“အရေးအခင်း”
တိုးနှောင်မိုး

ဧရာဝတီမြစ်ထဲမှာ စီးဆင်းနေတဲ့ သွေးတွေ
ဟိုး...တစ်ခါတုန်းဆီက ။
ခုတော့
ဒေါသဟာ မိုးကုတ်စက်ဝိုင်းဖြစ်လို့
မောဟဟာ ရိုးမပတ်လမ်းဖြစ်လို့
သောကဟာ မြို့သစ်ကြီးတွေဖြစ်လို့
ဖြေစရာအဖြေမရှိတဲ့ အဖြစ်က
အငိုက်မိခဲ့တဲ့ လုပ်အားပေး
အဖေက အမေ့ကို လွမ်းလို့ ငိုကြတယ်
အဖေက မိသားစုကို လွမ်းလို့ ငိုကြတယ်
မုဆိုးမရဲ့ အသုဘကို
ဈာပနဖြစ်အောင်လုပ်ဖို့
လက်တို့ပြီးတော့ ငိုရမှာလား ။
စောင့်နေတဲ့ ပြတင်းအဖွင့်
မျှော်လင့်နေတဲ့ ပန်းရနံ့အပွင့်
သွေးကို အလံလို လွှင့်တာ
စက်တင်ဘာ ။
တိုးနှောင်မိုး
No comments:
Post a Comment