17 September 2008

The Light For Burma

"ဘုရားသခင်ရဲ့  မီးအိမ်"
ဆွန်း
 
ကိုယ့်အညွန့်ကို ကိုက်ဖြတ်..ပြီး…
ဒီအလင်းကိုညှိဖို့…
ဘုရားသခင်ဖန်ဆင်းလွှတ်လိုက်တဲ့…….
“မီးအိမ်..တွေ..” ။
 
မြုံနေတဲ့..မီးတောင်တစ်ခုရဲ့…အတွင်းသားတွေလို…
တပွက်ပွက်လှိုက်ဆူနေတဲ့ ပရိဒေ၀တွေကို…
ငြှိမ်းသတ်ဖို့………..
 
အိမ်ကြက်ချင်းအိုးမည်းသုတ်ထားတဲ့…အမြင်အသိတွေနဲ့
ညီအကိုချင်း…သွေးဆာနေရနဲ့လူသတ်ပွဲတွေကို..
ဟန့်တားဖို့…
 
တောင်လိုပုံနေတဲ့…၀ိညာဉ်တွေရဲ့ဆန္ဒနဲ့..
ချောင်းလိုစီးနေတဲ့..သွေးစိမ်းရှင်ရှင်တွေရဲ့…မျှော်လင့်ချက်ကို …
ဖြည့်ဆည်းဖို့…….
 
မျက်ရည်ပူတွေ..ပိန်းပိတ်နေတဲ့..အမေ့အငေးတွေနဲ့…
သန်းကောင်ယံမှာ..အံကြိတ်နေရတဲ့..အဖေ့အတွေးတွေကို
ချွေးသိပ်ဖို့……….
 
မြင်လည်းမသိတဲ့…အကြည့်တွေနဲ့…
စွင့်လျက်မကြားတဲ့..နားအစုံစုံကို..
ကယ်တင်ဖို့……….
 
ကိုယ့်ဝမ်းတောင်ကိုယ်မသထာနိုင်တော့တဲ့..ကြောင့်ကျနဲ့
ဇောချွေးဒီးဒီးကျနေတဲ့…ဘ၀မောတွေကို
ဖေးကူဖို့……..
 
ကိုယ့်အဆုတ်နဲ့ကိုတောင်.. အသက်ရူသံမပြင်းဝံ့လောက်အောင်..
ကိုယ့်အရိပ်ကို ရန်သူထင်နေကြတဲ့…စစ်ဖိနပ်တွေအောက်က
လွတ်မြောက်ဖို့…
 
ဆန္ဒအမှန်ဆိုသမျှကို သိုဝှက်သိမ်းထုတ်ထားရတဲ့…
သေနပ်ပြောင်းဝက..စိတ်အသေတွေကို
လှုပ်နိုးဖို့…….
 
ဘာမှမရေရာတော့တဲ့…ရေစုန်မျော အနာဂါတ်တွေနဲ့
ဇွတ်အတင်းပုံဖေါ်နေကြတဲ့…ကိုယ်ရည်ကိုယ်သွေးတွေကို
နင်းချေဖို့…..
 
ထိပ်ဆုံးတန်းဝင် ဆင်းရဲမွဲတေမှုတွေနဲ့..
ရေပေါ်ဆီ..ရုပ်လုံးပြ..လမ်းစဉ်တွေကို..
မီးတိုက်ဖို့…
 
လိုရင်လိုသလိုပြန့်ကားပစ်နိုင်ပြီး
မှောင်ချင်ရာကို..မှောင်မိုက်ထားနိုင်တဲ့..
စိတ်တွင်းဖြစ်..ဥပဒေသတွေကို
သင်္ဂြိုလ်ဖို့…..
 
တဖြည်းဖြည်းညှိုးရော်လာတဲ့…
အမျိုးဂုဏ်..၊ ဇာတိဂုဏ်တွေ..အရောင်တက်ဖို့….
ဝါးအစည်းပြေသလို ပြေကျနေရတဲ့…
အမျိုးသားဆက်ဆံရေးတွေညီညွတ်ဖို့….
 
အဖဗမာပြည်ကြီးရဲ့.. ကောင်းကင်က…
ယမ်းခိုးဝေနေတဲ့..တိမ်ဆိုင်တိမ်လိပ်တွေနဲ့..
အဖဗမာပြည်ကြီးရဲ့…မြေသားက
သွေးနံ့ညှီနေတဲ့ လမ်းမကြီးတွေကို
ဆေး….ကြော…ဖို့…..
 
သူတို့….
 
လာ ခဲ့ တယ်….။
 
သူတို့မှာ….
သူတို့နှလုံးအိမ်နဲ့…မဆန့်ရင်ကာ..
ဒါဏ်ရာဒါဏ်ချက်တွေရရှိထားကြတယ်…
..သူတို့သွေးကြောတွေထဲမှာ….
ပူနွေးနီရဲနေတဲ့..အမျိုးချစ်စိတ်တွေ..စီးနေတယ်…
သူတို့ ဦးနှောက်တွေထဲမှာ…
ဘယ်လို..အလိုရမ္မက်မှ..စွန်းထင်း မနေကြတဲ့
အမှားတွေကိုမလိုချင်ခြင်း…အဖြူထည်သန့်သန့်တွေရှိတယ်…..
 
သူတို့မျက်ကြည်လွှာမှာ…..တော့
နိုးကြားတက်ကြွတဲ့….၊ ထက်မြက်ရဲရင့်တဲ့..
အနစ်နာခံခြင်း…စိတ်ရောင်ခြည်တွေ……၀င်းလဲ့..လို့………၊
 
သူ..တို့..လား….!!??
 
ကိုယ့်အညွန့်ကို ကိုက်ဖြတ်..ပြီး…
ဒီအလင်းကိုညှိဖို့…
ဘုရားသခင်ဖန်ဆင်းလွှတ်လိုက်တဲ့…….
 
“မီးအိမ်..တွေ..” ။

ဆွန်း

(ဒီမိုကရေစီတိုက်ပွဲ..အတွင်းတွင်..ကျဆုံးသွားခဲ့ရသော…၊ အကျဉ်းချခံနေကြရသော…ရဟန်း ရှင်လူအာဇာနည်အပေါင်းအား..ဦးညွှတ်  ဂုဏ်ပြု လျက်)

(Poem photo - http://blog.pcnews.ro/2007/04/23/heart-electra-red-glass-lamp)

No comments: