29 May 2008

MEMORIAL CEREMONY FOR MASOEYEIN'S U KOVIDA

မစိုးရိမ်ဆရာတော်ဘုရားကြီး ဦးကောဝိဒ ပျံလွန်တော်မူခြင်း တစ်လပြည့်အခမ်းအနား ဖိတ်စာများ
ပျံလွန်တော်မူပြီးဖြစ်တော်မူသော မစိုးရိမ်ဆရာတော်ဘုရားကြီး ဦးကောဝိဒ အားရည်စူး၍ တစ်လပြည့် ကုသိုလ်ပြုပွဲကို ယနေ့ (၂၉၊ ၅၊ ၀၀၈)နေ့တွင် မစိုးရိမ်ကျောင်းတိုက်(အလယ်တိုက်ကြီး) တွင် စည်းကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။ သံဃာတော်အပါး (၇၀၀) ကျော်တို့အား ဆွမ်းလောင်းပြီး ပင့်သံဃာ (၁၀၀)ကျော်တို့အား ဆွမ်းကပ် လှူဒါန်း ရေစက်ချ အမျှအတန်းဝေခဲ့ပါသည်။

စောင်းမူမူသိန်းအဖွဲ့မှလည်း ဆရာတော်ဘုရားကြီးအား စောင်း+အဆို အနုပညာများဖြင့် ပူဇော်ကန်တော့ခဲ့ကြောင်း သတင်းရရှိသည်။

လက်ရှိမစိုးရိမ်တိုက်သစ် ဆရာတော်ကြီး ဦးရာဇာဓမ္မာဘိဝံသက ရေစက်ချ အမျှအတန်းဝေပြီး ဆရာတော် ဦးကောဝိဒ၏ ငယ်ဘ၀ အတွေ့အကြုံများကို (၈၈ အရေးအခင်း၊ ပတ္တ္ဆနိကုဇ္ဇနကံဆောင်ခြင်း အစရှိသည်များ အပါအ၀င်) ဟောပြောခဲ့ပါသည်။ ဓမ္မစကြာဝတ်အသင်းမှလည်း သာသနာတော်ကို ဖျက်ဆီးစော်ကားသူတို့သည် ဆိုးဝါးစွာ ပျက်စီးစေတတ်ကြောင်းပါဝင်သော တေးထပ်များ၊ ဆရာတော်ကြီး၏ ဂုဏ်ကို ဖွဲ့ညွှန်သော တေးထပ်များဖြင့် ပူဇော်သီဆိုခဲ့ပါသည်။

(သတင်း ဓာတ်ပုံများကို နောက်ပိုင်းတွင် ဆက်လက် ဖော်ပြသွားပါမည် - BigBBrown)

No comments: