13 February 2010

Give AUNG SAN Back to Burma

ပြန်ပေးပါ


အဖေရေ ………………...

အသွေးလဲရင့် ၊ အသံလည်းရင့်တဲ့ အဖေ
ကျွန်တော်တို့ ပြည်သူတွေကို
သူ့ကျွန်အောက်က လွတ်ဖို့
ရဲရင့်တဲ့ ခွင်အားတွေပေးခဲ့တဲ့ အဖေ ။

အိမ်နံပါတ် ၂၀ ဒေါင်းနင်းလမ်း ဆိုတာ
အဖေ့ခြေလှမ်းတွေရဲရင့်ခဲ့တဲ့နေရာ ။

စည်းလုံးသော အင်းအားတွေဖြစ်ဖို့
ဖေဖဝါရီ ၁၂ ရက်ကို ဖန်တီးခဲ့တဲ့ အဖေ ။

ခေတ်တွေအပြောင်းမှာ
ကြက်ဆူရိုးနဲ့ သမိုင်းရေးတဲ့ကောင်တွေကြောင့်
အခုတော့
အဖေပေးခဲ့တဲ့ စစ်ပညာနဲ့
တလွဲဆံပင်ကောင်းနေလိုက်တာများ
ကျွန်တော်တို့ပြည်သူတွေရဲ့သွေးတွေ
ရဲပတောင်းကို ခတ်လို့ ။

တောင်တန်း မြေပြန့်
မကသေးဘူး
မြန့်မာ့မြေပုံကို တိတိပပ
ပုံဖော်ပေးခဲ့တဲ့ ၁၂ ဖေဖဝါရီ
ဖွတ်မေ့ မေ့လို့ ။

မြန်မာ့ရာဇဝင်မှာ
မဖျက်ကောင်းတဲ့ ၁၃ ဖေဖဝါရီ
အာဏာကို အငမ်းမရ
လုယက်နေတဲ့သူတွေကြားမှာ
ဘယ်မှာလဲ အဖေ့မွေးနေ့ ။

တစ်ခါတစ်လေတော့လည်း
ငါတို့အဖေဟာ
ရောင်းတန်းဝင် ပစ္စည်းဆန်ဆန်
ကျွန်တော်ရင်နာတယ် အဖေ ။

ဘာမှမဆိုင်တဲ့ စိန့်ဗာလင်တိုင်းရဲ့
၁၄ ဖေဖဝါရီကို ဇွတ်အတင်း
စည်ကားအောင် လုပ်တဲ့ကောင်တွေကို
မိစစ်ဖစစ် အော်ဟစ် ဆဲဆိုလိုက်ချင်တယ်

…………………………………၁၂ ၊ ၁၃

ငါ့ ဖေဖဝါရီကို ပြန်ပေးပါ ။ ။

BLACK

----------------------------
(သခင်အောင်ဆန်း၏ ဓာတ်ပုံကို အင်တာနက်မှ ရယူပါသည်)

2 comments:

Black said...

မိစစ်ဖစစ် အော်ဆဲလိုက်ချင်တယ် လို့ပြောချင်တာ ပါ ။
မိမစစ်ဖမစစ် ကောင်တွေကို မိစစ်ဖစစ်အော်ဆဲပြစ်မယ်လို့ ဆိုလိုချင်တာ ၊ မိစစ်ဖစစ်တွေကို လို့ ပြောတော့ သူတို့ကမိစစ်ဖစစ်ဖြစ်သွားမယ်

Nyo Gyi, Don Nyo Gyi, Original Nyo Gyi said...

ပြန်ပြင်လိုက်ပါပြီ။ ကျေးဇူးပါ။
စိတ်ဆိုးနဲ့နော်။ ချစ်လို့ လှအောင် လုပ်လိုက်တာ လက်လွန်သွားတယ်။
သတိရရင် ဖုန်းဆက်ပါ။