05 March 2010
03 March 2010
The Voice Weekly Journal said, "In Burma, DSMA Military Doctors = Quacks"
ဆောင်းပါးရှင်ဆိုလိုသော "စစ်ဆေး" ဆိုသည်မှာ စစ်ဆေးတက္ကသိုလ်ဆင်း ဆေးဗိုလ်များကို ဆိုလိုပုံရ၏။ အင်္ဂလိပ်လို အတိုကောက် DSMA ဟုခေါ်ဝေါ်သော စစ်ဆေးတက္ကသိုလ် (Defence Services Medical Academy)ဆင်း ဆေးဗိုလ်များကို ရမ်းကုနှင့် တစ်တန်းတည်းထားကာ ထိုစစ်ဆေး၊ ရမ်းကုများက ဗမာပြည်သူလူထုကို မည်ကဲ့သို့ ကျန်းမာရေးအန္တရာယ်ပေးနေပုံကို ဆောင်းပါးရှင်က မကြောက်မရွံ့  တင်ပြထားပါသည်။
ရန်အောင်(ဆေး၁)၏ "ရင်ထဲမှာရှိနေတာတွေ" ဆောင်းပါး
(အောက်က ပုံကို ကလစ်နှိပ်အကျယ်ချဲ့  ဖတ်ပါ)
မှတ်ချက်။ ။ "စပ်ဆေး နှင့် စစ်ဆေး" စာလုံးပေါင်းဖလှယ်ကာ The Voice Weekly ဂျာနယ်တိုက်က မသိမသာ စာလုံးပေါင်း ပြောင်းရိုက်ပေးထားခြင်းလည်း ဖြစ်နိုင်ပါသည်။

အထက်ပါဂျာနယ်အား မေးမှ ပို့ပေးသော phyowai -mmp အား အထူးကျေးဇူးတင်သည်။
01 March 2010
2010 POEMs SHOW will be held at Rangoon
ပြသမည့်နေရာ
-----------------
ပန်းဆိုးတန်းပန်းချီခန်းမ၊ အမှတ်(၂၈၆)၊ ပထမထပ်၊ ပန်းဆိုးတန်းလမ်း(အထက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့
ပြသမည့်နေ့ရက်
------------------
၂၀၁၀ ခုနှစ်၊ မတ်လ(၁၇)ရက်မှ (၂၁)ရက်အထိ
23 February 2010
2010 Burmese Labor Strike
P.O Box 119, Mae Sot, Tak 63110, Thailand Ph: 66 55 547 376
E-mail: tdoke88@cscoms.com
ရန်ကုန်မြို့ ရှိ စက်ရုံများမှ အထည်ချုပ် အလုပ်သမားများ၏ ဆန္ဒပြ သပိတ်မှောက်ခြင်းများနှင့်စပ်လျဉ်း၍ သဘောထားထုတ်ပြန်ချက်
19-2-2010
2010 Burmese Labor Strike - Burmese
----------------------------------------------
BLSO - statement pertaining to labor strikes at the Industrial Zones in Rangoon, Burma
20th February 2010
2010 Burmese Labor Strike - English
22 February 2010
ABMA Journals (Vol. 1, No. 1 & 2)
ABMA Journal
Volume 1, No 2, 21st-Feb-2010
21210ABMA Journal
-----------------------------
ABMA Journal
Volume 1, Issue 1, 7th-Feb-2010
ABMA Journal 07-02-2010
A.B.M.A ဂျာနယ်ကို တစ်လလျှင် နှစ်ကြိမ်ဖြန့်ဝေပေးနေပါသည်။
http://allburmamonksalliance.com/
http://allburmamonksalliance.org/
19 February 2010
An Open Mail to Nay Pyi Daw
ငါတို့က အမှောင်ထဲ နေထိုင်ရချိန်
နေပြည်တော်မှာ မီးတွေထိန်လို့ ။
ဘ၀အသစ်တွေ တည်ပေးပါ
မြို့သစ်တွေ မလိုပါဘူး ။
သေရွာမပါတဲ့ အာဏာနဲ့
မာယာတွေ မလိုပါဘူး ။
ဆက်ဒမ်ဟူစိန်၊ ဟစ်တလာ
နပိုလီယမ်လည်း မလိုပါဘူး ။
ရွှေကိုမလို၊ ရေကိုသာ လို၏
နာမည် "အေး" မလို၊ နောင်ရေးအေးဖို့သာ လို၏
စိန်ကိုမလို၊ လိမ္မာရစ်ကြဖို့သာ လို၏ ။ **
တို့ဗမာပြည်ကောင်းစားဖို့ အရေး...
ဒေါင်းများသွေးနဲ့ စု-တည်
အခုညီရင် အခုရလိမ့် ။
ယုတ်မာပက်စက်လှသူတွေ
ကျလူတွေ ဖြစ်ရဦးလိမ့် ။
တစ်ပတ်လည် ကံကြမ္မာ
၂၀၁၀ မှာ မြင်ကြရလိမ့် ။ ။
ညိုကြီး
(၂၀၁၀၊ ဇန်န၀ါရီ)
(** ဆရာတော်ဦးဝိစာရပျံလွန်တော်မူခါနီး ဆုံးမစကား = လိမ္မာရစ်ကြပါ)
13 February 2010
Give AUNG SAN Back to Burma
ပြန်ပေးပါ
အဖေရေ ………………...
အသွေးလဲရင့် ၊ အသံလည်းရင့်တဲ့ အဖေ
ကျွန်တော်တို့ ပြည်သူတွေကို
သူ့ကျွန်အောက်က လွတ်ဖို့
ရဲရင့်တဲ့ ခွင်အားတွေပေးခဲ့တဲ့ အဖေ ။
အိမ်နံပါတ် ၂၀ ဒေါင်းနင်းလမ်း ဆိုတာ
အဖေ့ခြေလှမ်းတွေရဲရင့်ခဲ့တဲ့နေရာ ။
စည်းလုံးသော အင်းအားတွေဖြစ်ဖို့
ဖေဖဝါရီ ၁၂ ရက်ကို ဖန်တီးခဲ့တဲ့ အဖေ ။
ခေတ်တွေအပြောင်းမှာ
ကြက်ဆူရိုးနဲ့ သမိုင်းရေးတဲ့ကောင်တွေကြောင့်
အခုတော့
အဖေပေးခဲ့တဲ့ စစ်ပညာနဲ့
တလွဲဆံပင်ကောင်းနေလိုက်တာများ
ကျွန်တော်တို့ပြည်သူတွေရဲ့သွေးတွေ
ရဲပတောင်းကို ခတ်လို့ ။
တောင်တန်း မြေပြန့်
မကသေးဘူး
မြန့်မာ့မြေပုံကို တိတိပပ
ပုံဖော်ပေးခဲ့တဲ့ ၁၂ ဖေဖဝါရီ
ဖွတ်မေ့ မေ့လို့ ။
မြန်မာ့ရာဇဝင်မှာ
မဖျက်ကောင်းတဲ့ ၁၃ ဖေဖဝါရီ
အာဏာကို အငမ်းမရ
လုယက်နေတဲ့သူတွေကြားမှာ
ဘယ်မှာလဲ အဖေ့မွေးနေ့ ။
တစ်ခါတစ်လေတော့လည်း
ငါတို့အဖေဟာ
ရောင်းတန်းဝင် ပစ္စည်းဆန်ဆန်
ကျွန်တော်ရင်နာတယ် အဖေ ။
ဘာမှမဆိုင်တဲ့ စိန့်ဗာလင်တိုင်းရဲ့
၁၄ ဖေဖဝါရီကို ဇွတ်အတင်း
စည်ကားအောင် လုပ်တဲ့ကောင်တွေကို
မိစစ်ဖစစ် အော်ဟစ် ဆဲဆိုလိုက်ချင်တယ်
…………………………………၁၂ ၊ ၁၃
ငါ့ ဖေဖဝါရီကို ပြန်ပေးပါ ။ ။
BLACK
----------------------------
(သခင်အောင်ဆန်း၏ ဓာတ်ပုံကို အင်တာနက်မှ ရယူပါသည်)
10 February 2010
BURMESE LABOURERS' REVOLUTION 2010
မိတ်ဆွေများခင်ဗျား...
မနေ့ကနဲ့ဒီနေ့နှစ်ရက်မှာ မြန်မာပြည်တွင်းမှာရှိတဲ့ လှိုင်သာယာစက်မှုဇုံမှ
အလုပ်သမတွေဟာ
နအဖအစိုးရရဲ့ငါးယောက်ထက်ပိုပြီးလူမစုရဆိုတဲ့အမိန့်အာဏာကိုချိုးဖောက်အံတုပြီး
မိမိတို့ရဲ့သေချာပေါက်ရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးတွေကို
ရိုးသားရဲရင့်စွာနဲ့ ဆန္ဒပြတောင်းဆို နေကြတာကို
ကျွန်တော်အပါအ၀င် မိတ်ဆွေတို့အနေနဲ့
ပူးပေါင်းပါဝင်ထောက်ခံကြောင်းပြသတဲ့အနေနဲ့ အခုကျွန်တော်ပေးပို့လိုက်တဲ့
ပိုစတာနှစ်ခုကို
အကယ်၍မိတ်ဆွေဟာ ဘလော့ဂါတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် မိမိတို့ရဲ့သက်ဆိုင်ရာ
ဘလော့အသီးသီးမှာတင်ပြီး၊ ဘလော့ဂါမဟုတ်ပါကလည်း ဒီပိုစတာနှစ်ပုံပါတဲ့
အီးမေးလ်ကို မိတ်ဆွေအသိအကျွမ်းအသီးသီးကို ဆက်လက်ဖြန့်ဝေခြင်းအားဖြင့်
သက်သေပြပေးကြပါလို့ လေးစားစွာ မေတ္တာရပ်ခံတိုက်တွန်းအပ်ပါတယ်။
အရေးတော်ပုံအောင်ရမည်။
ကိုတေ
--
ﱢﱟﱞﱡ۩ﱡﱞﱟﱢ ကိုတေ ﱢﱟﱞﱡ۩ﱡﱞﱟﱢ
(အီးမေးလ်မှ တစ်ဆင့် ရရှိသည်ကို ပြန်လည်ဖြန့်ဝေသည်)
Related News From Internet:
လှိုင်သာယာ အလုပ်သမားဆန္ဒပြပွဲ သတင်းမှတ်တမ်း
http://freeforcountry.blogspot.com/2010/02/blog-post.html
လှိုင်သာယာအလုပ်သမား ထိုင်သပိတ် လုံခြုံရေးတပ် ၀ိုင်းထား
http://www.voanews.com/burmese/2010-02-09-voa4.cfm
လှိုင်သာယာ စက်မှုဇုန်လုပ်သားများ တတိယအကြိမ် ဆန္ဒပြ
http://www.khitpyaing.org/news/February%2010/9210c.php
စက်ရုံအလုပ်သမားများဆန္ဒပြပွဲကို လုံခြုံရေးထူထပ်စွာချထားလျက်ရှိ
http://www.yoma3.org/index.php?option=com_content&view=article&id=489:2010-02-09-10-41-32&catid=41:2008-09-21-07-44-45&Itemid=124
06 February 2010
2008 Academy Awards (၂၀၀၈ ခုနှစ် အကယ်ဒမီ ဆုရစာရင်း)
ဆုနှင့်ဆက်နွယ်သော ရုပ်ရှင်ဇာတ်ကားလေးကား




(ရုပ်ရှင်ဇာတ်ကား ဓာတ်ပုံများကို http://academy.myanmarcgiaward.com/ မှ ရယူပါသည်)
စကားမစပ်။ ။ အနှီ အထက်ပါ အကယ်ဒမီဆုရဟူသည့် မြန်မာရုပ်ရှင်ဇာတ်ကားများအား အော်စကာဆုရ ရုပ်ရှင်ဇာတ်ကားများနှင့်သော်လည်းကောင်း၊ ယခုရက်ပိုင်း ကမ္ဘာတစ်ဝှမ်း နာမည်ကြီးနေသော 2022 Tsunami, Ninja Assassin, 2012, AVATAR လိုမျိုး ရုပ်ရှင်ဇာတ်ကားများနှင့်သော်လည်းကောင်း နှိုင်းယှဉ်ကာ အကဲဖြတ်ဝေဖန်ခြင်းမျိုး မပြုလုပ်ကြပါရန် သနားသောအားဖြင့် တောင်းပန်အပ်ပါသည်။ 
05 February 2010
Democratic Forces For Burma
လက်တွဲဝန်းရံ၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲခေါ်သံ
ရက်စွဲ။ ။ ဖေဖော်ဝါရီလ (၂) ရက်၊ ၂၀၁၀ ခုနှစ်
စာအမှတ်။ ။ K/GAB/ 03
အထက်အကြောင်းအရာပါ ကိစ္စနှင့် ပတ်သက်၍ မြန်မာတစ်မျိုးသားလုံး စစ်အာဏာရှင် စနစ်မှ လွတ်မြောက်စေရန် ရည်သန်၍ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီးတွင် ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော်ထားသော ကြေငြာချက်အား ပူးတွဲပေးပို့အပ်ပါသည်။
လေးစားစွာဖြင့်-
အလုပ်မှုဆောင်အဖွဲ့
ပြည်တွင်းပြည်ပ ဂျီအေဘီ အင်အားစုကြီး
Global Action For Burma (GAB)
Democratic Forces
29 January 2010
A FORWARD LETTER TO AUNG SAN OO
ကျေးဇူးတင်ပါသည်။
--
http://allburmamonksalliance.com/
http://allburmamonksalliance.org/
26 January 2010
HEART FOR ART, HEART FOR PEACE By Kyaw Thu
(ရုပ်ရှင်မင်းသား၊ ပရဟိတသမား၊ ပြည်သူ့ဘက်တော်သား၊ မိစ္ဆာဆန့်ကျင်ရေးသမား
"ကျော်သူ" ၏ "ကက်ကင်း" စာစုကို သူ၏ FACEBOOK စာမျက်နှာမှ ကူးယူဖော်ပြသည်)
ပီတိဖြစ်လိုက်ရသည်ဖြစ်ခြင်း....။
ရင်ခုန်လိုက်ရသည်ဖြစ်ခြင်း...။
ပျော်လိုက်ရသည်ဖြစ်ခြင်း....။
လွန်ခဲ့သည့် ( ၅ ) နှစ်ကျော်...နှစ်သစ်ကူးရက်များနှင့် ရုပ်ရှင် အနုပညာသည်များ၏ မှတ်တိုင်များ
အကယ်ဒမီည။
ထိုနေ့...ထိုညများသည် မိမိနှင့် မသက်ဆိုင်တော့။
ရုပ်ရှင်အနုပညာလောကနှင့် တဖက်သက် ကွားရှင်းပြတ်စဲ ပြီးစီးခဲ့သည်မှာ ( ၂ ) နှစ်ကျော် ( ၃ ) နှစ်ထဲသို့ ၀င်လာခဲ့ပြီ ဖြစ်သည်။
အကြောင်းရင်းစစ်သော် ဗုဒ္ဓဘာသာဝင် တစ်ယောက်၏ လုပ်ရိုးလုပ်စဉ် တစ်ရပ်ပေါ် အခြေခံသွားသည်။
မိမိသည် အော်ဟစ်ဆူပူသောင်းကျန်း မိသူမဟုတ်။
မိမိသည် လက်သီးလက်မောင်းတန်းဖို့ နေနေသာသာ
လက်နှစ်ဘက်ကို မိမိပခုံးထက်ထိပင် မ မခဲ့။
ရှိစေတော့...ကိုယ့်ကံနှင့်က
သို့သော် ကျေးဇူးတင်ပါသည် အမိမြန်မာပြည်။
ကျေးဇူးကြီးလှပါသည် ( အဘ ) ဘဘဦးသုခ။
မိမိ၏ ပိရိတ်သတ်၊ မိမိ၏ ကျေးဇူးရှင်များ၊ မိမိနှင့် ပါဝင်ပက်သက်ခဲ့ ဖူးသော ခင်ပွန်းကြီး ( ၁၀ ) ပါး။
မိမိထက်နိမ့်ကျသူများ၊ မိမိထက်မြင့်မားသူများ၊ မိမိနှင့် ကိုးကွယ်ရာ ဘာသာတူသူများ၊ မိမိနှင့် ကိုးကွယ်ရာ ဘာသာမတူသူများ၊ မိမိလေးစား သည့်မိတ်ဆွေများ၊ မိမိရွံရှာခဲ့သော ရန်သူများနှင့် အမိမြန်မာ ပြည်သူ ပြည်သား များအပြင် နိုင်ငံရပ်ခြားမှမိမိတို့ မြန်မာပြည်အတွင်း တွင်ဘ၀ပြောင်းသွားသောသူများ
“သေသောသူသည် သုဿန်သို့ သက်သက်သာသာသွားသင့်သည်။ ” ...... မဟုတ်ပါလား။
သို့သော်
အများအကျိုး ရွက်သယ်ပိုးက
ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း
မငဲ့မစောင်း ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ် ရှေ့ရှုနှင်လော့....။
ဟူသော ရွှေဟင်္သာဆရာတော်ကြီး၏ ဆုံးမသြ၀ါဒ အတိုင်းပင်ဖြစ်ခဲ့သည်။
ဘဘ(ဦးသုခ)၏ ဖေးမမြှင့်တင်မှုစွမ်းအားနှင
လွန်ခဲ့သော (၂) နှစ်ကျော် အချိန်ကာလမှစ၍ ယခုလက်ရှိအချိန်တွင်တော့ မိမိ၏ အချို့သော အနုပညာ လောကသားများသည် မိမိအား တစိမ်းတစ်ယောက်၊ မမြင်ဖူးသောသူတစ်ယောက်၊ အန္တရာယ်ရှိသူ တစ်ယောက်၊ အဖက်မတန်သောသူတစ်ယောက်၊ရွံရ
တော်လိုက်သည့် ........ အနုပညာရှင်
ပြောင်မြောက်လိုက်သည့် ...... ...... အနုပညာရှင်
ထူးချွန်လိုက်သည့် ........ အနုပညာရှင်
များပင်ဖြစ်တော့သည်။
အရင်းစစ်သော်..ဖန်တီးရှင်၊ တန်ခိုးရှင်၊ ကံဇာတ်ဆရာကြီး၏ တန်ခိုးအာဏာ အစွမ်းထက်မှုကြောင့်ပင်ဖြစ်ေ
ပီတိဖြစ်လိုက်ရသည်ဖြစ်ခြင်း....။
ရင်ခုန်လိုက်ရသည်ဖြစ်ခြင်း...။
ပျော်လိုက်ကြသည်ဖြစ်ခြင်း....။
ယခင်နှင့်ယခု မတူတော့...။
ယခင် အနုပညာလောကမှာ လှုပ်ရှားမှုများက.......... အတ္တဟိတ။
ယခု လူမှုရေးလောကမှာ လှုပ်ရှားမှုများက...........
ယခင်နှင့်ယခု ကွာခြားလှသည်.....။ မိမိ၏ ရင်ထဲ၊ နှလုံးသားထဲ၊ ဦးနှောက်ထဲ ယခုပေါ်ပေါက်လာသည့် ပီတိ၊ ရင်ခုန်မှုအပျော်တို့သည် မိုးနဲ့မြေဖြစ်ခဲ့ပါပြီ ဘဘဦးသုခပြောခဲ့ဖူးပါသည်။ ဆုံးမခဲ့ဖူးပါသည်။
မောင်ကျော်သူ.....မင်းအီတလီ
.....မင်းပြင်သစ်သမ္မတကိုသိလ
......မင်းချာလီချက်ပလင်ကို
အေး.....အဲ့ဒါပဲကွ..အနုပညာသ
ဒါကြောင့်....အနုပညာသည်လုပ်
ဘဘဦးသုခစကားသည်...........
မိမိအတွက် အားဆေးတစ်ခွက်ပင်ဖြစ်တော့သည
ဒါကြောင့် ထိုအချိန်မှစ၍ မိမိသည်....အသက်မရှိသူတို့န
မိမိသည်.....လူတိုင်းမသွားခ
မိမိသည်.....လူတွေမေ့ချင်ယေ
မိမိသည်.....လူတွေမသိသောအရာ
ထို့ကြောင့်- မိမိ၏ အနုပညာနှလုံးသားကို ငြိမ်းချမ်းမှုအတွက် စတေးပစ်လိုက်တော့သည်။
ဤတွင်....ကျေးဇူးရှင်ဘဘ (ဦးသုခ) ကမ္ဘာမြေပြင်မှမထွက်ခွါခင် မိမိအား ပြောကြားခဲ့သည့် နောက်ဆုံးစကားရပ်ကို ကြားယောင်မိပါသည်...။
“မောင်ကျော်သူ...မင်းနဲ့ဘဘက
ဟုတ်ပေသားပဲ....
သုခ ၊ ကျော်သူ ။
(သောကြာ+တင်္နလာ) ၊ (တနင်္လာ+သောကြာ)
ကျော်သူ ၊ သုခ ။
(တနင်္လာ+သောကြာ) ၊ (သောကြာ+တင်္နလာ)။
ထိုအခါ...မိမိ၏ဦးနှောက်ထဲ ဖျတ်ခနဲပေါ်လာ၍ ဆတ်ခနဲပြန်ပြောမိသည်။
“ ဟာ..ဘဘ...ဒါဆို ကျနော်က သင်္ချိုင်းနဲ့လည်း အကျိုးပေးတာပေါ့...”
“ကျော်သူ၊ သင်္ချိုင်း။ သင်္ချိုင်း၊ကျော်သူ လေ”...။
“ မှန်လိုက်လေ...... ဟုတ်လိုက်လေ....မောင်ကျော်သ
ဟုတ်ပါတယ်.... မောင်မောင်(ကျော်ဝင်း) ဆိုတဲ့လူတစ်ယောက် ကမ္ဘာမြေပြင်ကိုရောက်လာပြီး “ကျော်သူ” ဟူသော အမည်နာမနှင့် ဘ၀ဘ၀တွေကို ဖြတ်သန်းကျော်ဖြတ်တဲ့ အချိန်မှစပြီး ပေးဆပ် လိုက်ရတဲ့ ပေးဆပ်မှုတွေ....“ကက်ကင်း”ကိ
မိမိပီတိဖြစ်လိုက်ရသည်..........ဖြစ်ခြင်း။
မိမိရင်ခုန်လိုက်ရသည်..........ဖြစ်ခြင်း။
မိမိပျော်လိုက်ရသည်..........ဖြစ်ခြင်း။
သို့သော်...အားလုံး..အားလုံ
တရားသိသလိုလို..တရားရှိသလို
ဝင်လေထွက်လေရပ်ပြီး
ငါ့နောက်မလိုက်ခဲ့နဲ့။
ကျော်သူ
(၂၊ ၁၁၊ ၁၉၅၉) မှ (----- ၊----- ၊--------)
http://www.facebook.com/note.php?note_id=263104062913&ref=mf
20 January 2010
Ludu U Hla, 100th Year (News & Photos)

သတင်းစာဆရာ၊ စာရေးဆရာ လူထုဦးလှ နှစ်တစ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားကို မန္တလေးမြို့၊ ၃၅ လမ်း၊ ၈၅ - ၈၆ လမ်းကြား၊ မြတောင်ဘုန်းကြီးကျောင်းတိုက်၊ ရာပြည့်ဗိမာန်မှာ ယနေ့ ကျင်းပခဲ့ပါတယ်။
မြတောင်ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ လူထုဦးလှ အမှတ်တရသစ်ပင် ကျောက်စာတုံး
နံနက် (၁၀)နာရီခွဲ
မှာ လူထုမိသားစုက ဘုန်းကြီးအပါး (၅၅)ပါးကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ရာပြည့်ပွဲလာ ပရိသတ်အပေါင်းကို (စစ်ခွေးတွေကိုပါမကျန်) နေ့လည်စာ ကျွေးပါတယ်။
နံနက် (၁၁)နာရီ (၃၀)မိနစ်ခန့်
မှာ လူထုဦးလှ ရာပြည့်ပွဲကို ပေးပို့လာတဲ့ သ၀ဏ်လွှာများကို ဖတ်ကြားပါတယ်။ သ၀ဏ်လွှာများမှာ
၁။ ဦးသော်ကောင်းရဲ့ " လူထုဦးလှ အမှတ်တရ " သ၀ဏ်လွှာ ကို စာရေးဆရာ ဆူးငှက်က လည်းကောင်း
၂။ ဦးဝင်းတင်ရဲ့ " လူထုကို မျက်နှာမူခဲ့တဲ့ ဦးလှ " သ၀ဏ်လွှာကို စာရေးဆရာ ညီစေမင်းက လည်းကောင်း
၃။ ဒဂုန်တာရာရဲ့ သ၀ဏ်လွှာကို ကဗျာဆရာ မောင်နီဦးက လည်းကောင်း
၎။ ကလျာ(၀ိဇ္ဇာ/သိပ္ပံ)ရဲ့ " ဦးလေးလှအတွက် သ၀ဏ်လွှာ " ကို စာရေးဆရာမ ၀င်းဝင်းမြင့်(နန်းတော်ရှေ့)က လည်းကောင်း
၅။ ဦးဝင်းငြိမ်းရဲ့ " ကျွန်တော်သိသမျှ ဘဘဦးလှ " သ၀ဏ်လွှာကို အယ်ဒီတာ၊ ကဗျာဆရာ မောင်တင်သစ်က လည်းကောင်း အသီးသီး ကိုယ်စားဖတ်ကြားကြပါတယ်။
အဲဒီနောက်ဆက်လက်ပြီး
လူထုဦးလှ ရာပြည့်အမှတ်တရ လူထုဦးလှအကြောင်း စာတမ်းများဖတ်ကြားကြပါတယ်။
၁။ လူထုစိန်ဝင်းရဲ့ " ရှေးဦးကြံဆ လမ်းသစ်ဖောက်သူ " စာတမ်းကို စာရေးဆရာ၊ အယ်ဒီတာ ကျော်ရင်မြင့် က လည်းကောင်း
၂။ ဒေါ်ခင်နှင်းဦးရဲ့ " ထောင်နံရံတွင် ထင်ဟပ်နေသော ခေတ်၏ ပုံရိပ်များ " စာတမ်းကို စာရေးဆရာမ မိချမ်းဝေ ကလည်းကောင်း
၃။ စိုးနိုင် (မန္တလေးတက္ကသိုလ်)ရဲ့ " ပုံပြင်ဦးလှ " စာတမ်းကို စာတမ်းရှင်ကိုယ်တိုင်ကလည်းကောင်း အသီးသီးဖတ်ကြားကာ ရာပြည့်ဦးလှကို လူထုတစ်ရပ်လုံးကိုယ်စား ဂုဏ်ပြုခဲ့ကြပါတယ်။
ဟံသာဝတီသတင်းစာအယ်ဒီတာချုပ်ဟောင်း ဦးဝင်းတင်၊ NLD ရဲ့ အမရပူရမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်နှင့် သူ၏ ဇနီး အပါအ၀င် အနယ်နယ်အရပ်ရပ်မှ တော်လှန်နိုင်ငံရေးသမားများ၊ ကဗျာဆရာကြီး အံ့မောင်၊ ကိုလေး (အင်းဝဂုဏ်ရည်)၊ ပိုင်စိုးဝေ အပါအ၀င် အနယ်နယ်အရပ်ရပ်မှ တော်လှန်ကဗျာဆရာများ၊ အနယ်နယ်အရပ်ရပ်မှ စာရေးဆရာများ၊ သတင်းထောက်များ (အင်အား ၂၀၀ ကျော်ခန့်) လူထုဦးလှ ရာပြည့်အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားကျင်းပရာ
မြတောင်ကျောင်းတိုက်ဝင်းအတွင်းမှာ ပိတောက်ပွင့်သစ်မဂ္ဂဇင်း အရောင်းကိုယ်စားလှယ်များက လူထုဦးလှ၊ လူထုဒေါ်အမာတို့အတွက် အထူးထုတ်ဝေထားပြီးဖြစ်သော ပိတောက်ပွင့်သစ်မဂ္ဂဇင်းများကို ပြန်လည် ခင်းကျင်း၊ ရောင်းချပေးခဲ့ပါတယ်။
ထုံးစံအတိုင်း
စစ်အဆိုးရ ထောက်လှမ်းရေးများ၊ ကြံ့ဖွတ်သတင်းပေးများလည်း အခမ်းအနားကို အတည်ပေါက်တက်ရောက်၊ ဓာတ်ပုံရိုက်၊ သတင်းယူခဲ့ကြပါသေးတယ်။
17 January 2010
Poem and Babies
ပြီးတော့ ပြည်တွင်းစစ်ဖြစ်တုန်းက
ပြီးတော့ ....
ရထားလမ်းဆုံ ဘူတာရုံနားက
အဲဒီ ကလေးတွေဟာ
အဲဒီ ကမ္ဘာကြီးကို
အဲဒီ သစ်ပင်ကြီးကို
အဲဒီ ရထားသံလမ်းရှည်ကြီးကို
အမေလို့
တိုးတိုးလေးခေါ်လို့၊ ရှာလို့
ကျွန်တော် ကဗျာရေးဖြစ်တာပါ
ကျွန်တော် ကဗျာချစ်တတ်တာပါ။
ဝေရီ
---------------------------------------
မြန်မာသစ် ရသစုံမဂ္ဂဇင်း
အမှတ် (၁၁) ဇန်န၀ါရီလ၊ ၂၀၁၀၊ ပြာသိုလ၊ ၁၃၇၁ - ခုနှစ်၊ စာမျက်နှာ - (၇)မှ
ကွယ်လွန်ပြီး ကဗျာဆရာ ဝေရီ၏ " ကဗျာနဲ့ ကလေးတွေ " ကဗျာအား Scan ဖတ်ယူဖော်ပြသည်။
(၄င်းကဗျာပါ မြန်မာသစ် ရသစုံမဂ္ဂဇင်းမျက်နှာဖုံး ကိုလည်း ပူးတွဲ ဖော်ပြပေးလိုက်သည်)
12 January 2010
INCREASED SALARY CAN'T STOP THE BURMESE PEOPLE'S CRYING
(သို့မဟုတ်)
စစ်အဆိုးရမှ ထုတ်ပြန်ခဲ့သော လစာတိုး ကြော်ငြာစာများ
အစိုးရ၀န်ထမ်းများ၏ လစာနှုန်း၊ ပင်စင်လစာနှင့် လုပ်ခများ တိုးမြှင့်သတ်မှတ်ခြင်း

.jpg)
တပ်မတော်(ကြည်း၊ရေ၊လေ)မှ တပ်မတော်သားများ၏ အခြေခံလစာနှုန်းသစ်များ
.jpg)
နိုင်ငံတော်ဝန်ထမ်းများ၏ လစဉ်ပင်စင်သတ်မှတ်ခြင်းကိစ္စ
.jpg)
ပြီးတော့ တရားမျှတမှုမရှိဘဲ ရယ်ချင်စဖွယ်ကောင်းတဲ့စာသားတွေလည်း ကြော်ငြာစာတွေထဲပါရှိပါတယ်။
"... - ဒုတိယဗိုလ်မှ ဗိုလ်ချုပ်မှူးကြီးအထိ ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် (M.H.R.A)အဖြစ် တစ်လလျှင် ကျပ် (၅၀၀၀)ခံစားခွင့်ပြုသည်။
- ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် (M.H.R.A)ကို အငြိမ်းစားလစာတွက်ရာတွင် ထည့်သွင်းတွက်ချက်ရမည်။ ...."
ဆိုတဲ့ ကြော်ငြာစာသားတွေပါ။
ဒုတိယဗိုလ်မှသည် ဗိုလ်ချုပ်မှူးကြီးသို့ မေးခွန်းတစ်ခုလောက် မေးခွင့်ပြုပါခင်ဗျား။
ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ်ဆိုတာကို ဘယ်လိုနားလည်ရပါမည်လဲခင်ဗျား။ တိုင်းပြည်ကောင်းစားစေချင်တဲ့ စေတနာနဲ့ ရိုးသားစွာ အကြံပြုဝေဖန်ထောက်ပြ၊ ဆန္ဒထုတ်ဖော်တဲ့ သံဃာ၊ ကျောင်းသား၊ ပြည်သူပြည်သား၊ တိုင်းရင်းသားများကို သတ်ဖြတ်၊ ဖမ်းဆီး၊ နှိပ်စက်ကလူပြုနေရတာနဲ့ ပင်ပန်းနေရှာမှာပေါ့။ ဟုတ်လား။ ပြီးတော့ သက်စွန့်တာဝန်စရိတ်... တဲ့။ ဘယ်နားမှာသွားပြီး အသက်စွန့်နေကြပါသလဲ... ဒုတိယဗိုလ်မှသည် ဗိုလ်ချုပ်မှူးကြီးများ ခင်ဗျား?
(ဗိုလ်ချုပ်မှူးကြီးဆို လူတကာက သေအောင် ဆုတောင်းနေတာတောင် မသေနိုင်သေးဘဲနဲ့။
အံမယ်။ အဲဒီ ဗိုလ်ချုပ်မှူးကြီးဆိုသူက လစာ တစ်လ ကျပ်(၁၂)သိန်းတောင် ယူထားသေးသဗျ။)ဒီစစ်တပ်အရာရှိဆိုတဲ့ လူစိမ်းတွေဟာ ကိုယ့်ကိုယ်ကိုတော့ အတော်သွေးနားထင်ရောက်နေပုံရပါတယ်။ သူတို့ပဲ တိုင်းပြည်အတွက် အသက်စွန့်/ပင်ပန်းကြမ်းတမ်းနေရတယ် ထင်ကြတယ်။ ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် တွေဘာတွေလုပ်လို့။
အခြားအသက်စွန့်/ပင်ပန်းကြမ်းတမ်းစွာ လုပ်ကိုင်နေရတဲ့ ၀န်ထမ်းတွေရဲ့ ဘ၀တွေကရော ဘာထူးလဲ။ ထင်သာမြင်သာရှိတဲ့ ဥပမာလေးတွေ ထုတ်ပြရရင် -
၁။ ရဲဝန်ထမ်းတွေဆိုရင်လည်း အသက်စွန့်/ပင်ပန်းကြမ်းတမ်းတာပါပဲ။ (ယာဉ်ထိန်းရဲဆိုရင်လည်း ယာဉ်အတိုက်ခံရနိုင်တယ်။ နေပူထဲလည်း ရပ်ရတယ်)။
၂။ ဆရာဝန်= ဆရာဝန်တွေမှာလည်း လူနာဆီက ရောဂါတွေကူးစက်နိုင်တယ်။ အချို့ကူးစက်ရောဂါတွေက အသက်အန္တရာယ်ထိခိုက်စေနိုင်တယ်။ လူဖြစ်ရှုံးစေနိုင်လောက်တဲ့ ရောဂါတွေလည်း ကူးစက်ခံရနိုင်တယ်။ နေ့မအိပ်/ညမအိပ်ဘဲ တာဝန်ကျေပွန်စွာ လူနာတွေကုသနေတဲ့ ဆရာဝန်တွေ ပြည်တွင်းမှာ အများကြီးရှိပါတယ်။
၃။ အခြားလုပ်ငန်းကိုယ်စီမှာလည်း သူ့အထွာနဲ့သူ အသက်စွန့်/ ပင်ပန်းကြမ်းတမ်းကြတာချည်းပါပဲ။
စစ်အရာရှိတွေဟာ ဘာကြောင့် သူများထက် ပိုပင်ပန်း/အသက်စွန့် ရမှာပါလဲ။ ဘာကြောင့် အခြားဝန်ထမ်းတွေထက် လစာပိုရရမှာပါလဲ။ လုပ်ငန်းကိုယ်စီမှာ ပင်ပန်းမှုကိုယ်စီ၊ လုပ်ငန်းခွင်အန္တရာယ်ကိုယ်စီ ရှိပါတယ်။
စစ်အရာရှိတွေအနေနဲ့ တိုင်းပြည်အုပ်ချုပ်ရေးတာဝန်ကို တွဲယူရလို့ ပင်ပန်းတယ်လို့ဆိုရအောင်ကလည်း သူတို့ကို ဘယ်ပြည်သူကမှ တင်မြှောက်ထားတာမဟုတ်။ အတင်း စစ်အာဏာသိမ်းပြီး နိုင့်ထက်စီးမိုး အုပ်စိုးနေတာပဲမင့်ဟာ။ ဆင်းပါလို့ အေးအေးဆေးဆေးပြောလည်း မဆင်း။ ဆွဲချမယ်ကြံတော့လည်း ဒုံးပေကပ်သပ်။ ပလ္လင်ပေါ်က မျောက်ကလေး လုပ်ကောင်းတုန်း။
တကယ်တော့ လက်ရှိ ဗမာပြည်က ၀န်ထမ်းများဟာ မ၀ရေစာ လစာများနဲ့သာ တိုင်းပြည့်တာဝန်ကို ချို့တဲ့စွာ ထမ်းဆောင်နေကြရတာဖြစ်တယ်။ ဒါကြောင့်လည်း လာဘ်လာဘ တောင်းယူ/လက်ခံယူတာတွေဟာ ၀န်ထမ်းတွေကြားမှာ ပုံမှန်သဘောဖြစ်လာခဲ့တယ်။ လည်သူစားစတမ်း ၀န်ထမ်းလောကကြီး ဖြစ်လာရတယ်။ " ကြားပေါက် " ဆိုတဲ့စကားဟာလည်း ၀န်ထမ်းလောကအတွင်းမှာ မက်မောစရာ စကားလုံးတစ်ခုဖြစ်လာခဲ့တယ်။
(ခုလို လစာ ကျပ်(၂)သောင်းတိုးပေးလည်း ကြားပေါက်တွေက ပျောက်သွားဦးမှာ မဟုတ်ပါ)
နဂိုလစာ (၁၅၀၀၀ - ၁၀၀၀ - ၂၀၀၀၀)စကေးသာရတဲ့ ရာထူးအနိမ့်ဆုံး အခြေခံဝန်ထမ်းတစ်ဦးရဲ့ တိုးမြှင့်ပြီး လစာဟာ တစ်လ (၃၅၀၀၀ - ၁၀၀၀ - ၄၀၀၀၀)စကေးပဲ ရှိဦးမှာပါ။ အခြေခံဝန်ထမ်းတွေအဖို့ နဂိုလစာမှာ ထပ်တိုးပေးတဲ့ဆိုတဲ့ ကျပ်ငွေ(၂)သောင်းဟာ သူတို့ဘ၀တွေလှလာဖို့တော့ ဖြစ်လာစေဦးမှာမဟုတ်ပါဘူး။ (ဒီကြားထဲ လစာလေး မဖြစ်စလောက်တိုးလာတာနဲ့ပဲ ပြည်တွင်းကုန်ဈေးနှုန်းတွေက အဆမတန် မြင့်တက်လာနေပါပြီ)
တကယ်တော့ စစ်အဆိုးရအနေနဲ့ ၂၀၁၀ ခုနှစ်အဦးအစမှာ ခုလို လစာတိုးပေးတယ်ဆိုတာဟာ ၂၀၁၀ ရွေးကောက်ပွဲအမည်ခံပြီး စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေဖို့လုပ်မယ့်အချိန်မှာ အချိန်ကိုက် စည်းရုံးရေးဆင်းပြခြင်းမျှသာ ဖြစ်ပါတယ်။
ကြားပေါက်မရှိရှာ၊ ရှားပါးတဲ့ အခြေခံစစ်သား၊ အခြေခံဝန်ထမ်းများကို (၂)သောင်းကျပ်မျှ တိုးပေးခြင်းဟာ နဂိုရ လစာနဲ့ပေါင်းရင် ခမျာများအတွက် အနည်းငယ် အပိုဝင်ငွေရခြင်းမျိုးဖြစ်လာနိုင်ပေမဲ့ ကြီးမားများပြားလှစွာသော " ကြားပေါက် " တွေနဲ့ စည်းစိမ်ယစ်မူး၊ ပျော်မြူးနေတဲ့ စစ်တပ်အရာရှိများအဖို့တော့ ကျပ်ငွေ(၂)သောင်းဆိုတဲ့ပမာဏဟာ ထိုစစ်တပ်အရာရှိတို့ရဲ့ အိမ်မှာ မွေးထားတဲ့ ခွေးတစ်ကောင်စာ အစာကျွေးဖို့ တစ်ရက်စာ မုန့်ဖိုးမျှသာ ရှိမှာဖြစ်ပါတယ်။






