04 November 2012

နန်းခင်ဇေယျာနှင့် ရေကူးဝတ်စုံ

"နန်းခင်ဇေယျာနှင့် ရေကူးဝတ်စုံ"

ညီမရဲ့  ပြိုင်ပွဲဝင် ဝတ်စုံအပေါ် အမြင် အမျိုးမျိုးနဲ့ ဝေဖန်ကြတဲ့ အပေါ် ညီမမှာ ပြောစရာ တစ်ခုခုများ ရှိမလား။
(မင်းရန်နိုင်, Hello စာပေအနုပညာဂျာနယ်, Vol 4, Issue 3, Tuesday, 30, Oct, 2012)

ညီမ ဒီမှာနေကတည်းက ဘီကနီပုံစံမျိုးနဲ့ လူရှေ့ မှာ မချွတ်ဖူးခဲ့ဘူးပေါ့နော်။ ဒါပေမဲ့ ဒီပွဲကို ပြိုင်ရမယ်ဆိုကတည်းက ရေကူးဝတ်စုံနဲ့ ပြိုင်ရမယ်ဆိုတာ သိခဲ့တယ်။ အဲဒီမှာ ညီမ နည်းနည်းလုံမယ့် ရေကူးဝတ်စုံကို စဉ်းစားခဲ့တယ်။ ဒါပေမဲ့ ပြိုင်ပွဲစည်းမျဉ်းထဲမှာ အရှက်လုံရုံ အပေါ်တစ်ထည် အောက်တစ်ထည်နဲ့ ပြိုင်ရမယ်ဆိုတော့ မြန်မာနိုင်ငံမှာလည်း ဒါက ရောင်းတာမဟုတ်ဘူးလေ။ အဲတော့ ညီမမှာ ရေကူးဝတ်စုံအတွက် တော်တော်ရှာပြီး ဗီယက်နမ်မှာ ဝယ်ခဲ့ရတယ်ပေါ့နော်။ အဲဒါနဲ့ ပြိုင်ခဲ့ရတယ်။ ပြိုင်ပွဲမှာ ၃ ရက်ရောက်ပြီး ၄ ရက်မြောက်မှာ ဓာတ်ပုံရိုက်ခဲ့ရတယ်။ ကင်မရာချိန်တဲ့အချိန်မှာ တစ်ခါမှလည်း မဝတ်ဖူးဘူး။ ဒီလို ပုံစံနဲ့လဲ မရိုက်ခဲ့ဖူးတော့ ယုံကြည်မှုမရှိဘူးပေါ့။ ဒါပေမဲ့ ဒါပြိုင်ပွဲဝင်နေတာပါလား ဆိုတဲ့ အတွေးနဲ့ ငါမဟုတ်တာ လုပ်တာမဟုတ်ဘူး။ လူတိုင်းဝတ်ရတာဆိုတဲ့ ခံယူချက်နဲ့ ညီမ ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွနဲ့ ဓာတ်ပုံရိုက်ခဲ့ရတယ်။
(နန်းခင်ဇေယျာ)

No comments: