07 April 2014

အထက်က လာတာ



"အထက်က လာတာ"

အောက်အကြေအညာအထက်မြေလတ်က လာတာ ဆိုတဲ့သဘောကို ပြောတာမဟုတ်ပါ။ ကိုယ်လုပ်ချင်တာလုပ်ပြီးရင် ဒါ(ဒီအမိန့်) အထက်ကလာတာ ဆိုတာမျိုး။ ဒီလို မဟုတ်မဟတ် လုပ်ရပ်တွေကို တကယ်လည်း အထက်က သဘာတူ မျက်စိမှိတ် ချပေးတယ် ဆိုတာမျိုးပေါ့။ တကယ်တော့ အထက်ဆိုတာ ရယ်စရာပြောရရင် ဦးသန်းရွှေရဲ့အထက်မှာ ဒေါ်ကြိုင်ကြိုင်ရှိတယ်ဆိုတာမျိုး, ဒေါ်ကြိုင်ကြိုင့်အထက်မှာ နတ်ဆရာတွေရှိတယ်ဆိုတာမျိုး, နတ်ဆရာတွေရဲ့အထက်မှာ အင်အားကြီးနိုင်ငံတွေရှိတယ် ဆိုတာမျိုး ... ဒီဒိုင်ကြောင်တွေက ရိုးနေပါပြီ။ တကယ်တော့ တွေးသမျှ ကြံသမျှ ပြောသမျှ ဆိုသမျှ လုပ်သမျှ ကိုင်သမျှဟာ တစ်ဦးချင်းစီရဲ့ စေတနာအပေါ်မှာသာ အခြေခံပါတယ်။ ဘာစေတနာလဲ။ အထက်က လာတဲ့စေတနာလား။ အောက်က လာတဲ့စေတနာလား။ အထက်ဆိုတာကတော့ ကိုယ်အထက်စီးရရေး မိမိအသာစီးရရေး အတ္တကောင် ကြီးထွားသန်စွမ်းရေးပါပဲ။ အောက်ဆိုတာကတော့ တကယ့်ကို ထိုက်သင့်တဲ့လုပ်ခလစာထက် ပိုမယူဘဲ အများပြည်သူသာယာဝပြောရေးကို ရှေ့ရှုတာပါပဲ။

ကဲ။ ခင်ဗျား အထက်က လာတာလား။ အောက်က လာတာလား။ ???

အလယ်က ညို ကြီး

(Photo by Nyo Gyi)

No comments: