30 May 2009

KYI MAUNG THAN'S DEPAYIN POEM

ကြည်မောင်သန်းရဲ့ ဒီပရင်္ဂ ကဗျာ

ဒီပဲယင်းလုပ်ကြံမှု (ဒေါ်အောင်ဆန်းစုကြည်အား စစ်သူခိုးရက ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် ရာဇ၀တ်မှု) အမှတ်တရ စပ်ဆိုထားတဲ့ ကဗျာဆရာ ကြည်မောင်သန်းရဲ့ “ဒီပရင်္ဂ” ကဗျာ (ချယ်ရီမဂ္ဂဇင်း၊ ဇွန်လ၊ ၂၀၀၈)ကို ယနေ့ ဒီပဲယင်းလုပ်ကြံမှု (၆)နှစ်ပြည့်မှာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ဒီကဗျာနဲ့ပတ်သက်ပြီး စစ်အဆိုးရ စာပေကင်ပေတိုင် (စိစစ်ရေး)က ဖိအားပေးတဲ့အတွက် ထိုစဉ်က ချယ်ရီမဂ္ဂဇင်း အယ်ဒီတာ လင်းထိပ်သျှင် အယ်ဒီတာအဖြစ်မှ နုတ်ထွက်ပေးလိုက်ရပါတယ်။ ဒီပရင်္ဂ ကဗျာ ချယ်ရီမှာ ပါဝင်ခဲ့ပြီး နောက်ပိုင်းကစလို့ ကဗျာရေးသူ ဆရာကြည်မောင်သန်းရဲ့ ကလောင်အမည် ဆက်လက်သုံးစွဲခွင့်ကိုလည်း စစ်အဆိုးရ စာပေကင်ပေတိုင်က ပိတ်ပင်အရေးယူခဲ့ပါတယ်။

DEPAYIN HISTORY or MYANMAR MILITARY JUNTA'S CRIME

ဒီပဲယင်း အရေးတော်ပုံ
(သို့မဟုတ်)
ဒေါ်အောင်ဆန်းစုကြည်ကို စစ်သူခိုးရက ယုတ်မာစွာ လုပ်ကြံခဲ့သည့် ဇာတ်လမ်း

depayin- photo history


DEPAYIN HISTORY

depayin- photo history





U Ponnya's poem

စလေဦးပုည၏ကဗျာတစ်ပုဒ်


ကာလနှယ် ဆိုးပါဘိ၊ သူခိုးက လူလူ၊

တောလေ့ပေါက် နန်းမူ၊ အိမ်သူကို ဧည့်စောင်း၊

သူကောင်းကို အပြစ်တင်၊

တောင်ယာရှင် မျောက်လိုက်လို့မောင်း။ ။

လေးတရာ့ဆီမှန်လျှင်၊ ရေနံလောက်မကောင်း၊

စိတ်အနေ ရုပ်ပြောင်းလို့၊ ချောင်းကိုပ မြစ်ထင်၊

တူရိယာ နတ်စည်စောင်း၊

သူဖုန်းတောင်းချင်းကတဲ့သွင်။

ဝါးလုံးခေါင်း လသာချင်တယ်၊ အိမ်ထဲတွင် ကင်းဝပ်လို့၊

မုန်းဇာတ်ကြံကြပြီ၊ ဘုန်းရို့ဝသီ၊

ခုများဖြင့် မုသားညီတယ်၊

အပလီ ဗိုလ်မင်းပလေး။ ။


(စလေဦးပုည)

U Ponnya's poem

စလေဦးပုည၏ကဗျာတစ်ပုဒ်

ကာလနှယ် ဆိုးပါဘိ၊ သူခိုးက လူလူ၊
တောလေ့ပေါက် နန်းမူ၊ အိမ်သူကို ဧည့်စောင်း၊
သူကောင်းကို အပြစ်တင်၊
တောင်ယာရှင် မျောက်လိုက်လို့မောင်း။ ။
လေးတရာ့ဆီမှန်လျှင်၊ ရေနံလောက်မကောင်း၊
စိတ်အနေ ရုပ်ပြောင်းလို့၊ ချောင်းကိုပ မြစ်ထင်၊
တူရိယာ နတ်စည်စောင်း၊
သူဖုန်းတောင်းချင်းကတဲ့သွင်။
ဝါးလုံးခေါင်း လသာချင်တယ်၊ အိမ်ထဲတွင် ကင်းဝပ်လို့၊
မုန်းဇာတ်ကြံကြပြီ၊ ဘုန်းရို့ဝသီ၊
ခုများဖြင့် မုသားညီတယ်၊
အပလီ ဗိုလ်မင်းပလေး။ ။

(စလေဦးပုည)

29 May 2009

Crimes in Burma

Harvard Law School Human Rights Program issues new report on abuses in Burma
May 28, 2009



Download link to read;
http://www.law.harvard.edu/programs/hrp/documents/Crimes-in-Burma.pdf

Crimes in Burma

64 Words for Aung San Su Kyi

စုအတွက် ၆၄ အမည်ရ ဒေါ်စုလွတ်မြောက်ရေး အင်တာနက် လှုပ်ရှားမှု ထွက်ပေါ်လာ     
ကိုဝိုင်း    
ကြာသပတေးနေ့၊ မေလ 28 2009 18:14 - မြန်မာစံတော်ချိန် 


ချင်းမိုင် (မဇ္ဈိမ)။     ။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် နအဖ စစ်အစိုးရကို ဖိအားပေးရန် ရည်ရွယ်သည့် နိုင်ငံတကာ အင်တာနက်အခြေခံ လှုပ်ရှားမှုတခုကို ယမန်နေ့က စတင်လိုက်ပြီဖြစ်သည်။

64 words for Aung San Suu Kyi ဟုခေါ်သော အဆိုပါ လှုပ်ရှားမှုကို နာမည်ကြီး အနုပညာရှင်များ၊ နိုဘယ်ဆုရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့များနှင့် အလုပ်သမားသမဂ္ဂများ ပူးပေါင်း၍ http://www.64ForSuu.org အင်တာနက်စာမျက်နှာ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အင်တာနက် စာမျက်နှာတွင် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသည့် ဗီဒီယိုတင်ခြင်း၊ စာရေးသားခြင်း၊ ဓာတ်ပုံတင်ခြင်းများကို မည်သူမဆို ပြုလုပ်နိုင်ပြီး၊ အင်္ဂလိပ်ဘာသာဖြင့် စကားလုံး ၆၄ လုံးအထိ ပါဝင်သည့် စကားရပ်ဖြင့် ဂုဏ်ပြုနိုင်မည်။

64forsuu.org ဝဘ်ဆိုဒ်ကို စတင်ဖြန့်ဝေလိုက်ချိန်သည် ဒေါ်စု၏ နေအိမ်အကျယ်ချုပ် သက်တမ်း ၆ နှစ်ပြည့် ကာလနှင့် တိုက်ဆိုင်နေကာ၊ လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၆၄ နှစ်မြောက် မွေးနေ့ပွဲအမီ ထောင်ဂဏန်းနှင့်ချီသော ထောက်ခံရေးသား ပေးပို့မှုများ ရရှိမည်ဟုလည်း မျှော်လင့်ထားကြသည်။

၆ ရက်ခန့်ကြာ တည်ဆောက်ခဲ့သည့် ဝဘ်ဆိုဒ် စာမျက်နှာတွင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း လူအများ လေ့လာနိုင်ရန်အတွက် မွေးဖွားချိန်မှ အင်းစိန်ထောင်တွင်း တရားရုံးထုတ်ရာသို့ သတင်းထောက်များနှင့် သံတမန်များ ဝင်ရောက်ကြည့်ရှုခွင့် ပေးသည့် ယခုလ ၂ဝ ရက်နေ့အထိ ထူးခြားသည့် ရက်စွဲများကို အစဉ်လိုက် ဖော်ပြထားသည်။ 

ထို့အပြင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ရရှိရေး လှုပ်ရှားမှုအတွက် မြန်မာစစ်အစိုးရက လွန်ခဲ့သည့် ၁၉ နှစ်အတွင်း ၁၃ နှစ်ကျော် ဖမ်းဆီးချုပ်နှောင်ခဲ့ပုံကိုလည်း ရေးသားထားသေးသည်။

ယခု လှုပ်ရှားမှုကို ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်း အပါအဝင် ဟောလိဝုဒ်မှ နာမည်ကြီး မင်းသားများဖြစ်သော ဂျော့ ကလွန်နီ၊ ဘရက်ပစ်၊ ဂျိမ်းစ်ဘွန်းမင်းသား ဒန်နီရယ် ကရစ်ဂ်ျ၊  ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး၊ ချက်သမ္မတနိုင်ငံ သမ္မတကြီး ဗားကလဗ် ဟာဗေး၊ ဘောလုံးအကျော်အမော် ဒေးဇစ် ဘက်ဟမ်းတို့ကလည်း အားပေး ထောက်ခံထားသည်။ 

ဗြိတိန်အစိုးရ၏ အင်တာနက် စာမျက်နှာဖြစ်သော http://www.number10.gov.uk/ တွင်လည်း ယခု လှုပ်ရှားမှုနှင့် ပတ်သက်၍ ရှင်းလင်း ဖော်ပြထားသည်။
 
-------------------------------------------------------------------------------------------------
(New Source : http://mizzimaburmese.com/news/breaking-newsbrief/3064-2009-05-28-11-57-33.html)

INVITATION TO ACT FOR BURMA

ဖိတ်ခေါ်ချက်ပေးပို့ခြင်း

လေးစားရပါသော မိဘပြည်သူများ၊ဘလော့ဂ်ဂါများ၊အဖွဲ့အစည်းအသီးသီ မှတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် အဖွဲ့ဝင်များ ရှင့်..

အမေရီကန်နိုင်ငံသား ဂျွန်ဝေလီယန်ယက်တော် နေအိမ်အကျယ်ချုပ်နဲ့
ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံဝင်းအတွင်း
တိတ်တဆိတ် ဝင်ရောက်လာခြင်း သည်စစ်အစိုးရ၏ လုံခြုံရေး ညံ့ဖြင်းခြင်းကြောင့်သာ ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လူသားပီသသည့် လူလူချင်း ညှာတာစိတ်ထားသည့်
ခေါင်းဆောင်တစ်ဦးပီသသည့် "သူမကြောင့် အခြားသူ တစ်ဦး အာဏာရှင် လက်ထဲ ရောက်မှာ မလိုလားပါဖူး"
ဆိုတဲ့ စကားဟာ ယက်တော သူ့ဖာသာ ၀င်ရောက် လာခြင်းကို
နအဖလက်ထဲ တိုင်ပြီး အပ်ရမယ့် လုပ်ရပ် ကို သူမ မလုပ်ခဲ့ပါ။ လူလူချင်း ဒုက္ခ ရောက်မယ့် လုပ်ရပ် သူမ မလုပ် နိုင်ပါ ...
မြန်မာ ဖြစ်စေ နိုင်ငံခြားသား ဖြစ်စေ မခွဲခြားဘဲ ထားတဲ့ စိတ်ဓါတ်ဟာ ယက်တောရော နိုင်ငံတကာက ပြည်သူတွေရော သိစေချင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြင့်မြတ်သည့်၊ လူသား ပီသသည့်၊ နိုင်ငံကြီးသား ပီသသည့်၊
လူလူချင်း ခွဲခြားဆက်ဆံမှု မရှိသည့် ဒေါ်အောင်ဆန်းစုကြည် အတွက် ကျွန်တော် တို့ ဂုဏ်ယူထိုက်ပါသည်။
မည်သို့ပင် ဖြစ်စေကာမူ ဒေါ်အောင်ဆန်းစုကြည် တွင် လုံးဝ အပြစ်မရှိပါ။

ယခုအခါတွင် စစ်အစိုးရတို့ ကြိုတင် ကြံစီထားသည့် အတိုင်း
ဒေါ်အောင်ဆန်းစုကြည် အား အကျဉ်းထောင်တွင်း ၌ ဆက်လက် ဖမ်းဆီး ချုပ်နှောင် ထားတော့မည်။
အထက်မြန်မာပြည်ခရီးစဉ်အတွင်းဖြစ်ခဲ့သည့် ဒီပဲယင်း လုပ်ကြံမှုကြီးမှအစ ယနေ့
အင်းစိန်ထောင် အတွင်း ရောက်နေရသည် အထိ ဒေါ်အောင်ဆန်းစုကြည်၌ လုံးဝ အပြစ်မရှိပါ။
မတရား ဖမ်းဆီးချုပ်နှောင် ထားခြင်းသာဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်သို့ ရွေ့ပြောင်းချုပ်နှောင် ထားခြင်း သည်
ကျွန်မတို့ အားလုံးနှင့် ပြည်သူတရပ်လုံး၏ မျှော်လင့်ချက်များ အလုံးစုံကို ဖမ်းဆီးချုပ်နှောင်ထားခြင်းပင် ဖြစ်သည်။

ထို့ကြောင့် ကျွန်မ တို့အနေ နှင့်
မိဘပြည်သူများ ၊ ဘလော့ဂ်ဂါများ ၊ အဖွဲ့အစည်းအသီးသီ မှ တာဝန်ရှိ ပုဂ္ဂိုလ် များနှင့် အဖွဲ့ဝင်များ အားလုံး
 ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး ချုပ်နှောင်ထားခြင်း နှင့် စစ်အစိုးရ၏ ယုတ်မာမှု အပေါ် ခံစားချက်များအား
လာရောက် ရေးသားဖို့ ဖိတ်ခေါ်ပါရစေ။

ထိုရေးသားချက်များအား
"ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီး ချုပ်နှောင်ခံရခြင်း နှင့် စစ်အစိုးရ၏ ယုတ်မာမှု အပေါ် ပြည်သူများ၏ ခံစားချက်"
အမည်ဖြင့် စာအုပ် ထုတ်ဝေပြီး နိုင်ငံ အသီးသီး ၏ ခေါင်ဆောင်များ ၊
မြန်မာနိုင်ငံအကြောင်း စိတ်ဝင်စားသူများ ထံ ပေးပို့သွားမှာ ဖြစ်ပါတယ်ရှင့်။

www.news-shrc.org

လေးစားစွာဖြင့်

ဒေါက်တာ - နန်းသီတာအေး
ဒုဥက္ကဌ
ဓနုအမျိုးသားကောင်စီ

28 May 2009

Special Poem for Daw Aung San Suu Kyi by Aung Way

" ပျားအုံခံစားမှု "
------------
အောင်ဝေး
------------

ဟေ့ကောင်
သွေးကြောင်နေတဲ့ ကောင်
ဘေးရှောင်။

အခုအချိန်
လူတိုင်းအင်းစိန်ထောင်ရှေ့ ရောက်နေတာ
ထမင်းမြိန်အောင်လို့ မဟုတ်ဘူး။

လူတိုင်းအင်းစိန်ထောင်ရှေ့ 
သွားဆုံစုရုံးနေတာ
ပျားအုံတစ်ခုထုံး နှလုံးမူလို့ ပါ။

ပျားဆိုတာ
အုံရမယ်
မအုံရင် ပျားမဟုတ်ဘူး။

ပျားဆိုတာ
စုရမယ်
မစုရင် ပျားမဟုတ်ဘူး။

ခုချိန်ဟာ
လူထု ၀တ်ရည်စုချိန်။

ခုချိန်ဟာ
လူထု ပျားအုံဖွဲ့ ချိန်။

ဒီအချိန်မှာ
အင်းစိန်ထောင်ဟာငါတို့ အိမ်။

အင်းစိန်ထောင်ထဲမှာ
ငါတို့ အသည်းနှလုံးပိတ်လှောင်ခံနေရတယ်။

အင်းစိန်ထောင်ထဲမှာ
ငါတို့ အလင်းရောင်ချုပ်နှောင်ခံနေရတယ်။

အင်းစိန်ထောင်ထဲမှာ
ငါတို့ အနာဂတ်မြေမြှုပ်ခံရတော့မယ်။

သေရေး ရှင်ရေး
အရေးကြီးနေတဲ့ အချိန်
ဘတ်စတီးအကျဉ်းထောင်ကို
ပြင်သစ်ပြည်သူတွေဝိုင်းတော့ 
ဒါ ကြီးကျယ်တဲ့ သမိုင်းလို့ ပြောတဲ့
မင်းရို့ ပညာတတ်တွေ
အခု
ငါတို့ မြန်မာပြည်သူတွေ
အင်းစိန်ထောင်ရှေ့ ချီတက်တာကို
ဘာကြောင့် သဘောမတူရဲတာလဲ။

ငါတို့ ဟာ
စိတ်ထဲကသေနတ်တွေနဲ့ 
ရန်သူကိုဆက်ပစ်နေရမယ်။

ငါတို့ အပစ်ရပ်လိုက်ရင်
ရန်သူရဲ့ 
အပြတ်ရစ်ခြင်း ကိုခံရမယ်။

ဟေ့ကောင်
သွေးကြောင်နေတဲ့ ကောင်
ဘေးရှောင်

ဟိုမှာ စစ်ခွေးကောင်တွေ ဟောင်နေပြီ။ ။


-အောင်ဝေး
(မေ ၂၅ ၊ ၂၀၀၉)

(From www.moemaka.com)

NLD Announcement (15/05/09)

Pamphlet Action by GW

Dear All,

We, the members of Generation Wave, made a pamphlet action today, on Tuesday
26 May 2009. The action involved distributing pamphlets on the buses in
Yangon, the capital of Burma.

We are trying to increase the momentum of our activities and commit to more
action. We want to encourage the people of Burma, especially the youth, to
participate in any actions against the military junta.

If all the people unite, we can strongly shout our message to the SPDC;

*"FREE OUR NATIONAL LEADER*
*DAW AUNG SAN SUU KYI NOW!"*


--
regards

moethway
Generation Wave
http://www.generationwave-network.co.cc/

25 May 2009

POEMS FOR THE YEAR 150TH MANDALAY

From Year 150th Mandalay

(၁၂၂၁ - ၁၃၇၁ ခုနှစ်) မန္တလေး အနှစ် ၁၅၀ ပြည့် အထိမ်းအမှတ်အနေနဲ့ ထွက်ရှိခဲ့တဲ့ ကဗျာစာအုပ်ကလေးပါ။

မန္တလေးစာပေမိတ်ဆွေများ စုပေါင်းရေးဖွဲ့သီကုံး၍ ထိန်ဝင်းမွန် (အနီမောင်) ပြင်ဆင်မွမ်းမံ ထုတ်ဝေသည်...လို့ဆိုတဲ့ ဒီကဗျာစာအုပ်မှာ ဒဂုန်တာရာရဲ့ အမှာစာနဲ့အတူ မန္တလေးကဗျာဆရာ (၇၂)ဦး ပါဝင် ရေးသားထားပါတယ်။

ကဗျာတွေထဲကမှ ကဗျာဆရာ ရိုးဒီနဲ့ ကဗျာဆရာ စံညိမ်းဦးတို့ရဲ့ ကဗျာများကို ကူးယူဖော်ပြပေးလိုက်ပါတယ်။

From Year 150th Mandalay


From Year 150th Mandalay

24 May 2009

The 51st Anniversary of Shan State People Resistance Day (May, 21st, 009)

SSA ဌာနချုပ် တွင် ပြုလုပ်သော ၅၁ နှစ်မြောက် သျှမ်းပြည် အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနား ဓါတ်ပုံများ

(For Above Pictures, Special Thanks to Dr Soe Myint.)

ဒေါက်တာ - စိုးမြင့်
အထွေထွေအတွင်းရေးမှူး
ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီ