" ပျားအုံခံစားမှု "
------------
အောင်ဝေး
------------
ဟေ့ကောင်
သွေးကြောင်နေတဲ့ ကောင်
ဘေးရှောင်။
အခုအချိန်
လူတိုင်းအင်းစိန်ထောင်ရှေ့ ရောက်နေတာ
ထမင်းမြိန်အောင်လို့ မဟုတ်ဘူး။
လူတိုင်းအင်းစိန်ထောင်ရှေ့ 
သွားဆုံစုရုံးနေတာ
ပျားအုံတစ်ခုထုံး နှလုံးမူလို့ ပါ။
ပျားဆိုတာ
အုံရမယ်
မအုံရင် ပျားမဟုတ်ဘူး။
ပျားဆိုတာ
စုရမယ်
မစုရင် ပျားမဟုတ်ဘူး။
ခုချိန်ဟာ
လူထု ၀တ်ရည်စုချိန်။
ခုချိန်ဟာ
လူထု ပျားအုံဖွဲ့ ချိန်။
ဒီအချိန်မှာ
အင်းစိန်ထောင်ဟာငါတို့ အိမ်။
အင်းစိန်ထောင်ထဲမှာ
ငါတို့ အသည်းနှလုံးပိတ်လှောင်ခံနေရတယ်။
အင်းစိန်ထောင်ထဲမှာ
ငါတို့ အလင်းရောင်ချုပ်နှောင်ခံနေရတယ်။
အင်းစိန်ထောင်ထဲမှာ
ငါတို့ အနာဂတ်မြေမြှုပ်ခံရတော့မယ်။
သေရေး ရှင်ရေး
အရေးကြီးနေတဲ့ အချိန်
ဘတ်စတီးအကျဉ်းထောင်ကို
ပြင်သစ်ပြည်သူတွေဝိုင်းတော့ 
ဒါ ကြီးကျယ်တဲ့ သမိုင်းလို့ ပြောတဲ့
မင်းရို့ ပညာတတ်တွေ
အခု
ငါတို့ မြန်မာပြည်သူတွေ
အင်းစိန်ထောင်ရှေ့ ချီတက်တာကို
ဘာကြောင့် သဘောမတူရဲတာလဲ။
ငါတို့ ဟာ
စိတ်ထဲကသေနတ်တွေနဲ့ 
ရန်သူကိုဆက်ပစ်နေရမယ်။
ငါတို့ အပစ်ရပ်လိုက်ရင်
ရန်သူရဲ့ 
အပြတ်ရစ်ခြင်း ကိုခံရမယ်။
ဟေ့ကောင်
သွေးကြောင်နေတဲ့ ကောင်
ဘေးရှောင်
ဟိုမှာ စစ်ခွေးကောင်တွေ ဟောင်နေပြီ။ ။
-အောင်ဝေး
(မေ ၂၅ ၊ ၂၀၀၉)
(From www.moemaka.com)
28 May 2009
Special Poem for Daw Aung San Suu Kyi by Aung Way
Pamphlet Action by GW
We, the members of Generation Wave, made a pamphlet action today, on Tuesday
26 May 2009. The action involved distributing pamphlets on the buses in
Yangon, the capital of Burma.
We are trying to increase the momentum of our activities and commit to more
action. We want to encourage the people of Burma, especially the youth, to
participate in any actions against the military junta.
If all the people unite, we can strongly shout our message to the SPDC;
*"FREE OUR NATIONAL LEADER*
*DAW AUNG SAN SUU KYI NOW!"*
--
regards
moethway
Generation Wave
http://www.generationwave-network.co.cc/
25 May 2009
POEMS FOR THE YEAR 150TH MANDALAY
| From Year 150th Mandalay |
(၁၂၂၁ - ၁၃၇၁ ခုနှစ်) မန္တလေး အနှစ် ၁၅၀ ပြည့် အထိမ်းအမှတ်အနေနဲ့ ထွက်ရှိခဲ့တဲ့ ကဗျာစာအုပ်ကလေးပါ။
မန္တလေးစာပေမိတ်ဆွေများ စုပေါင်းရေးဖွဲ့သီကုံး၍ ထိန်ဝင်းမွန် (အနီမောင်) ပြင်ဆင်မွမ်းမံ ထုတ်ဝေသည်...လို့ဆိုတဲ့ ဒီကဗျာစာအုပ်မှာ ဒဂုန်တာရာရဲ့ အမှာစာနဲ့အတူ မန္တလေးကဗျာဆရာ (၇၂)ဦး ပါဝင် ရေးသားထားပါတယ်။
ကဗျာတွေထဲကမှ ကဗျာဆရာ ရိုးဒီနဲ့ ကဗျာဆရာ စံညိမ်းဦးတို့ရဲ့ ကဗျာများကို ကူးယူဖော်ပြပေးလိုက်ပါတယ်။
| From Year 150th Mandalay |
| From Year 150th Mandalay |
24 May 2009
The 51st Anniversary of Shan State People Resistance Day (May, 21st, 009)
(For Above Pictures, Special Thanks to Dr Soe Myint.)
ဒေါက်တာ - စိုးမြင့်
22 May 2009
21 May 2009
MYIT KYI NAR ACTION
ချင်းမိုင်(မဇ္ဈိမ)။ ။ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားမှုကို ကန့်ကွက်သည့်စာများကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် လူငယ် တက်ကြွလှုပ်ရှားသူများက ယနေ့နံနက်က ရေးသား ဖြန့်ဝေခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်း လွတ်ပေးရန်၊ ၂ဝ၁ဝ ရွေးကောက်ပွဲ အလိုမရှိ (Free Aung San Suu Kyi immediately and Against 2010 elections) ဆိုသည့် စာများအား မြန်မာသာသာနှင့် အင်္ဂလိပ်ဘာသာ နှစ်မျိုး ရေးထားသည့် စာရွက်များကို လိုက်လံကပ်ခဲ့ကြသည်။
“ဒီမနက် ကျနော်တို့ စာလိုက်ကပ်တာက မလိုလားချက်တွေကို ထုတ်ဖော်ပြောဆိုတာက လွဲလို့ ကျနော်တို့ဘာမှ မတတ်နိုင်ဘူး။ ကျနော်တို့ လူငယ်တွေကနေ လူထုခေါင်းဆောင် တယောက်ကို သူတို့ လုပ်ချင်တလို လုပ်နေတာကို မလိုလားလို့ ကန့်ကွက်တဲ့ စာကို လိုက်ကပ်တာပါ” စာလိုက်ကပ်ခဲ့သူ ကချင်ကျောင်းသား သမဂ္ဂမှ လူငယ်တဦးက ပြောသည်။
မြစ်ကြီးနားမြို့ပေါ်ရှိ မြို့သစ်၊ မြို့မ၊ ရန်ကြီးအောင်၊ ယုဇန၊ အောင်နန်း၊ ဧရာ၊ ဒူကထောင်ရပ်ကွက်များနှင့် ဒူကထောင် အမက(၁)ကျောင်းရှေ့၊ မြို့နယ် ပညာရေးရုံးများ၊ လူသွားများသည့် လမ်းဘေးဓါတ်တိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင် စာများ ကပ်ခဲ့ခြင်း ဖြစ်သည်။
မြို့သစ်နှင့် ယုဇရပ်ကွက် လမ်းထောင့်ရှိ သုံးရာသီအအေးဆိုင်ရှေ့ ဆိုင်းဘုတ်တွင် ကပ်ထားသည့် စာကို အမှတ် (၂) ရဲစခန်းမှ စစ်သားများ လာရောက် ဖြုတ်ယူသွားခဲ့သည်ဟု မြင်တွေ့လိုက်ရသူ တဦးက မဇ္ဈိမသို့ ပြောသည်။
မြစ်ကြီးနားမြို့ပေါ်အတွင်း လုံခြုံရေးများ တိုးချဲ့ ချထားသည်ဟု ပြောသည်။
“လုံခြုံရေးလဲ အများကြီး ချထားတယ်။ မြို့ပေါ် လမ်းထောင့်တိုင်း ညဆိုရင်လည်း စောင့်ကြည့်နေကြတယ်။ နှစ်ယောက်တတွဲ တွဲချထားတယ်။ စစ်သားတွေဘဲ”ဟု ပြောသည်။
One More Photo Of GW's Spary Actions
Please see the one more photo of our spray actions.
Action in this photo was taken near The Embassy of Japan
in Yangon.
For further more information, Please visit our blog pages
http://www.generation-wave.co.cc/
တော်လှန်ရေးမောင်နှမများခင်ဗျား
ကျနော်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး)မှ
အနီးရှိ နေရာများ၊ဘောလုံးကွင်းအနီးနှင့်ဂျပန်သံရုံးအနီးတို့တွင်
ဒေါ်အောင်ဆန်းစုကြည်အားချက်ချင်းလွှတ်ပေးရန်
ဆေးမှုတ်၍တောင်းဆိုသည့်လှုပ်ရှားမှုများပြုလုပ်ခဲ့ပါသည်။
ပြည်သူများနှင့်လူငယ်ထုမှလည်း နအဖစစ်အုပ်စုက
ဒေါ်အောင်ဆန်းစုကြည်အား မတရားထောင်ချရန်
လုပ်ကြံဇာတ်ခင်း၍ကြိုးစားနေခြင်းကို တတ်နိုင်သည့်နည်းလမ်းများဖြင့်
ကန့်ကွက်ရှုတ်ချသွားကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
Actions happened at key crowded places in Yangon, Burma: near the Japanese Embassy in Bahan township,
near Military Documentation Office, and at the Football Stadium of (Bauk Htaw) Yankin Township.
We also want to encourage people and especially youth of Burma to do all they can to take actions
for the release of Daw Aung San Suu Kyi
--
regards
moethway
Generation Wave
http://www.generation-wave.co.cc/
19 May 2009
WAR BEGINS
စပြီ...။
အသက် (၆၃)နှစ်
အမေအရွယ်၊ အဖွားအရွယ်
နိုဘယ်ငြိမ်းချမ်းရေးဆုရှင်
ပြစ်မျိုးမှဲ့မထင် ဒေါ်အောင်ဆန်းစုကြည်
အင်းစိန်ထောင်ထဲက ဗမာ့နေမင်း
ဗမာ့လမင်း ။
အခြားတစ်ဖက်မှာ...
အရှက်မရှိ အိုနာကျိုးကန်း ခွေးသူခိုး
စစ်အာဏာရှင် အရူးငပေါတွေက
ငါတို့ အမေကို၊ ငါတို့ အဖွားကို
ဝိုင်းကိုက်နေကြ၊ ၀ိုင်းဟောင်နေကြပြီ ။
ညိုကြီး...
မင်း ဘာလုပ်မလဲ
ညီလေး...
မင်း ဘာလုပ်သင့်လဲ
ညီမလေး...
နင် ဘာလုပ်ရမလဲ ။
တွေ မနေနဲ့၊ ထွေ မနေဲ့
လေ မနေနဲ့၊ ခွေ မနေနဲ့
သေ မနေနဲ့၊ ရှည်မနေနဲ့ ။
စပြီ...
တိုက်ပွဲ ကတော့ ကောင်းကောင်းကြီး စပြီ
သင်္ခါရဆိုတဲ့ ပြုပြင်၊ စီရင်၊ ပြောင်းလဲခြင်း သဘောအလိုအရ
ယခုမျက်မှောက်အချိန်သမယဟာဖြင့်
စစ်တေလေဂျပိုးအဆိုးရလူ့ငနွားတစ်စုကို
ကောင်းကောင်းကြီး နောင်ကြဉ်သွားအောင်
ကောင်းကောင်းကြီး ဆုံးမရမယ့် အချိန်ခါ ရောက်ခဲ့ပြီ ။
တွေ မနေနဲ့၊ ထွေ မနေဲ့
လေ မနေနဲ့၊ ခွေ မနေနဲ့
သေ မနေနဲ့၊ ရှည်မနေနဲ့ ။
ညိုကြီး...
မင်း ဘာလုပ်မလဲ
ညီလေး...
မင်း ဘာလုပ်သင့်လဲ
ညီမလေး...
နင် ဘာလုပ်ရမလဲ ။
စပြီ...
တိုက်ပွဲ ကတော့ဖြင့်
ကောင်းကောင်းကြီးကို စခဲ့ပြန်ပါပြီကော။ ။
ညိုကြီး
(၁၉၊ မေ၊ ၀၀၉)
17 May 2009
YEAR 150TH MANDALAY < YEAR 100TH MANDALAY
YEAR 100TH MANDALAY
![]() |
| From Year 150th Mandalay |
(Year 100th Mdy Source - http://www.first-11.com/bdet.php?id=20)
YEAR 150TH MANDALAY
| From Year 150th Mandalay |
Year 150th Mdy Photo Album
ရတနာပုံ မြို့ တည်နန်းတည် အနှစ်(၁၅၀)ပြည့် ဖျော်ဖြေရေးအစီအစဉ်များ
၁-၂-၃/မေ/၂၀၀၉
မန္တလေးအနုပညာပုံရိပ်ပွဲတော်
၁၄-၁၅-၁၆/မေ/၂၀၀၉ (ကုသိုလ်တော်ဘုရားကွင်း)
ဝင်းနောင်၊ မျိုးနန္ဒ၊ ပန်တျာဝေယံဦး ဇာတ်ပွဲ တစ်ညစီ
သစ်လွင်၊ မြတရာ၊ နှင်းသပြေအငြိမ့် တစ်ညစီ
ဒေါ်မမနိုင် ရုပ်သေး (၁၄-၁၅/မေ/၂၀၀၉)
၁၄-၁၅-၁၆/မေ/၂၀၀၉ (ရွှေမန်းတောင်အားကစားကွင်း)
Genius, Shells, မန်းစည်ပင်တေးဂီတ တစ်ညစီ
မော်ကွန်းရုပ်ရှင် (စတိုင်(၁၄)၊ ပန်းဒဏ္ဍာရီ(၁၅)၊ ချစ်ခြင်းဖွဲ့မေတ္တာ(၁၅)၊ ပန်းပျိုးသူတို့အလင်္ကာ(၁၆)၊
အချစ်ဆိုသောအရာ(၁၆))
အခြားပြိုင်ပွဲ/ပြပွဲ/ပြုပွဲများ
-ရှေ့ ဝင်း၊ နောက်ဝင်းခင်း၍ ထွက်တော်မူ အခမ်းအနား
-မင်းတုန်းမင်းကြေးရုပ်တုနှင့် မော်ကွန်းကျောက်စာ
-ဓာတ်ပုံ
-စာအုပ်/စာစောင်
-၀တ်စားဆင်ယင်မှု
-မြန်မာ့ရိုးရာလက်ဝှေ့ 
-မြန်မာ့ရိုးရာသိုင်းစွမ်းရည်
-စာတမ်းဖတ်ပွဲ
-ဈေးရောင်းပွဲတော်
ထူးခြားဖြစ်စဉ်
-မန္တလေး နှစ် (၁၅၀) ကဗျာစာအုပ်ထွက်ရှိခြင်း
-မန္တလေး နှစ် (၁၅၀) စာစု/ဆောင်းပါးစာအုပ်ထွက်ရှိခြင်း
-မန္တလေး နှစ် (၁၅၀) မဂ္ဂဇင်းစာအုပ်ထွက်ရှိခြင်း
(မဂ္ဂဇင်းကို မန္တလေးအသင်း (ရန်ကုန်)မှ ဦးစီးထုတ်ဝေသည်။ အယ်ဒီတာချုပ်- မောင်တင်သစ်)
-မန္တလေး နှစ် (၁၅၀) အတွက် ပြည်တွင်း/ပြည်ပ ဂျာနယ်၊ မဂ္ဂဇင်း၊ စာမျက်နှာ(+အင်တာနက်/ပုံနှိပ်)များတွင်
မှတ်တမ်းတင်ဂုဏ်ပြုဖော်ပြကြခြ
"POEM for May 18, 2009" by Aung Way
"၂၀၀၉ မေလ(၁၈)ရက်နေ့  နံနက်
အင်းစိန် အကျဉ်းထောင်ရှေ့ တွင်
မြန်မာ ပြည်သူများ စုဝေး ရွတ်ဆိုရန်
အထူးကဗျာ"
-----------------------------------------
အောင်ဝေး
-----------------------------------------
ဒေါ်အောင်ဆန်းစုကြည် (ချက်ချင်းလွှတ်)၂
မတရားတဲ့ ဥပဒေ (အလိုမရှိ)၂
မတရားတဲ့ အစိုးရ (ကျဆုံးပါစေ)၂
အင်းစိန်ထောင်ကြီး ဘယ့် နှယ်ဝိုင်းမယ် (ဒိနှယ်ဝိုင်းမယ်)၂
အင်းစိန်ထောင်ကြီး ကျယ်တယ်ဆို (ထပ်ချဲ့ လိုက်)၂
အင်းစိန်ထောင်ကြီး ဘယ်သူ့ အတွက် (သန်းရွှေအတွက်)၂
သန်းရွှေ သန်းရွှေ (အို့  အို့ )၂
သန်းရွှေ သန်းရွှေ (နုတ်ထွက်ပေး)၂
နအဖဖွဲ့ စည်းပုံဥပဒေ (ဖျက်သိမ်းပစ်)၂
နအဖရွေးကောက်ပွဲ (ဘွိုင်းကောက်)၂
အရေးတော်ပုံ (အောင်ရမည်)၂
အရေးတော်ပုံ (အောင်ရမည်)၂
အောင်ဝေး
(မေ ၁၅-၂၀၀၉)
(Poem and Aung Way Photo Source - http://moemaka.com/index.php?option=com_content&task=view&id=4078&Itemid=1)
(Insein Prison Photo Source - http://googlesightseeing.com/maps?p=&c=&t=k&hl=en&ll=16.892715,96.098034&z=16)
16 May 2009
Free Burma, Free Suu Kyi (POSTERS)


TIME TO FIGHT FOR BURMA'S DAW AUNG SU KYI
13 May 2009
IRON CROSS SHOW AT MANDALAY BAHTOO STADIUM (12.MAY.009)
(၁၂၊ မေ၊ ၀၀၉)
| From IC SHOW at BaHtoo Stadium, Mandalay (12.May.009) |
၁၂၊ မေ၊ ၀၀၉ ည မန္တလေး၊ ဗထူးဘောလုံးကွင်းထဲက မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင် ရတနာပုံ FC ဘောလုံးကလပ်အသင်းမိတ်ဆက်အနေနဲ့ ညနေ (၆)နာရီခွဲမှာ စတင်ကျင်းပခဲ့တဲ့ Iron Cross Music Band ရဲ့ ဖျော်ဖြေပွဲမှာ လုံထိန်းတွေ (ရဲ+စွမ်းအားရှင်)နဲ့ မန္တလေးပရိသတ်တို့ အချင်းများ၊ ပြဿနာဖြစ်ပွားပြီး ည (၁၀) နာရီခွဲအရောက်မှာတော့ ရှိုးပွဲကို ရပ်နားလိုက်ရပါတယ်။
အစက ရိုးရိုး
ရှိုးပွဲအစမှာ မန္တလေးပရိသတ်ဟာ အေးအေးဆေးဆေးပဲ အားပေးခဲ့ပါတယ်။ IC ပွဲကို နောနော်နဲ့ စဖွင့်ခဲ့ပါတယ်။ အဲဒီနောက်မှာ ကြိုးကြာ၊ ခင်ဘုဏ်း၊ ဟန်ထွန်း၊ ဇော်ပိုင်၊ ချောစုခင်၊ ဆုန်သင်းပါရ်၊ ထွန်းအိန္ဒြာဗို၊ ၀ိုင်ဝိုင်း၊ မျိုးကြီး၊ အငဲ၊ လေးဖြူ စတဲ့ အဆိုတော်များက အစဉ်လိုက် ဖျော်ဖြေခဲ့ပါတယ်။
ပြဿနာက မဆိုင်ဘဲကွင်းထဲမှာ ဟန်ရေးပြနေတဲ့ စွမ်းအားရှင်နဲ့ ရဲလုံထိန်းတွေကို ပရိသတ်က -ီးဘဲအော်ဟစ်ကာ ထောပနာပြုပြီး ရေသန့်ဘူးများနဲ့ ပစ်ပေါက်ကျီစယ်ရာက စခဲ့ပါတယ်။ ၂၀၀၇၊ စက်တင်ဘာ စစ်အဆိုးရဆန့်ကျင်ရေး သံဃာ့အရေးအခင်းပြီးကတည်းက စစ်အဆိုးရ လက်ကိုင်တုတ်များဖြစ်တဲ့ စစ်၊ ရဲ၊ ကြံဖွတ်၊ စွမ်းအားရှင်တွေကို မြင်ပြင်းကပ်နေတဲ့ ပရိသတ်ဟာ ယခုလို ထိပ်တိုက် ရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
ရတနာပုံ FC ဘောလုံးကလပ်မိတ်ဆက်အနေနဲ့ ကျင်းပခဲ့တဲ့ ဒီ IC Show ဟာ အစက Free Show ကျင်းပမယ်ဆိုပြီး လေသံပစ်ခဲ့ပေမဲ့ တကယ်တမ်း (၁၂)ရက်နေ့ည ကျင်းပတဲ့အချိန်မှာတော့ ၁၄၀၀၀ ကျပ်တန်း (ဘောလုံးအသင်းအကျီ င်္လက်ဆောင်)၊ ၇၀၀၀ ကျပ်တန်း (ဘောလုံးကလပ်ဦးထုပ်)နဲ့ ၂၀၀၀ တန်း များခွဲပြီး လက်မှတ်ရောင်းချခဲ့တာမို့ ပရိသတ်ဟာ ဗထူးကွင်း ရဲ့ အနောက်ဘက်တန်း(၇၀၀၀ နဲ့ ၁၄၀၀၀) တန်းတွေမှာ အများဆုံး၊၊ မြောက်နဲ့ တောင်ဘက်တန်းတွေမှာအနည်းငယ်ပဲ ရှိနေခဲ့ပါတယ်။
အနောက်ဘက်တန်းပရိသတ်က လုံထိန်းတွေကို ရေသန့်ဘူးများ၊ ဗထူးကွင်းပရိသတ်စင်ပေါ်က သုံးထပ်သားပြားငယ်များနဲ့ ပစ်ခတ်ပြီး ဗထူးကွင်းမြက်ခင်းပြင်ဘေးက သံဇကာတန်းများကို ရိုက်ချိုးကြပါတယ်။ ပိုဆိုးသွားတာက ကွင်းထဲက အသိဥာဏ်နုံ့နဲရှာတဲ့ စွမ်းအားရှင်တွေ၊ ရဲတွေက ပရိသတ်ဘက်က ပစ်လိုက်တဲ့ ရေသန့်ဘူးတွေ၊ ၀ါးလုံးတန်းတွေနဲ့ ပရိသတ်ကို ပြန်ပစ်ရာက စပါတယ်။
နောက်တော့တစ်မျိုးတိုး
| From IC SHOW at BaHtoo Stadium, Mandalay (12.May.009) |
အဆိုတော် မျိုးကြီး စင်ပေါ်တက်လာတဲ့ အချိန်မှာ ပရိသတ်က အတော့်ကို ပွဲဆူနေပါပြီ။ အငဲစ ဆိုတဲ့အချိန်ပိုဆိုးလာပြီး ကျွန်တော်တို့ လေးဖြူ...လေးဖြူ...လေးဖြူ...စတင် သီဆိုဖျော်ဖြေတဲ့အချိန်မှာ ဘောလုံးကွင်းဘေး သံဇကာအရံအတားတွေကို ပရိသတ်က ရိုက်ချိုးပစ်လိုက်ပြီး ပရိသတ်အတော်များများ ကွင်းထဲက စတိတ်စင်ရှေ့ကို ပြေးလာပြီး အားပေးကြပါတော့တယ်။ တကယ့်ကို နိုင်ငံတကာ ROCK SHOW ပွဲများလိုပါပဲ။ အဲဒီအချိန်မှာ အစောပိုင်းက ပရိသတ်ကို စော်ကားခဲ့တဲ့ စွမ်းအားရှင်တွေလည်း ကွင်းပြင်ထွက်ပြေးသွားရပြီး ရဲများလည်း ကွင်းထောင့် ချောင်မှာ ကပ်နေရပါတော့တယ်။
ပရိသတ်ဟာ လေးဖြူကို စင်ပေါ်ထိတက်ပြီး အာဝါးများပေးခဲ့ကြသလို ချစ်စမ်းမောင်ကိုလည်း ရေသန့်ဘူးတိုက်ခဲ့ကြပါတယ်။
အဆိုတော် လေးဖြူကတော့ ခပ်ပျော်ပျော်ပဲ ပွဲကိုထိန်းသွားပြီး ည (၁၀)နာခွဲအရောက်မှာတော့ (အထက်က စစ်အမိန့်အရ ထင်သာပဲ) ပွဲကို ရပ်နားလိုက်ရပါတော့တယ်။
ဒီပုံစံအတိုင်းဆိုရင်ဖြင့် နောင်မှာ ကျင်းပမယ့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲတွေမှာ လုံထိန်းနဲ့ ပရိသတ် ရန်ပွဲတွေကို စီစီညံညံတွေ့ရဖို့ အလားအလာများ ရှိလို့မို့ ဆက်လက်စောင့်ကြည့်အားပေးတော်မူကြပါစို့ဟုသာ... ။
(အထူးသတိထားရမှာက စစ်အဆိုးရဟာ ၂၀၁၀ ရွေးကောက်ပွဲအတွက် ဗမာ(မြန်မာ)ပြည်သူ၊ ပြည်သားတွေကို မျက်စိလည်လှမ်းမှားအောင် ဘောပွဲတွေနဲ့ အာရုံပြောင်းဖို့ ကြိုးစားနေပြီဆိုတာပါပဲခင်ဗျား)
PHOTO ALBUM OF IC SHOW AT MANDALAY BAHTOO STADIUM (12.MAY.009)
06 May 2009
MAN OF THE BLOG (For Saving Cyclone Nargis Victims of Burma)
I choose "Sitagu Contribution For Nargis Victims", leaded by Sitagu Sayadaw Dr. Ashin Nyanissara, as "MAN OF THE BLOG" for their activities of saving Cyclone Nargis Victims of Burma (Myanmar).
စစ်ကိုင်းတောင်ပေါ်မှ လှမ်းမြင်တွေ့ရတဲ့ Sitagu International Buddhist Academy နှင့် သီတဂူအာယုဒါန ဆေးရုံတော်
Here is Sitagu Official Website Link;
http://www.sitagu.org/home/
-------------------------------------
"နာဂစ် (၁) နှစ်ပြည့် နှင့် MAN OF THE BLOG"
၂၀၀၈ ခုနှစ်၊ မေလ(၂)ရက်-(၃)ရက်တွင် ဗမာပြည် (မြန်မာပြည်) ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း အစရှိသည့် အောက်ပိုင်းဒေသများကို ၀င်ရောက်မွှေနှောက်ဖျက်ဆီးချေမှုန်းသွားခဲ့သော နာဂစ်မုန်တိုင်းကြောင့် အိုးမဲ့၊ အိမ်မဲ့၊ ကျောင်းမဲ့၊ မိသားစုမဲ့၊ စီးပွားပျက်၊ ဥစ္စာပျက် ဖြစ်ခဲ့ရရှာသော ဗမာ့ မုန်တိုင်းဒဏ်သင့်ပြည်သူပြည်သားများကို စွမ်းစွမ်းတမံ စေတနာပါပါ မေတ္တာ၊ ကရုဏာ အနန္တဖြင့် ကယ်တင်ကုသထူထောင်မှုလုပ်ငန်းများကို အစောဆုံး၊ အမြန်ဆုံး၊ အထိရောက်ဆုံး ဆောင်ရွက်ကူညီပေးခဲ့၊ ပေးဆဲဖြစ်သည့် သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရဦးဆောင်သော
သီတဂူအဖွဲ့ ၏ နာဂစ်အလှူတော် (Sitagu Contribution For Nargis Victims) ကို ကျွန်တော့်ဘလော့ဂ်၏ အဓိကဂုဏ်ပြုဖွယ်ရာ (MAN OF THE BLOG) အဖြစ် နာဂစ်မုန်တိုင်း တစ်နှစ်ပြည့် (ယခု ၂၀၀၉၊ မေ လ)တွင် ရွေးချယ် ဖော်ပြအပ်ပါသည်။
BigBBrown
http://bigbbrown.blogspot.com
-------------------------------------

Sitagu Sayadaw's photo from http://www.sitagu.org/about/
"သီတဂူအဓိဋ္ဌာန်"
ငါတို့ဖြစ်ရ ဤလောကဝယ်
ဘဝသမိုင်း မရိုင်းစေရန်
စိတ်မာန်မချ မာနမပါ
ကိုယ်စွမ်းရာဖြင့်
ဒို့သာသနာ ဒို့ပြည်ရွာကို
သာယာစေမှု လုံ့လပြုအံ့။
-------------------------------------
03 May 2009
Mandalay Image Art Concert
ရတနာပုံမြို့တည်နန်းတည် အနှစ် (၁၅၀)ပြည့်အကြို
``မန္တလေးအနုပညာပုံရိပ်ပွဲတော်´´
မန္တလေးစာပေ+သဘင်+ဂီတ အနုပညာရှင်များ ပူးပေါင်းမှု အစီအစဉ်
မေ (၁)၊ (၂)၊ (၃) ၂၀၀၉ - မန္တလေး အမျိုးသားကဇာတ်ရုံ
အစီအစဉ်
-----------
၁။ ပဏာမတေး
(က) အသက်ကလေးရယ် ရှည်ကြမည်
(ခ) မန်းတောင်ရိပ်ခို
(ဂ) မြနန္ဒာ
၂။ တပင်တိုင်အက (ပညာရှင် ဒေါ်ခင်ဝင်းနွယ်)
၃။ မြင်းခင်းတော်
၎။ သီဆိုမှု အစီအစဉ် (ရီရီသန့်၊ ၀င်းဝင်းအောင်၊ သန်းမြတ်စိုး၊ အကယ်ဒမီ နေအောင်၊ ဖိုးသောကြာနှင့် မြို့မအဆိုတော်များ)
၅။ တစ်ခန်းရပ်ပြဇာတ် (`မန္တလေးသားစစ်စစ်ကြီးပါဗျာ´ - လူရွှင်တော် ချစ်စရာနှင့်အဖွဲ့)
၆။ သီဆိုမှု အစီအစဉ် (ဟယ်ရီလင်း၊ ဂျေမောင်မောင်၊ ခင်မောင်တိုး)
၇။ စံတော်ချိန်အက (ရွှေတံဆိပ်(၈)ဆုရ မင်းသားလေး ပိုင်ပိုင်)
၈။ အညာဆန်ဈေးလှေ (တေးသရုပ်ဖော်- ဒါရိုက်တာအကယ်ဒမီ မောင်ယဉ်အောင်)
၉။ ရွှေမန္တလေးဂီတအလင်္ကာ တေးပဒေသာ (မန္တလေး - မြို့မတူရိယာအသင်းကြီးက တင်ဆက်သည်)
၁၀။ ခေတ် ငါးခေတ် အငြိမ့် (မင်းသမီး ဆုပိုပိုအောင်၊ တွယ်တာတုံ၊ မင်းသမီး ဌေးဌေးမြင့်၊ လူရွှင်တော် ထင်ပေါ်၊ ကျော်ကြား၊ မုံရွာတက်တိုး)
၁၁။ အော်ပရာကဇာတ် (`ထက်မြန်မာဘုန်း ရိုက်ချုန်းပဲ့တင်ညံ´- ဇာတ်လမ်း/ဒါရိုက်တာ မန္တလေး ချစ်စရာ၊ ကြီးကြပ် အကယ်ဒမီမောင်ယဉ်အောင်)
(ရတနာတင်လင်း၊ မြို့တော်တင်ဝမ်း၊ ၀င်းနောင်၊ လှိုင်ဘွားအောင်၊ မင်းမင်းဦး၊ ဝေယံဦး၊ ဖိုးဇော်၊ မျိုးဇင်၊ ထက်ဝေအောင်၊ ရဲရင့်အောင်၊ စိုးမိုးအောင်၊ နှင်းခိုင်၊ ဘုန်းမြင့်ဇော်၊ ထူးခြားအောင်၊ ယမင်းအောင်၊ အိဇင်မြင့်၊ သက်စုလှိုင်၊ ထက်စုလှိုင်၊ စုစုဝင်း၊ တင်မျိုးရည် အစရှိသည့် မန္တလေးအနုပညာသည်များပါဝင်တင်ဆက်)
တေးဂီတ- ထပ်ဆင့်အကယ်ဒမီ စိန်မွတ္တား၊ ရတနာသန်းဌေးအောင်၊ စိန်တလုံးတို့က မန္တလေး မြို့မတူရိယာအသင်းကြီးနှင့်အတူ ပူးပေါင်းတက်ဆက်ကြပါကြောင်း။
မန္တလေးအနုပညာအတွက် ကြိုးစား ကပြ၊ သီဆို၊ ဆင်နွှဲကြပါကြောင်း။
----------------------------------------------------------------------------------------------------
``မန္တလေးအနုပညာပုံရိပ်ပွဲတော်´´ ဆက်စပ်သတင်းကို
BiWeekly Eleven Journal, No.6, Vol.2, Friday May 1, 2009, Page မှာ ဖတ်ရှူနိုင်ပါတယ်။
http://first-11.com/bdet.php?id=35
2.gif)












