02 December 2011

Life's Light NGO Will Go To Kachin State And Donate to Victims of Civil War

ဘ၀အလင်း ပရဟိတအသင်း
ကချင်ဒေသ စစ်ဘေးဒုက္ခသည်များအား သွားရောက်လှူဒါန်းမည်


From Peace

(၁၊ ဒီဇင်ဘာ၊ ၂၀၁၁) နေ့လည် ၁ နာရီ ၁၅ မိနစ်ခန့်က မန္တလေးမြို့၊ ၈၆ လမ်း၊ ၃၈ လမ်းထောင့်ရှိ ကင်းဝန်မင်းကြီးဘုန်းကြီးကျောင်းတိုက်မှာ ဘ၀အလင်းပရဟိတအသင်းမှ ဦးဥတ္တမသာရ (ဖုန်း- ၀၉-၂၀၃၅၉၃၆)က ဦးဆောင်ပြီး "ကချင်ဒေသ စစ်ဘေးဒုက္ခသည်များအား ကူညီလှူဒါန်းရေး" စာနယ်ဇင်းရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။

ဘ၀အလင်းပရဟိတက ဦးဆောင်ပြီး ကချင်ဒေသ စစ်ဒုက္ခသည်များအတွက် အလှူကောက်ခံနေရာ စုစုပေါင်း ကျပ်ငွေ သိန်း ၇၀ ကျော်ဖိုးနှင့် အ၀တ်အထည်များ၊ ဆေးဝါးများ၊ ကျောင်းသုံးပစ္စည်းများရရှိနေပြီဆိုပါတယ်။

ဘ၀အလင်းပရဟိတအသင်းအနေနဲ့ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ၊ ၃ ရက်နေ့မှာ နာရေးကူညီမှုအသင်း(ရန်ကုန်)၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့တို့နဲ့အတူ မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ စစ်ဒုက္ခသည်များကို ကူညီရန် ထွက်ခွာမှာဖြစ်ပါတယ်။

စစ်ဘေးဒဏ်သင့် ကချင်ပြည်နယ်ရောက်တဲ့အခါ အတူစုပေါင်းခရီးထွက်လာသော ပရဟိတအသင်းများအနေနဲ့ မိမိတို့လှူဒါန်းရန်သတ်မှတ်ထားသည့် အရပ်ဒေသများအသီးသီးသို့ သီးခြား သွားရောက်လှူဒါန်းကြမှာ ဖြစ်ကြောင်း သိရပါတယ်။

ညိုကြီး


------------------------------
From Peace

From Peace

လှူဒါန်းနိုင်သည့် နေရာများ


ဦးဥတ္တမသာရ - 09 2035936
ကင်းဝန်မင်းကြီးကျောင်းတိုက်၊ ဖန်ချက်တန်းကျောင်း၊ မန္တလေး။

ကိုပေါင်ချိန် (ခ) ကိုသက်ဦးမောင် - 09 2023218
စိမ်းရွှင်တောက်ပွဲရုံ၊ ကျောက်ဝိုင်းတိုက်တန်း၊ မန္တလေး။

ကိုတာတာ - 09 47133332
စိမ်းရွှင်တောက်ပွဲရုံ၊ ကျောက်ဝိုင်းတိုက်တန်း၊ မန္တလေး။

ကိုဇော်မင်းခိုင် - 09 2002024
စိမ်းနုဝါကျောက်မျက်ရောင်းဝယ်ရေး၊ မန္တလေး။

ကိုမြင့်သန်း - 09 2055755
အကွက်(၂၇၆)၊ ရှမ်းဝိုင်းရပ်၊ မန္တလေး။

5 comments:

Unknown said...
This comment has been removed by the author.
Unknown said...

စိန္တိတအ ကြောင်း သိကောင်းစရာ

Unknown said...

သည်လူကြီး အ ကြောင်း သေချာစုံစမ်းကြည့် ပါ

Unknown said...

သည်လူကြီး အ ကြောင်း သေချာစုံစမ်းကြည့် ပါ

Unknown said...

စိန္တိတကား မိန်းမများ နှင့် ပွေ။ကိုယ် ၀န်ဖျက်ချထား
အများ ရှေ့ရောက်မှ ကရုဏာဖောင်ဒေး။လူမှုကယ်
ဆယ်ရေးနဲ့ ။ အသံကောင်းဟစ် နေတယ်။အ ကြောင်းမသိသူတွေက. နင် ကို
အထင်ကြီးမှာပေါ့။