com/2011/07/www.html
မှာဖတ်ပါ။

(www.facebook.com/nyogyi မှာလည်း ဗွီဒီယိုဖိုင်ရော၊ သတင်းစာသားပါ တင်ထားပါတယ်။)

21 July 2011

Silent Honouring The Martyrs at Mandalay

အာဇာနည်များကို ၄ နာရီကျော်ကြာ ငြိမ်သက်ဂါရ၀ပြုတဲ့ မန္တလေးက ကိုခင်မောင်ရီ



၁၉၊ ဇူလိုင်၊ ၂၀၁၁ - (၆၄)နှစ်မြောက် အာဇာနည်နေ့မှာ မန္တလေး၊ ကန်ကောက်ရပ်က ကိုခင်မောင်ရီတစ်ယောက် အာဇာနည်များကို ဂါရ၀ပြုပုံဆန်းခဲ့ပါတယ်။ သူက မန္တလေး၊ ၆၂ လမ်း၊ သိပ္ပံလမ်းနဲ့ ၃၅ လမ်းကြားမှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ရှေ့တည့်တည့် ၆၂ လမ်းပေါ်မှာ နံနက် ၉ နာရီကျော်ခန့်ကနေ မွန်းလွဲ ၂ နာရီလောက်ထိ ငြိမ်သက်စွာ မျက်စိမှိတ်ထိုင်ကာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျဆုံးလေပြီးသော အာဇာနည်များကို ဂါရ၀ပြုခဲ့ပါတယ်။

သူ့ရှေ့က သံတိုင်တန်းမှာလည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကိုးဦးပုံပါ ဂျာနယ်မျက်နှာဖုံးတစ်ခုချိတ်ဆွဲထားပြီး ပန်းစည်းများနဲ့ ပူဇော်ထားပါသေးတယ်။ သူ့မှာပါလာတဲ့ အမွှေးတိုင်တွေကိုတော့ မထွန်းဘဲ သူ့ရှေ့မှာ မီးခြစ်နဲ့အတူ ချထားခဲ့ပါတယ်။ သူ့ရဲ့ ဘယ်ဘက်လက်မောင်းမှာလည်း ၀မ်းနည်းခြင်းအထိမ်းအမှတ် အနက်ရောင်လက်ပတ် ပတ်ထားပါတယ်။

သူ့ပတ်လည်မှာ စိတ်ဝင်စားသူတွေက ၀န်းရံထားပါတယ်။ မီဒီယာသမားတွေနဲ့ ထောက်လှမ်းရေးဆိုသူတွေကတော့ မှတ်တမ်းတင်ကြပါတယ်။

သူဂါရ၀ပြုတာကိုမြင်ပြီး လမ်းသွားလမ်းလာထဲက အချို့ သူနဲ့အတူ အာဇာနည်များကို ၀င်ကန်တော့သွားတာလည်းရှိသလို အချို့သူတွေကလည်း သူနဲ့အတူ အာဇာနည်များကို ပန်းစည်းများချထားကာ ၀င်ရောက် ဂါရ၀ပြုသွားကြောင်းသိရပါတယ်။

ညိုကြီး

(အာဇာနည်များအား ကိုခင်မောင်ရီ ဂါရ၀ပြုပုံဗီဒီယိုကလစ်အား www.facebook.com/nyogyi မှာ တင်ထားပါမည်။)