26 July 2008

A SPECIAL POEM

ချိုတူးဇော်ရဲ့ ကဗျာလေးတစ်ပုဒ်ပါ။
အမှတ်(၁၈)၊ ဇွန်၊ ၂၀၀၈၊ ပိတောက်ပွင့်သစ် စာပေအနုပညာ magazine ထဲမှာ ဖော်ပြထားတယ်။
"မြို့ဟာ
မြို့သူမြို့သားတွေနဲ့ ထိုက်တဲ့တန်တဲ့အတိုင်းပဲ နေမှာ"
ကဗျာထဲက စာသားတစ်ကြောင်းပါ။


22 July 2008

"WAKE UP FROM CYCLONE" Cartoon Exhibition (YANGON)

20 July 2008

NLD's action on 61st Martyrs' Day of Burma

၆၁ နှစ်မြောက် အာဇာနည်နေ့
အထိမ်းအမှတ် အခမ်းအနားများ NLD ရုံးချုပ်တွင် ကျင်းပ၊
စစ်အဆိုးရက လုံခြုံရေးကို များစွာတင်းကြပ်

(19.7.008- Saturday)



၆၁ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားများ NLD ရုံးချုပ်တွင် ကျင်းပ

(19.7.008- Saturday)

-အနောက်ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရုံးတွင် ၆၁ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားများ ငြိမ်းချမ်းစွာကျင်းပခဲ့။
-ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ပုဂ္ဂိုလ်ကြီးများ လုပ်ကြံခံခဲ့ရသော လွန်ခဲ့သည့် ၁၉၄၇၊ ဇူလိုင်လ (၁၉)ရက်နေ့ကအတိုင်း ရန်ကုန်မြို့၌ မိုးများ ထူးထူးခြားခြားရွာသွန်းခဲ့။

နံနက်ပိုင်း-
ရဟန်းသံဃာများအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ တရားနာခြင်း၊ အမျှအတန်းပေးဝေခြင်းတို့ ပြုလုပ်ခဲ့။
10:33 AM-
ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသည့် အာဇာနည်ကိုးဦးအား အောက်မေ့တသ အလေးပြုခဲ့ကြပါသည်။
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများ၊ ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေသော သီချင်းများဖွင့်လှစ်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား အစားအသောက်များဖြင့် ဧည့်ခံ
12:25 AM-
နိုင်ငံခြားသံရုံးများမှ သံတမန်များ NLD ရုံးချုပ်သို့ အခမ်းအနားတက်ရောက်ရန် ရောက်ရှိလာ
12:30 PM-
NLD ရုံးချုပ်အတွင်းတွင် အစီအစဉ် (၉)ခုဖြင့် အခမ်းအနားပြုလုပ်

၁။ အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာခြင်း
၂။ ပြည်ထောင်စု မြန်မာနိုင်ငံတော်အား အလေးပြုခြင်း
၃။ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသည့် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း
၎။ ဒီမိုကရေစီအရေးတော်ပုံ အဆက်ဆက်တွင် ကျဆုံးသွားသော ရဟန်းရှင်လူပြည်သူများအတွက် ၀မ်းနည်းကြောင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်သက်ခြင်း
၅။ နာဂစ်မုန်တိုင်းကြောင့် သေဆုံးသွားသော ရဟန်းရှင်လူပြည်သူများအတွက် ၀မ်းနည်းကြောင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်သက်ခြင်း
၆။ သဘာပတိမှ မိန့်ခွန်းပြောကြားခြင်း
၇။ NLD ၏ ကြေညာချက်ကို ဖတ်ကြားခြင်း (ကြေညာချက်အပြည့်အစုံကို ဒီမှာဖတ်ပါ)
၈။ ပေးပို့လာသော သ၀ဏ်လွှာများကို ဖတ်ကြားခြင်း
၉။ အခမ်းအနား ပြီးဆုံးကြောင်း ကြေညာခြင်း

1:30 PM-
အခမ်းအနားပြီးဆုံးသောအခါ ဧည့်သည်တော်များနှင့် NLD အဖွဲ့ဝင်များ ပြန်လည်ထွက်ခွာ။

အာဇာနည်နေ့တွင် ရွှေတိဂုံဘုရား၊ အာဇာနည်ဗိမာန်နှင့် NLD ရုံးချုပ်အနီးတ၀ိုက် လုံခြုံရေးများ တင်းကြပ်စွာ ချထား

(19.7.008- Saturday)

-စစ်အဆိုးရသည် ရွှေဂုံတိုင်လမ်း၊ အနောက်ရွှေဂုံတိုင်လမ်းတစ်လျှောက်၊ ရွှေတိဂုံဘုရားပတ်ပတ်လည်၊ ဘုရားပေါ် အစရှိသည်တို့တွင် လုံခြုံရေးများကို အရပ်ဝတ်တစ်မျိုး၊ ယူနီဖောင်းဝတ်တစ်ဖုံ အစုံစုံအောင် ချထားသည်။
-အဆိုးဆုံးမှာ NLD ရုံးချုပ်ရှေ့နှင့် NLD ရုံးချုပ်တည်ရှိရာ အနောက်ရွှေဂုံတိုင်လမ်းပေါ်တွင် ဖြစ်သည်။ NLD ရုံးချုပ်ရှေ့တည့်တည့်တွင် ဆက်သွယ်ရေးစက်ကိုင်၊ ကင်မရာကိုင် စစ်အဆိုးရ ခွေးသွားစိတ်အရပ်ဝတ်များ (စအဖ၊ ကြံ့ဖွတ်၊ ရယက၊ စွမ်းအား)အင်အား ၁၀၀ ကျော်ခန့်တွေ့ရသည်။
-အနောက်ရွှေဂုံတိုင်လမ်းပေါ်တွင် ဒိုင်နာကားများ၊ မထသ Bus များဖြင့် စွမ်းအား၊ ကြံ့ဖွတ် အစရှိသည့် စစ်အဆိုးရ ခွေးသွားစိတ်များကို တွေ့ရသည်။
-ရွှေတိဂုံဘုရားမြောက်ဘက်မုခ်ကိုလည်း ပိတ်ဆို့ထားပြီး ကျန် မုခ်သုံးခုမှသာ ဘုရားဖူးများကို ဘုရားပေါ်သို့ တက်ရောက်စေသည်။
-ရွှေတိဂုံဘုရားပေါ်အတက် စောင်းတန်းများတွင်ကား လုံခြုံရေးများက ပါလာသော အိတ်စသည်တို့ကို အသေးစိတ်စစ်ဆေးသည်။ စာရွက်စာတမ်းကအစ စစ်ဆေးသည်။ ဘုရားပေါ်တွင်လည်း အရပ်ဝတ်လုံထိန်းများက ရစ်ဝဲလည်လှည့်လျက်ရှိသည်။
-ရန်ကုန်မြို့ထဲအခြားနေရာများတွင်လည်း လုံခြုံရေးများကြိုးကြားချထားသည်ကို တွေ့ရသည်။

Presented by-
BigBBrown

19 July 2008

Helps of Poets, Writers and Artists

ရန်ကုန်အခြေစိုက် ကဗျာ၊ သီချင်း၊ ပန်းချီ လူမှုရေး ကူညီသူများသည် လေဘေး၊ ရေဘေး ဒုက္ခသည်များ ကူညီရေးအတွက် နာဂစ်မုန်တိုင်းသင့်ရာ ဒေသများသို့ ခရီးစဉ်များ ထွက်ပြီး ဒုက္ခသည်များအား ကူညီပံ့ပိုးလျက်ရှိရာ ယနေ့အထိ စုစုပေါင်း (၅)ကြိမ် ရှိသွားပြီ ဖြစ်သည်။
လှူဒါန်းလိုသော နာဂစ်အလှူရှင်များ ဆက်သွယ်ပါရန် ဖိတ်ခေါ်လျက်ရှိကြောင်း ကြားသိရသည်။


14 July 2008

About 1st + 2nd + 3rd Donation of Masoeyein

Donors for Nargis Victims are still WELCOME !!!

3rd Activity of NARGIS VICTIMS SAVING ASSOCIATION (NVSA)

13 July 2008

Masoeyein Monks' 3rd Donation Trip (Bogalay Area)

NARGIS VICTIMS SAVING ASSOCIATION (NVSA)
LED BY MASOEYEIN MONASTERY

To help and save the people,
the Association went again to the Nargis affected areas, Bogalay Township,
Irrawaddy Division for the Third time on June 29, 2008.

(Other photos of Masoeyein Monks' activities will be posted soon . . . . .)

Now, Masoeyein Monks are preparing to go and give helps to the Nargis Area for the 4th time.
So, you can donate to this association.

Address for donation (In Myanmar)

Sasana Nyupadesa (Middle-Main Building)
Masoeyein Monastery
Between 87 and 88 Streets, Between 36 and 37 Streets, Mandalay, Myanmar.
U Dhammasami – ph- 09-2035645
U Silananda – ph- 09-2035674

Email: nvsassociation@gmail.com

Address for donation (Overseas)

U Pannajota
Wat Mandalay Monastery
Maesariang
Maehongson

Thailand
Phone : 086-1829526

Email: pinnajota@gmail.com
Bank Account: 509-1638199
Bank: Krung Thai Bank

12 July 2008

Other Nargis Related Photos

45 DAYS AFTER NARGIS (Bogalay Area)

စေတီပုထိုးလည်း ပျက်

ဘုန်းကြီးကျောင်းလည်း ပြိုပျက်

လမ်းဘေးထွက် အလှူခံနေရပြီ


အံသြစရာစရာကောင်းတဲ့ ဗမာ့သဒ္ဓါတရား

သောက်ရေအတွက်က မိုးရေက တစ်တပ်တစ်အား

ဗမာအချင်းချင်း ရိုင်းပင်းကြတယ်

အလှူတွေ လွတ်သွားမှာစိုးလို့ အလံကိုလွှင့် စာကိုဖွင့်


လှော်တက်ကျိုး လက်ကျိုး လှေကျိုး၊ အခု အသစ်ထိုးနေရပြီ

နေစရာက အိမ်က အိမ်သာ သာသာ

စာသင်တဲ့ ကျောင်းလည်း ခေါင်းလောင်းသံတိတ်ပြီ

အိမ်နဲ့ အိမ်သာ

အာဖရိကမဟုတ်ဘူး ဗမာရိက

ဒါက ဘိုကလေးမြို့ပေါ်က အရေးပေါ်သောက်ရေကန်အသစ်

ဆိုမာလီယာမဟုတ်ဘူး ဗမာလီယာ

ဝေတဲ့ပစ္စည်း မလောက်ပါ

အိမ်တန်းက လှတယ်

ကျွဲသေက တော်တော်နဲ့ အရိုးမကျဘူး

လူသေကတော့ အရိုးကျလို့ တစ်ချို့လည်း မြေကြီးထဲရောက်၊ တစ်ချို့လည်း...

ဒါကတော့ အရိုးကျထားတဲ့ ကျွဲသေ

နာဂစ်ဒေသက နှုတ်ဆိတ်ပြီး ပြန်ခဲ့တယ်

10 July 2008

My Helping Tour to Nargis Area

နာဂစ်ဒေသက ပြန်ခဲ့တယ်...
(နာဂစ်အပြီး ဧရာဝတီတိုင်းက ကလေးငယ်တစ်ဦး)

နာဂစ်လေဘေးသင့်ရာ ဒေသများဆီသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက် ကယ်ဆယ်ကူညီနေသည့်အတွက် ဘလော့ဂ်ရေးသားမှုအား တစ်လတာနီးပါး ရပ်ဆိုင်းထားခဲ့ရပါသည်။

--------------------------------------------------------------------------------------
"နာဂစ်ဒေသက ပြန်ခဲ့တယ်..."


ကြေကွဲဝမ်းနည်းဖွယ်...။

ဂရုဏာရသ ဒင်းကြမ်းထ...။

ငိုနေတဲ့ မျက်လုံးများကို မှိတ်မရဘူး...။

မျောက်အုန်းသီးရသလို စီမံခန့်ခွဲမှုများရဲ့ အောက်မှာ...
တို့ပြည်သူတွေ ဘ၀ပျောက်ခဲ့ရပေါ့...။

ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံးသွားပါပြီ...တဲ့
ဟုတ်လိုက်လေဗျာ...
ကယ်စရာမလိုတော့အောင်
လူတွေဟာ...
ကူရာကယ်ရာမဲ့ သေဆုံးခဲ့ကြ
ငတ်မွတ်ဆာလောင်ခြင်းတွေနဲ့ သေဆုံးခဲ့ကြ
လမ်းပျောက် အော်ဟစ်ရင်း သေဆုံးခဲ့ကြ
(သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရရဲ့ စာထဲကအတိုင်း ပြောရရင်
ပရမ်းပတာ သေဆုံးခဲ့ကြ)
ကယ်ဆယ်ရေးအချိန်မီ မစတင်ခဲ့တဲ့ ရက်စွဲများ....
၃၊ ၄၊ ၅၊ ၆၊ ၇....မေ။

ထိခိုက်မှုနည်းတဲ့ ရွာသားများက
ထိခိုက်မှုများတဲ့ ရွာသားများကို ကယ်ဆယ်ကျွေးမွေးခဲ့ကြ...
စစ်အစိုးရကတော့ အေးဆေးပါ..တဲ့။

ရွာတွေဟာ ရွာလုံးလုံးပျောက်ရှခဲ့ကြ
စစ်အစိုးရကတော့ အေးဆေးပါ..တဲ့။

ကျွဲတွေ၊ နွားတွေ၊ ကြက်တွေ၊ ဘဲတွေ၊ ၀က်တွေ၊ ငှက်တွေ
အများကြီး (အများကြီး) သေဆုံးခဲ့ကြ
စစ်အစိုးရကတော့ အေးဆေးပါ..တဲ့။

လယ်တွေပျက်၊ သောက်ရေကန်ပျက်၊ စိတ်တွေပျက်
စစ်အစိုးရကတော့ အေးဆေးပါ..တဲ့။

ဖူးစရာ ဘုရားတောင် နာဂစ်နဲ့ ပျောက်သွား၊ ပျက်သွား
စစ်အစိုးရကတော့ အေးဆေးပါ..တဲ့။

သိန်းချီသေဆုံးပြီး သန်းချီ ဒုက္ခရောက်ခဲ့ကြ
စစ်အဆိုးရကတော့ အေးဆေးပါ..တဲ့။

နိုင်ငံတကာ အလှူရှင်တွေကိုလည်း စော်ကားမော်ကား လုပ်လားလုပ်ရဲ့
ဖောက်ပြား၊ ဟောက်စားတဲ့ မသူတော်တွေ...။

အယောင်ဆောင် ကယ်ဆယ်ရေးတွေနဲ့
ဓာတ်ပုံရိုက်ဖို့သက်သက် ကယ်ဆယ်ရေးတွေနဲ့
ရုပ်မြင်သံကြား ရိုက်ကူးရေးသက်သက် ကယ်ဆယ်ရေးတွေနဲ့
ကယ်ဆယ်ရေးပစ္စည်းကို ခိုးတဲ့ နအဖလက်ပါးစေတွေနဲ့
တစ်ဆုပ်လိုတာ တစ်စေ့ပဲ ပေးတဲ့ နအဖရဲ့ အစီအမံတွေနဲ့
လယ်ထွန်စက် ဆယ်ရွာတစ်လုံးနှုန်းနဲ့ ။

အရင်ကတည်းက မရှိရှာခဲ့တဲ့ ဧရာဝတီပြည်သူတွေ
အခုတော့
မရှိရာကနေ ဘာမှ မရှိတော့
ဆွေမရှိ၊ မျိုးမရှိ၊ ပိုက်ဆံမရှိ၊ စားစရာမရှိ
ကျန်းမာရေးမရှိ၊ အနာဂတ်မရှိ
နေစရာက အိမ်သာ သာသာ ဓနိတဲ
မရှိတော့ ဆင်းရဲ၊ ဆင်းရဲတော့ ကျောမွဲ ။

ပြောပြန်ရင်လည်း ညိုကြီးလွန်ရာ မကျတော့ဘူး
ပြည်သူတွေရဲ့ တစ်ထွာဗိုက်တွေအတွက်
တိုက်ပွဲကတော့ တိုက်ကို တိုက်မှ ဖြစ်တော့မယ်

စစ်အဆိုးရ ကျဆုံးပါစေ...။ ။

မောင်ညိုကြီး
၁၀.၇.၂၀၀၈

12 June 2008

Masoeyane Monks are ready for 3rd time donation

NARGIS VICTIMS SAVING ASSOCIATION (NVSA)

LED BY MASOEYEIN MONASTERY

The Association went to the affected areas of Nargis in the township, Laputta, Irrawaddy Division for the Second time on Tuesday, June 3, 2008.
The Association equally donated and distributed to the Nargis affected areas of the villages - Kan Pyo, Thingan Lay, War Gon, Sar Khat, Pyin Sa Lu in Laputta township.
The Association is ready to go and support the Nargis affected areas in the future - as soon and emergency as possible to help life-saving for the poor victims.
The interested donors for the Nargis victims are invited at the donation centre of Masoeyein Monastery (NVSA).

Address:-

Address for donation (In Myanmar)

Sasana Nyupadesa (Middle-Main Building)

Masoeyein Monastery

Between 87 and 88 Streets, Between 36 and 37 Streets, Mandalay, Myanmar.

U Dhammasami – ph- 09-2035645

U Silananda – ph- 09-2035674


Address for donation (Overseas)

U Pannajota

Wat Mandalay Monastery

Maesariang

Maehongson

Thailand

Phone : 086-1829526

Email: pinnajota@gmail.com
Bank Account: 509-1638199
Bank: Krung Thai Bank

11 June 2008

Upper Burma Writers' Action For Nargis Victims

တိုင်တိုင်ပင်ပင်ဆွေးဆွေးနွေးနွေး

နာဂစ်အလှူအတွက် အထက်မြန်မာပြည် စာပေအင်အားစုက သိန်း ၅ဝ ကျော် ကောက်ခံရရှိ (www.mizzimaburmese.com)

Slide Show of Masoeyein Monks' 2nd donation trip (laputa)

Masoeyein Monks' 2nd Donation Trip (Laputa)