20 February 2009

Region of Nile River (BURMA POEM)


(Photo Title - Burma Girls)

`` နိုင်းမြစ်ဝှမ်း ´´

ဒုက္ခကို ရှာဖွေထုဆစ်ကြ
အီဂျစ်ဘုရင်တွေ နိုင်းမြစ်ဝှမ်းမှာ ။

ပိရမစ်ကြီးတွေကို ဖဲ့လိုက်ရင်
သွေးတွေ ထွက်လာမယ်
အံကြိတ်သံတွေ ထွက်လာမယ်
ကျိန်စာသံတွေ ထွက်လာမယ်
ပိရမစ်ကြီးတွေဟာ
ကျောက်တုံးတွေမဟုတ်ကြောင်း
ကျွန်တွေဖြစ်ကြောင်း
သုံ့ပန်းတွေဖြစ်ကြောင်း
လူသားတွေဖြစ်ကြောင်း
ဘ၀တွေဖြစ်ကြောင်း သိရှိလာမယ် ။

ဘ၀တွေဟာ
ပိရမစ်ကြီးမြင့်တက်လာဖို့
ကျောက်တုံးသက်သက်ဖြစ်ခဲ့ကြောင်း
သူတို့လွတ်လပ်မှုဟာ
ပိရမစ်ထဲက ကျောက်တုံးတွေလို
စားရတဲ့အစာဟာ
ကျောက်တုံးတွေရွေ့လျားဖို့
သိမိတဲ့စိတ်ဟာ
ကြာပွတ်ကိုကြောက်တတ်ဖို့ပဲလို့
စာနာစွာဖြင့်
ပိရမစ်ကြီးတွေက ပြောပြလာတယ် ။

ကျွန်တော်တို့ဟာ
လူ့စနစ်တစ်ခုရဲ့ ရလဒ်ဖြစ်ကြောင်း
အတိတ်တစ်ခုရဲ့ သဲလွန်စဖြစ်ကြောင်း
ကျွန်တော်တို့ဟာ ဘာမှ မဟုတ်ကြောင်း
ဒီဘာမှ မဟုတ်တာဖြစ်ဖို့ကိုပဲ
ဘ၀တွေ ထင်းဖြစ်ခဲ့ရ
ရင်ဘတ်တွေ မီးဖိုဖြစ်ခဲ့ရ
ဒါတွေဟာ
အနာကြီးထဲက ပေါက်ထွက်လာတဲ့
ပြည်တွေ ဖြစ်ကြောင်း
ပိရမစ်ကြီးတွေက ပြောပြလာတယ်... ။ ။

လူငြိမ်း

2 comments:

Anonymous said...

နိုင်းမြစ်၊ အီဂျစ်၊ ပိရမစ် ကိုဆိုချင်ရင်တော့ Nile River လို့ရေးရမယ် ထင်ပါတယ်။

Nyo Gyi, Don Nyo Gyi, Original Nyo Gyi said...

ဟုတ်ကဲ့။ Nile River ကို Nine River လို့ မှားရေးထားတာကို ပြင်လိုက်ပါပြီ။