11 October 2009

IDEAL LEADER by Masoeyein Sayadawgyi Badanta Yarza Dammã Biwuntha

စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်နှင့် ၂၀၁၀ ရွေးကောက်ပွဲကိစ္စအသံများ ဆူညံလာချိန်
မစိုးရိမ်အဓိပတိမဟာနာယကဆရာတော်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ၏
စံပြခေါင်းဆောင် (ဂဝေသီသုတ္တန်တရားတော်) စာအုပ်
ပြည်တွင်း၌ ထွက်ရှိ



မစိုးရိမ်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ


(Front Cover Of The Book)


(Back Cover Of The Book)



(Poem from the Book)

ယနေ့ လောလောဆယ် ဗမာ့နိုင်ငံရေးအခင်းအကျင်းတွင် စံပြခေါင်းဆောင်ကောင်းများ လိုအပ်လျက်ရှိရာ ဆရာတော်က မည်သို့မည်ပုံ စံပြခေါင်းဆောင်ကောင်းရွေးချယ်သင့်ပုံကို ဗုဒ္ဓဘုရားဟော ဂဝေသီသုတ္တန်မှ ထုတ်နုတ်ကာ ဟောညွှန်ပြထားခြင်းဖြစ်သည်။

ယခု စံပြခေါင်းဆောင် (ဂဝေသီသုတ္တန်တရားတော်)စာအုပ်ကိုထုတ်ဝေရာတွင် စစ်အဆိုးရ စာပေစိစစ်ရေး ကင်ပေတိုင်ဆင်ဆာအဖွဲ့ထံ  ထုတ်ဝေခွင့် တောင်းခံခြင်းမျိုး၊ ဖြတ်သန်းခြင်းမျိုးလည်း မရှိဘဲ မစိုးရိမ်တိုက်မူပိုင်အဖြစ် ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလအတွင်းက စိန်ခေါ်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

ယခုစံပြခေါင်းဆောင်စာအုပ်တွင်
၁။ ကောဇာသက္ကရာဇ် ၁၃၅၂-ခု (အာဏာသိမ်းစ စစ်အဆိုးရမှ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် ခရစ်နှစ်- ၁၉၉၀ ခုနှစ်ကာလ)၊ နှစ်ဆန်းတစ်ရက်နေ့၊ မန္တလေးမြို့၊ သာသနာပိုင်ရပ်ကွက်၊ ဆုတောင်းပြည့်ဓမ္မာရုံ၌ ဟောကြားခဲ့သော ဂဝေသီသုတ္တန်တရားတော်နှင့်
၂။ ၁၃၇၀- ခု(ခရစ်နှစ် - ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ)၊ သီတင်းကျွတ်လဆန်း (၇)ရက်နေ့၊ မစိုးရိမ်တိုက်သစ် အာစရိယပူဇော်ပွဲ၊ သြ၀ါဒကထာ
ဟူ၍ နှစ်ပိုင်းပါရှိသည်။

မစိုးရိမ်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တရာဇဓမ္မာဘိဝံသအနေနှင့် စံပြခေါင်းဆောင်စာအုပ်ကို ၂၀၀၇ စက်တင်ဘာနှစ်ပတ်လည်အဖြစ်လည်းကောင်း၊ ရွေးကောက်ပွဲအသံများ ဆူညံလာစ ယခုလိုအချိန်တွင် ပြည်သူများအနေဖြင့် စံပြခေါင်းဆောင်ကောင်းများ ရွေးချယ်တတ်စေရန်အတွက်လည်းကောင်း ထုတ်ဝေလိုက်ပုံရသည်ဟု စာအုပ်ကို ဖတ်မိသူများက သုံးသပ်လျက်ရှိသည်။

ယခုစာအုပ်ကို မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ကြီးမှ ဘ၀ပျိုးဥယျာဉ်စာကြည့်တိုက်တွင် လိုသလောက် ၀ယ်ယူရရှိနိုင်ပြီး ယခုအချိန်အထိ အလွန်တရာ ရောင်းအားကောင်းနေကြောင်းသတင်းရရှိသည်။       ။

(မှတ်ချက်။    ။ ယခုစာအုပ်ရေးသားထုတ်ဝေသော မစိုးရိမ်အဓိပတိမဟာနာယကဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသမှာ ပျံလွန်တော်မူသွားရှာပြီဖြစ်သည့် မစိုးရိမ်ဆရာတော်ဘုရားကြီး အရှင်ကောဝိဒါဘိဝံသ (သာသနာ့မောဠိ - အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် -  ပဓာနစေရ ဆရာတော် ဦးကောဝိဒါဘိဝံသ)၏ သာသနာ့လုပ်ဖော်ကိုင်ဖက် ရဲဘော်ရဲဘက်အရင်းတစ်ဦးဖြစ်ပါသည်။)

"စံပြခေါင်းဆောင်" စာအုပ်အမြည်းကို ဆက်လက်တင်ဆက်သွားပါမည်။
မျှော်...

No comments: