30 August 2008

POEM FOR THE MIND GAME 1

ရှုံးနိမ့်မှု မှ အလင်းရှိရာဆီ
ရွှေသွေး


နေ့ရက်တွေ ရှိသေးတယ်
နာရီတွေ ကျန်သေးတယ်
ခြေလှမ်းတွေ ထပ်မြှင့်လိုက်
စိတ်ဓာတ်တွေ အရုဏ်ဦးမနက်ခင်းလို
အရောင်တင်းလိုက်
နေမင်းကြီးက နေ့ရဲ့အရှင်
လမင်းကြီးက ညရဲ့သခင်
ဖယောင်းတိုင်လေးများ
ကြယ်တံခွန်လေးများ
လမိုက်ညကို ခွင်းတဲ့အားလို
အောင်မြင်ခြင်းအလင်းရှိရာ
ငါ အရောက်သွားမယ် ။ ။

ရွှေသွေး

(ကမ္ဘာ့ကဗျာနေ့ WORLD POEM DAY - March, 21. 2008 ကဗျာစာအုပ် (ပခုက္ကူ)မှ ကူးယူဖော်ပြသည်)
(လက်သီးပုံ - http://mattaronson.wordpress.com/)

No comments: