18 September 2012

လူရွှင်တော်များသို့ အကြံပြုခြင်း


"လူရွှင်တော်များသို့ အကြံပြုခြင်း"


လူရွှင်တော်တွေအနေနဲ့
တစ်ခါလာလည်း မော်တော်ပီကယ်ကို ဟာသလုပ်
တစ်ခါလာလည်း မီးသတ်ကို ဟာသလုပ်
တစ်ခါလာလည်း လျှပ်စစ်မီးကို ဟာသလုပ်
တစ်ခါလာလည်း ကုန်ဈေးနှုန်းကြီးတာကို ဟာသလုပ်
တစ်ခါလာလည်း ဆေးရုံနဲ့ ဆရာဝန်တွေကို ဟာသလုပ်
တစ်ခါလာလည်း ကျောင်းဆရာ၊ ဆရာမတွေကို ဟာသလုပ်
တစ်ခါလာလည်း တစ်လုံး၊ နှစ်လုံး၊ သုံးလုံး၊ လေးလုံးကို ဟာသလုပ်
တစ်ခါလာလည်း မိန်းကလေးလိုဝတ်စားပြီး ဟာသလုပ်
တစ်ခါလာလည်း အဆိုတော်နဲ့ မင်းသား၊ မင်းသမီးတွေကို ဟာသလုပ်
တစ်ခါလာလည်း ....
ရိုးနေ အီနေပါပြီဗျာ
လုပ်စရာ သည်(ဒီ)လောက်မရှားပါဘူး
ဖဲ့ကြစမ်းပါ
ရွဲ့ကြစမ်းပါ
ကာတွန်းဆရာတွေကို အတုယူကြစမ်းပါ
ကွန်မြူနီကေးရှင်းရဲ့ အရေးပါပုံကို သတိရကြစမ်းပါ
မော်မီးလျှပ်ကုန်ဆေးရာလုံးမိန်းတော်မင်းကိုလည်း ဖဲ့နိုင်ကြသလို
နေညွန့်ရွှေအေးမန်းဆန်းရီဥလွှတ်တီကိုသာမက
လိုအပ်ရင် လိုအပ်သလို
သာပေါင်းညာလည်လိမ်လှည့်ယုတ်လုခြောက်စားတွေကိုလည်း ဖဲ့နိုင်ကြပါစေ
ဟာသဆိုတာမှာ...
အောက်လုံးလည်း အရေးပါသလို
အထက်လုံးလည်း အရေးပါပေရဲ့
သို့ကလို အဲ့သလိုသာ
ကြေညာမောင်းခတ်လိုက်ပါရစေငဲ့။


ညိုကြီး
https://www.facebook.com/nyogyi


(မှတ်ချက်။
တစ်ခါတစ်လေ လူရွှင်တော်တွေဟာ ကိုယ့်ပွဲလာကြည့်တဲ့ ပရိသတ်ကို ငဲ့ရတာတွေ၊ ပရိသတ်အမျိုးအစားပေါ် မူတည်ပြီး ပြက်ရတာတွေလည်း ရှိတတ်တာကို လက်ခံပါတယ်။)

No comments: