08 February 2008

အရူးချီးပန်း လုံခြုံရေးတင်းကြပ်မှုများ

ရန်ကုန်-မန္တလေး ရထားလမ်းနှင့် ကားလမ်း တစ်လျှောက်တို့၌ လုံခြုံရေး တင်းကြပ်ထား

-ကြားသိရသော သတင်းများအရ ရန်ကုန်-မန္တလေး ရထားလမ်းတစ်လျှောက်တွင် ကြိုးကြားကြိုးကြား စစ်တပ်ကင်းအဖွဲ့များ ချထားပြီး တာဝန်ကျစစ်သားများသည် လက်နက် အပြည့်အစုံ နှင့် အလှည့်ကျ ကင်းစောင့်နေကြကြောင်း သိရှိရသည်။
-မကြာမီက ဖြစ်ပွားခဲ့သော ပျဉ်းမနားဘူတာ၊ ရန်ကုန်ဘူတာ နှင့် ဖြူးမြို့နယ် ဗုံးပေါက်ကွဲမှုများအပြီးတွင် စစ်အဆိုးရက လုံခြုံရေးကို ဟန်ပြ တင်းကြပ်ထားခြင်း ဖြစ်နိုင်ကြောင်း ရထားစီး ခရီးသွားတစ်ဦးက သုံးသပ်ပြောကြားပါသည်။

-ရန်ကုန်-မန္တလေးကားလမ်းတစ်လျှောက်တွင်လည်း စစ်ဆေးရေးဂိတ်များ ထားရှိပြီး မန္တလေးမှ ရန်ကုန်ဝင်ခါနီး နှင့် ရန်ကုန်မှ မန္တလေးသို့ ၀င်ခါနီးတို့တွင် ထိုစစ်ဆေးရေးဂိတ်များ၌ ကားပေါ်ပါ ခရီးသည်များအား လမ်းဆင်းလျှောက်စေပြီး မှတ်ပုံတင်ပြသစေကာ ဘာကိုမှန်းမသိ တစ်ဦးချင်း စစ်ဆေးနေကြကြောင်းလည်း ကားစီး ခရီးသွားတစ်ဦးထံမှ ကြားသိရပါသည်။

No comments: