27 February 2008

CORRELATED NEWS ABOUT YADANARPON

“ရတနာပုံဈေးမီး နောက်ဆက်တွဲသတင်းတို-ထွာ”

၁။ “အဆင့်မြင့်ရတနာပုံဈေးအား ယာယီအားဖြင့် ၇၉ လမ်း၊ ၃၁ x ၃၄ လမ်းကြား နှင့် ၇၉ လမ်း၊ ၂၇ x ၂၉ လမ်းကြားတွင် နေရာချထားပေးမည်ဖြစ်ပါသည်” > ဥက္ကဌ-ဈေးအကျိုးတော်ဆောင်အဖွဲ့ ဟု မီးသင့်ခံ ရတနာပုံဈေးပတ်ပတ်လည် လမ်းထိပ်များတွင် စာတမ်းဘုတ်များ ထောင်ထားကြောင်းတွေ့ရှိရ။

၂။ ရတနာပုံဈေး မီးထဲပါသွားသောအချို့ဈေးဆိုင်ပိုင်ရှင်များ(အထူးသဖြင့် တရုတ်လူမျိုးဈေးဆိုင်ပိုင်ရှင်များ)က ဈေးချိုအနီး မန်းမြန်မာပလာဇာဆိုင်ခန်းလွတ်များနှင့် ဈေးချိုပလာဇာဆိုင်ခန်းလွတ်များကို ကန်ထရိုက်တာများထံ အမြန် လိုက်လံဝယ်ယူနေကြကြောင်းသိရှိရ။
ယခင် ယင်းပလာဇာဆိုင်ခန်းလွတ်များမှာ ၀ယ်သူမရှိသလောက်နည်းပါးပြီး ယခုလို ရတနာပုံဈေး မီးဘေးသင့်သွားမှသာ အလုအယက် လိုက်လံဝယ်ယူခြင်းခံနေရကြောင်းသိရှိရ။

၃။ ရတနာပုံဈေးမီးဘေးအောက် ဒုက္ခရောက်နေသော ညချမ်းများတွင် ဈေးချိုတော်ဈေး “သမ၀ါယမအသင်းလီမိတက်အထူးဈေးပွဲတော်” မှာမူ ခြိမ့်ခြိမ့်သဲ ကျင်းပ မပျက်ရှိနေကြောင်း သိရှိရ။ (ပူးတွဲပါ ပုံ)

၎။ ယမန်နေ့များက တောက်လောင်ခဲ့သော ရတနာပုံဈေးမီးမှ ထွက်ရှိလာသော မီးခိုးငွေ့များကြောင့် ယနေ့အခါ(၂၇၊ ၂၊ ၀၀၈)၀ယ် မန္တလေးမြို့လယ်ခေါင်တစ်ခုလုံး မီးခိုးငွေ့များ ဖုံးလွှမ်းလျက်ရှိနေကြောင်းသိရှိရ။

No comments: