07 September 2014

Toe Lwin (Ottara Ah Lin) sings his song, "Nyein Chan Gya Par Sae" with Zero Color Music Band (Video & Lyrics)

တိုးလွင်(ဥတ္တရအလင်း)က ၄င်းကိုယ်တိုင်ရေးစပ်သီကုံးထားသည့် "ငြိမ်းချမ်းကြပါစေ" သီချင်းအား ပဲခူးရေဘေးသင့်ပြည်သူများအတွက် အလှူခံနေသော Zero Color ပရဟိတ တေးဂီတအဖွဲ့နှင့်အတူ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၌ သီဆိုနေစဉ် (၁၆-၈-၂ဝ၁၄)

(Nyo Gyi ညိုကြီး ရိုက်ကူးသည်)



" ငြိမ်းချမ်းကြပါစေ "

ရေး/ဆို - တိုးလွင် (ဥတ္တရအလင်း)

အချင်းချင်းတွေကွဲ့ စစ်မဖြစ်ကြနဲ့ ရှေးရှေးကထက် ပိုချစ်ကြလေ ...

C F C G C F C G C

ဒါဒို့ပြည် ဒါဒို့ရဲ့မြေ တိုင်းရင်းသားတို့ အကုန်စင် ပိုင်တဲ့မြေ...
အချင်းချင်းတွေကွဲ့ စစ်မဖြစ်ကြနဲ့ ရှေးရှေးကထက် ပိုချစ်ကြလေ...

တန်းတူညီမျှ လူ့အခွင့်အရေးတွေ ညီတူညီမျှစေ
တောင်ပေါ်မြေပြန့် မခွဲခြားနဲ့တော့လေ...
ကချင် ကယား ကရင် ချင်းနဲ့ ဗမာ မွန် ရခိုင် ရှမ်း...
ရှေးရှေးကထက် ပိုချစ်ကြလေ...

ပြည်တွင်းစစ်ရဲ့ မီးကြောင့် ဒို့ ညီကို မောင်နှမတွေ ...
အော်ဟစ်ပြေးလွှား သေကြေပျက်စီးနေ...
ခလေးလေးတွေနဲ့ အဘိုးအဘွားမိဘတွေ
ငြိမ်းငြိမ်းချမ်းချမ်း ငြိမ်းချမ်းကြပါစေ...

No comments: