02 January 2012

Memorial Stone for Poet Hla Than

လှသန်း အမှတ်တရ ကျောက်တိုင်စိုက်ထူမှု အစီအစဉ်
၃၁၊ ဒီဇင်ဘာ၊ ၂၀၁၁
တောင်လေးလုံးကျောင်းတိုက်၊ တောင်သမန်၊ အမရပူရ။



အစီအစဉ်


အခမ်းအနားကို နံနက် ၉ နာရီကျော်က စတင်ကျင်းပ။
အခမ်းအနားမှူးအဖြစ် စာရေးဆရာ သင့်နော်က ဆောင်ရွက်။



၁။ ဆရာတော် ဦးပညာက ကဗျာဆရာများနှင့် ပတ်သက်ပြီး အမှတ်တရပြော။
၂။ ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)က မြန်မာကဗျာရာဇ၀င်နှင့် လှသန်းအကြောင်းပြော။
၃။ ကဗျာဆရာ ခင်အောင်အေး က လှသန်းကျောက်စာတိုင်လုပ်ဖြစ်ပုံအကြောင်းပြော။
၎။ စာရေးဆရာ ခင်အောင်ဝင့်က ယခုပွဲစီစဉ်မှုအကြောင်းပြော။
၅။ ကဗျာဆရာ ပိုင်စိုးဝေ က လှသန်းနဲ့ သူ၏ ပတ်သက်မှုပြော။
၆။ ဆရာကိုလေး(အင်းဝဂုဏ်ရည်)က နံနက် ၁၀ နာရီ ၃၆ မိနစ်၌ လှသန်းအမှတ်တရ ကျောက်တိုင်ကို တောင်လေးလုံးကျောင်းတိုက်ဝင်းအတွင်းရှိ သူဌေးဘုရားတောင်ဘက်တွင် စိုက်ထူဖွင့်လှစ်။
၇။ ဆရာပိုင်စိုးဝေနှင့် ခင်အောင်အေးတို့က ငှက် (၁၀)ကောင် အမှတ်တရ လွှတ်။
၈။ ကဗျာဆရာ မိုဃ်းဇော် က လှသန်းအကြောင်းအမှတ်တရပြော။
၉။ ကဗျာဆရာ မောင်နီဦး၊ ဥက္ကာကျော်၊ မော်မင်းသန်း၊ ခင်အောင်အေးတို့က လှသန်းကဗျာများ အမှတ်တရရွတ်။

From Hla Than


ယနေ့ပွဲကို ရန်ကုန်မှ ကဗျာဆရာများ၊ မန္တလေးနှင့်အနီးတ၀ိုက်မှ ကဗျာဆရာများ တက်ရောက်ခဲ့။

From Hla Than


အခမ်းအနားအပြီးမှာ တက်ရောက်လာသော ဧည့်ပရိသတ်အား ထမင်းဟင်းဖြင့် ဧည့်ခံကျွေးမွေးခဲ့။

ညိုကြီး

1 comment:

Khet Htan said...

လက်မရွံ့ကဗျာဆရာကြီးရေ ... လေထန်ကုန်းမှာတွေ့တော့ ... ခင်ဗျားကြီး ပြောတယ် ... ဘာမှ မမှာတော့ဘူး တဲ့ ... နောင်ဘဝမှာလည်း လက်မရွံ့နဲ့ ကဗျာဆရာကြီးရေ ...