05 May 2011

3 years after Cyclone Nargis and "Poem+Music+Painting = Art NGO" from Burma

နာဂစ် (၃)နှစ်ပြည့်

ကဗျာ၊ သီချင်း၊ ပန်းချီ လူမှုကူညီသူများ မှတ်တမ်း(၁) ထုတ်ပြန်

၂၀၀၈ ခုနှစ်၊ မေလ နာဂစ်မုန်တိုင်းသင့်ဒေသများသို့ သွားရောက်ကူညီခဲ့ကြသည့် ကဗျာဆရာ၊ စာရေးဆရာ၊ သီချင်းရေးဆရာ၊ ပန်းချီဆရာများ စုစည်းထားသည့် "ကဗျာ၊ သီချင်း၊ ပန်းချီ လူမှုကူညီသူများ" အဖွဲ့သည် လူမှုကူညီရေးလုပ်ငန်းများကို ယခင်ကထက် ပိုမိုဆောင်ရွက်တော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အနုပညာ NGO အဖွဲ့သည် ၂၀၁၀ ခုနှစ်ကလည်း HIV, AIDS ဝေဒနာရှင်များထံသို့ (၂)ကြိမ်တိုင် သွားရောက်တွေ့ဆုံ၍ အလှူငွေများ၊ စာအုပ်စာတမ်းများပေးအပ်ခြင်း၊ သီချင်း သီဆို၊ ကဗျာရွတ်ဆိုခြင်းများဖြင့် အားပေးနှစ်သိမ့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းအဖွဲ့အစည်းအကြောင်း အသေးစိတ်ကို ပူးတွဲပါ Scan ပုံများမှာ ကြည့်ရှုနိုင်ပါသည်။

နာယကကြီးများ

ဒဂုန်တာရာ၊ မောင်မိုးသူ၊ လူထုစိန်ဝင်း၊ မောင်အောင်ပွင့်၊ ကိုရဲလွင်(မဇ္ဇျိမလှိုင်း)

ဦးဆောင်အဖွဲ့

ကွန်စစ်ကောင်း၊ ငြိမ်းသစ်၊ ကြည်မောင်သန်း၊ အောင်ဘညို၊ ကိုစံလင်း၊ တိုးလွင်(ဥတ္တရအလင်း)၊ ဟိန်းမြတ်ဇော်၊ ညီညီလွင်

ပြောရေးဆိုခွင့်ရှိသူ

ကွန်စစ်ကောင်း၊ ငြိမ်းသစ်၊ တိုးလွင်(ဥတ္တရအလင်း)

ဘဏ္ဍာရေးနှင့် စာရင်းစစ်

ငြိမ်းသစ်၊ ကွန်စစ်ကောင်း

ပြန်ကြားရေးနှင့် ဆက်သွယ်ရေး

အောင်ဘညို၊ ရာဇာထွန်း

ရန်ပုံငွေရှာကြံရေး

အောင်ဘညို၊ (ကို)စံလင်း၊ တိုးလွင်(ဥတ္တရအလင်း)၊ ဟိန်းမြတ်ဇော်၊ ညီညီလွင်

အလှူငွေနှင့် တစ်လတစ်ထောင်ကျပ် ပင်စိုက်အလှူငွေ လှူဒါန်းလိုသူများ၊ စာအုပ်လှူဒါန်းလိုသူများ ဆက်သွယ်ရန်
Phone Numbers to contact:

09-730 43753, 730 08011, 731 37790, 01-661349


From Poem + Song + Painting Art NGO


From Poem + Song + Painting Art NGO


From Poem + Song + Painting Art NGO

No comments: